မုန်တိုင်းဒဏ်သင့် င/ပြီကျွန်းဒေသတွင် မိုးရာသီရောက်ကေလေ့ သောက်သုံးရီ အခက်အခဲဖြစ်နီတုန်း

By Arakan Princess Media / 2023 July    14

မေ ၁၄ ရက်နိက ဝင်ရောက်ခသည့် Moch ဆိုင်ကလုန်းမုန်တိုင်းကြောင့် တကျွန်းနီးပါးပျက်စီးလားခရသည့် ပေါက်တောမြို့နယ် ၊ င/ပြီကျွန်းဒေသတွင် မိုးတွင်းရောက်လာကေလေ့ အဂုအချိန်ထိ သောက်သုံးရီ အခက်အခဲကြုံနီရတုန်းဖြစ်ကြောင်း ရွာသားများပြောကြားချက်အရ သိရသည်။

င/ပြီကျွန်းဒေသတွင် ကျေးရွာ ၃ ရွာနန့် သောက်ရီသုံးရီကန်ပေါင်း ၁၀ လောက်ဟိပြီး မုန်တိုင်းကြောင့် ရီကန်များအားလုံးပျက်စီးကာ သောက်ရီပြသာနာကို အဓိက ရင်ဆိုင်နီရကြောင်း ရွာသားများကပြောသည်။

ယင်းသို့ ရီကန်များအသုံးပြုမရ၍ သောက်ရီအတွက် မိုးရီကိုအားထားနီကတ်ရပြီး ရက်တာရှည်မိုးမရွာလျင် မြစ်တဖက်ကမ်းဟိတခြားကျေးရွာများမှ ဘုတ်၊ စက်လှီများဖြင့် လားရောက်ခပ်ယူနီကတ်ရသည်။

ယင်းအပြင် သုံးရီအတွက်လေ့ မသန့်ယှင်းသည့် ကန်ရီ ၊ ဆားငန်ရီများကိုရာ အသုံးပြုနီကတ်ရပြီး၊ နောက်ဆက်တွဲအနီနန့် အရီပြားယားယံခြင်းများနန့် တခြား မကျန်းမမာမှုများ ဖြစ်ပေါ်လာကြောင်းလေ့ ဒေသခံများက ဆိုကတ်သည်။

င/ပြီကျွန်းဒေသသည် စစ်တွေမြို့နယ်နန့် ပေါက်တောမြို့နယ်ကြား ကုလားတန်မြစ်ဝတွင် တည်ဟိပြီး ကျွန်းပေါ်၌ ကျေးရွာ သုံးရွာပေါင်း အိမ်ခြီ ၅၃၀ ကျော်နန့် လူဦးရေ ၃၁၄၃ ယောက် နီထိုင်ကြောင်း သိရသည်။

https://www.facebook.com/arakanprincessmedia1/posts/300981468993481

Leave a Reply

Your email address will not be published.