မိုခါမုန်တိုင်းကိုအန်တုံ့ရှင်သန်ခဲ့တဲ့ မယူတောင်ခြေကအဖိုးအို

By Border News Agency / 2023 July   25

ရခိုင်မှာ ပြီးခဲ့တဲ့မေလ ၁၄ရက်နေ့က တိုက်ခဲ့တဲ့မိုခါမုန်တိုင်းကြောင့် မြို့နယ်အများစုပျက်စီးသွားခဲ့ရပါတယ်။

အဲဒီမုန်တိုင်းကြောင့် လူတွေရာနဲ့ချီပြီး သေဆုံးခဲ့ကြသလိုပျက်စီးဆုံးရှုံးမှုတွေလည်းများပြားခဲ့ပါတယ်။

အဲဒီလိုပျက်စီးဆုံးရှုံးမှုတွေထဲမှာ ဘူးသီးတောင်မြို့နယ်လည်းပါဝင်ခဲ့သလိုအဲဒီကသေခံပြည်သူတွေဟာလည်း မုန်တိုင်းဒဏ်တွေကိုအလူးအလဲခံခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်ခြေအနီးမှာ ဒိုင်းနက်လူမျိုးတွေနေထိုင်တဲ့ ဇင်းခါမကျေးရွာတည်ရှိပါတယ်။

အဲဒီကျေးရွာက အသက် ၇၅ နှစ်ကျော်အရွယ်အဖိုးအိုတစ်ဦးဟာ သူ့ဘဝမှာ မိုခါလိုပြင်းထန်တဲ့မုန်တိုင်းကို တခါမှမတွေ့ကြုံခဲ့ဖူးလို့ ဆိုပါတယ်။

သူဟာ လေမုန်တိုင်းရှိတယ်လို့သိပေမယ့် ဒီလောက်ထိပြင်းမယ်လို့မထင်တာကြောင့် ဘေးလွတ်ရာသို့မရှောင်ဘဲ မိမိနေအိမ်မှာသာနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မုန်တိုင်းတိုက်လာတဲ့အခါ လေတွေဟာ တအားပြင်းထန်လာတာမို့သူ့နေအိမ်ကိုစွန့်ခွာပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခိုလှုံခဲ့ရတယ်လို့ ပြောပြပါတယ်။

မုန်တိုင်းတိုက်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းကနေ ထွက်ကြည့်လိုက်တော့ကျေးရွာတစ်ခုလုံးပြိုပျက်နေတာကိုတွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာမှာ ၉၀ ရာခိုင်နှုန်းခန့်ပြို ပျက်သွားခဲ့သလို သူတစ်ဦးတည်းနေ ထိုင်တဲ့တဲအိမ်လေးလည်း တစစီပြို ပျက်သွားခဲ့တယ်လို့ ပြောပြပါတယ်။

အဲဒီနေအိမ်လေးကို ပြန်လည်မတည်ဆောက်နိုင်တာမို့ မြေးတွေရဲ့အိမ်မှာသာနေထိုင်နေရတယ်လို့ ဆိုပါတယ်။

သူအတွက်တော့ ယာယီနေထိုင်ရေးအဆင်ပြေသွားပေမယ့် စားသောက်ရေးအတွက်တော့ ပူပန်နေတယ်လို့ ရှင်းပြပါတယ်။

သူဘဝရှင်သန်ရပ်တည်ဖို့ စုဆောင်းထားတဲ့ ဆန်စပါးတွေ မုန်တိုင်းကြောင့် အကုန်ပျက်စီးသွားခဲ့တာမို့ စားသောက်ရေးအခက်အခဲတွေကို စိုးရိမ်ပူပန်နေရတာလို့ ဆိုပါတယ်။

ရခိုင်မှာတော့ သူအပါအဝင် မုန်တိုင်းဒဏ်ကိုရင်ဆိုင်ကြုံတွေ့ခဲ့ကြရသူတွေအားလုံး ကူညီထောက်ပံ့မှုတွေကို မျှော်လင့်နေကြဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။

ရခိုင်က မုန်တိုင်းသင့်ပြည်သူတွေအတွ က် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတွေကို စစ်ကောင်စီကတားမြစ်ကန့်သတ်ထားတ ယ်လို့ ရခိုင်ပြည်သူတွေနဲ့အရပ်ဖက်အ ဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ရခိုင်က မုန်တိုင်းသင့်ပြည်သူတွေဟာ စားဝတ်နေရေးတွေခက်ခဲနေကြပြီးအမိုးအကာအောက်သို့အပြည့်အဝမရောက်ကြသေးဘူးလို့လည်းဆိုကြပါတယ်။

ရခိုင်က မိုခါမုန်တိုင်းဒဏ်ကို ခံခဲ့ကြရတဲ့ လူဦးရေတစ်သန်းခွဲကျော်အတွက်လူသားချင်းစာနာထောက်ထားရေးအ ကူအညီတွေ ပေးခွင့်မရကြသေးဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိ နှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)က ဇူလိုင်လ ၁၉ ရက်နေ့ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/watch/?v=1623636078122534

Leave a Reply

Your email address will not be published.