By Arakan Princess Media / 2023 July 29

ဒေနိ(ဂျူလိုင် ၂၉ရက်)နိ၊ ညဇာ ၇နာရီ တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်ပြင်တွင် မုတ်သုံလီအားကောင်းမှုကြောင့် ဂျူလိုင် ၃၀ရက်နိအထိ ရက္ခိုင်ပြည်အပါအဝင် ဒေသတချို့၌ မိုးကြီးမည်ဖြစ်ကြောင်း မိုးလီဝသနန့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုး/ဇလ၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနန့် ယင်းနန့်ဆက်စပ်လျက်ဟိသည့် အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြီရို့တွင် ဖြစ်ပေါ်နီသည့် လီဖိအားနည်းရပ်ဝန်းကြောင့် ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလီအား ကောင်းနီရာမှ အားအလွန်ကောင်းနီသည်ဟု ဆိုသည်။
အဆိုပါမုန်သုန်လီအားကောင်းမှုကြောင့် ရက္ခိုင်ပြည်နန့် စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်ပြည်စသည့်ဒေသများတွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သည်ဟုဆိုသည်။
အလားတူ မကွေး၊ မန္တလေး၊ သျှမ်းပြည်(မြောက်ပိုင်း)၊ ကရင်နီပြည်၊ တနင်္သာရီ၊ ကရင်ပြည်နန့် မွန်ပြည်ရို့တွင် ဒေသအလိုက် နီရာစိပ်စိပ်နန့် နီရာအနှံ့အပြား မိုးရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးကြီးမှုနန့်တတူ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် မိုးသက်လီပြင်းများကျရောက်ပြီး ရီပြင်/မြီပြင် လီသည် တနာရီကို ၃၅မိုင်မှ မိုင် ၄၀အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ပေမှ ၁၁ ပေလောက်အထိ မြင့်တက်နိုင်ကြောင်း မိုး/ဇလက ဆိုသည်။
https://www.facebook.com/arakanprincessmedia1/posts/308361561588805