မိုင်းလားတွင် ရက္ခိုင်လူငယ် အသုဘသို့ လားသည့်  ရက္ခိုင် ၂  ဦးကားတိုက်မှုဖြစ်၍ ပွဲချင်းပြီး သီဆုံး

သျှမ်းပြည်၊ မိုင်းလားမြို့တွင် ဂျူလိုင် ၂ ရက်နိက ရက္ခိုင်လူငယ်တဦး၏ အသုဘသို့လားရောက်သည့် ရက္ခိုင် ၂  ဦးမှာ လမ်း၌ ကားတိုက်မှုဖြစ်၍ ပွဲချင်းပြီးသီဆုံးလားကြောင်း သိရသည်။

ကားတိုက်မှုဖြစ်စဉ်အတွင်းသီဆုံးလားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ပဲသူနန်းရွာမှ ဒေါ်ရွှီမိုး(၄၅နှစ်) နန့် ဘုရားကြီးရွာမှ ဦးကျော်ညွန့် (၅၄နှစ်)ရို့ဖြစ်ကတ်သည်။

ယင်းကားတိုက်မှုဖြစ်စဉ်အတွင်း နောက်ထပ် ဗမာလူမျိုး တဦးလေ့ ပွဲချင်းပြီးသီဆုံးလားခရသိမ့်ကြောင်း သိရသည်။

ဂျူလိုင်  ၂ ရက်နိညဇာက နှလုံးအမောဖောက်ကာ သီဆုံးလားခသည့် ရက္ခိုင်လူငယ် တဦး၏ အသုဘသို့ ၎င်းရို့အပါအဝင် လူ ၁၅ ဦးစု၍ သုံးဘီး တစီးဖြင့်လားရောက်စဉ် မိုင်းမနန့် မိုင်းလားအဝင်လမ်းတွင် နောက်မှကားတစီးဝင်တိုက်မိကြောင်းဆိုသည်။

အဆိုပါ ကားတိုက်မှုကြောင့် ဒေါ်ရွှီမိုးနန့် ဦးကျော်ညွန့်ရို့မှာ ပွဲချင်းသီဆုံးခရပြီး နောက်ထပ်လူ ၁၂ ဦး မှာလေ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရလားကြောင်း သိရသည်။

လက်ဟိတွင် ပြင်းထန်ဒဏ်ရာရဟိသူများထဲမှတချို့မှာ မိုင်းလားမြို့ မြန်မာ-တရုတ်ချစ်ကြည်ရီးဆီးခန်းနန့်  မြမင်္ဂလာဆီးခန်းရို့၌ ခွဲစိပ်ကုသမှုခံယူနီရပြီး ငွေကြေး အခက်အခဲကြုံနီကတ်ရကြောင်းသိရသည်။

https://www.facebook.com/arakanprincessmedia1/posts/295173426240952

Leave a Reply

Your email address will not be published.