By Border News Agency / 2023 July 5
ရသေ့တောင်မြို့နယ်၊မယူကမ်းဒေသရှိ မယူတောင် ခြေအနီးက ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရတာမို့ ကျေးလက်ကျန်းမာရေးဌာန၊ဆေးပေးခန်းတွေ၊ကျန်းမာရေးဝန်ထမ်းတွေချပေးပြီးကျန်းမာရေးစောင့်ရှောင်ပေးဖို့ ဒေသခံပြည်သူတွေ တောင်းဆိုနေကြပါတယ်။
အဲဒီကျေးရွာတွေမှာ ဆေးပေးခန်းတွေမရှိတာမို့ အ ရေးပေါ်ကျန်းမာရေးပြဿနာကြုံလာရင် ခရီးလမ်းကြမ်းတမ်းမှုဒဏ်ကိုဖြတ်ကျော်ပြီး စေတီပြင်တိုက်နယ်ဆေးရုံသို့ သွားရောက်ကုသရပါတယ်။
အဲဒီလိုကျန်းမာရေးမကောင်းတဲ့လူနာတချို့ဟာ လမ်းခရီးကြမ်းတမ်းမှုဒဏ်ကိုမခံနိုင်တဲ့အတွက် လမ်းမှာပဲအသက်သေဆုံးသွားခဲ့ရတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမယူတောင်ခြေအနီးရှိ ချွတ်ပြင်၊ပိတောက်မြိုင်၊ပြင်ရှည်၊သဇင်မြိုင်စတဲ့ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ ဆေးပေးခန်းတွေမရှိတာဖြစ်ပါတယ်။
အဲဒီအပြင် ကျန်းမာရေးဝန်ထမ်းတွေလည်းမရောက်ရှိတာကြောင့် ဒေသခံပြည်သူတွေဟာ ကျန်းမာရေးအတွက်တောဆေး၊တောင်ဆေးတွေကိုပဲ အဓိက မှီဝဲနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် ကျေးရွာတွေမှာ ဆေးပေးခန်း ဒါမှမ ဟုတ် ကျန်းမာရေးဝန်ထမ်းတွေချထားပေးဖို့ ဒေသ ခံတွေတောင်းဆိုနေကြပါတယ်။
အဲဒီလိုကျန်းမာရေးစောင့်ရှောက်မှုလို အပ်ချက်တွေကို ပိတောက်မြိုင်ကျေး ရွာမှ ဒေါ်ညိုယေက ခုလိုပြောပြပါတယ်။
အဲဒီကျေးရွာတချို့မှာ ဆေးပေးခန်းရှိပေမယ့်လည်း သူနာပြုဆရာမတွေဟာ တစ်လ၊နှစ်လကြာမှ တခါက ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ ရောက်လာတက်ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မိုခါမုန်တိုင်းအလွန်း ကျန်းမာရေးပြဿနာကို ဒေ သခံအများစုကြုံတွေ့နေကြရသလို မိုးရာသီမှာ ကျန်း မာရေးပြဿနာတွေကိုပိုပြီးခံစားကြုံတွေကြရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီကျေးရွာတွေကို ကျန်းမာရေးဝန်ထမ်းတချို့လာရောက်ကုသပေးကြတာတွေရှိပေမယ့် ဆရာဝန်တွေမပါလာတာမို့ ကျန်းမာရေးစောင့်ရှောင်မှုအလုံအ လောက်မရကြဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် တခြားဒေသက ဆေးရုံ၊ဆေးပေးခန်းတွေကို တကူးတကသွား ရောက်ကုသနေကြရတယ်လို့လည်း ဆိုကြပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က ဆေးရုံပေါင်း ၇၀ ရှိပြီး ဆရာဝန်အင်အား ၂၃ ၀ ကျော်သာရှိတယ်လို BNAက စုံစမ်းသိရှိရပါတယ်။
ရခိုင်မှာ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်သလိုအခြေခံကျန်းမာရေး အဆောက်အဦးတွေလ ည်းမလုံလောက်တာမို့ ဒေသခံပြည်သူတွေဟာလ ည်း လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောင်မှုတွေမရကြဘူးလို့ ဆိုကြပါတယ်။