မုန်တိုင်းသင့် ရက္ခိုင်ပြည်သူအများစု အိုးမဲ့အိမ်မဲ့နီထိုင်နီကတ်ရဆဲ

By Arakan Princess Media / 2023 July    9

Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခသည်မှာ တလကျော်ကြာလာသည့်တိုင် ရက္ခိုင်ဟိ မုန်တိုင်းဒဏ်သင့်ဒေသခံအများစုမှာ ပြိုပျက်လားသည့် နီအိမ်များကို မပြုပျင်နိုင်သိမ့်ဘဲ လက်ဟိအချိန်ထိ အိိုးမဲ့အိမ်မဲ့ နီထိုင်နီကတ်ရဆဲဖြစ်ကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကို အဓိက ခံစားခရသည့် မြို့နယ်များဟိ ကျေးရွာအများစုတွင် နီအိမ်လုံးဝပြိုပျက်လားသူများမှာ ပြန်လည်ဆောက်လုပ်နိုင်ခြင်းမဟိဘဲ အိုးမဲ့အိမ်မဲ့ဖြစ်နီကတ်ရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

အမိုးအကာပစ္စည်းနန့်အိမ်ဆောက်ပစ္စည်းများမှာအလွန်တရာဈီးကြီးနီ၍ ဒေသခံအများစုမှာ နီအိမ်များ ပြန်ပျင်ရန်ငွေကြေးမတတ်နိုင်သည့်အပြင် အကူအညီရဟိမှုလေ့ နည်းပါနီသည့်အတွက် နီထိုင်စားသောက်ရီးခက်ခဲဖြစ်နီရသည်ဟု ဆိုသည်။

မိုးရာသီကို ရောက်လာ၍ နီအိမ်များကို အချိန်မီပြန်လည် မပြုပြင်နိုင်ပါက ကျန်းမာရီးနန့်လူမှု စီးပွားဘဝကို ဆိုးဝါးစွာထိခိုက်နိုင်သည်။

မေလ ၁၄ ရက်နိတိုက်ခိုက်ခသည့် ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်တပြည်လုံးအတိုင်းအတာနန့် အိမ်ခြီပေါင်း ၂၁၆,၆၈၁ လုံးပျက်စီးခကာ ဒေသခံ တသန်းကျော် ထိခိုက်နစ်နာခရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA၏ ပြောဆိုချက်အရ သိရသည်။

https://www.facebook.com/photo/?fbid=298067905951504&set=a.188138466944449

Leave a Reply

Your email address will not be published.