ဘူးသီးတာင်မြို့နယ်မှ မုန်တိုင်းသင့် ကျေးရွာတချို့၌ ULA/AA က ဘာသာလူမျိုးမရွီး ဆီးကုသပီးလျက်ဟိ

By Arakan Princess Media / 2023 July    18

Photo – Cyclone Mocha ERRCA

အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီးဝန်ထမ်းများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ဆီးဝန်ထမ်းတပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်ဟိ မုန်တိုင်းသင့် အာရက္ခပြည်သူများအား ဘာသာလူမျိုးမရွီး နိစဉ်ရက်ဆက် ဆီးကုသပီးလျက်ဟိကြောင်းသိရသည်။

ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်း မုန် တိုင်းကြောင့်  ဘူးသီးတောင်မြို့နယ်မှ ရပ်ရွာများအပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့/ရွာအများအပြားပျက်စီးပြီး အာရက္ခပြည်သူအများအပြား မုန်တိုင်းဒဏ်သင့်ခခရသည်။

အဆိုပါ မုန်တိုင်းသင့်ဒေသအများစုဟိ ဒေသခံတချို့မှာ မုန်တိုင်းတိုက်ပြီးနောက်ပိုင်း သောက်သုံးရီကန်များ ဆားငန်ရီဝင်ရောက် လား၍ မသန့်ယှင်းသည့်ရီကိုသောက်သုံးနီကတ်ရကာ ဝမ်းရောဂါ၊ အရီပြားရောဂါစသည့်ရောဂါ ဖြစ်ပွားမှုများ ဟိနီသည်။

ယင်းကျေးရွာများသို့ အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီးဝန်ထမ်းများ၊ ULA/AA ဆီးဝန်ထမ်းတပ်ဖွဲ့ဝင်များက ကိုယ်တိုင်ကိုယ်ကျလားရောက်ဆီးကုသပီးလျက်ဟိသည်။

ယင်းအပြင် စားနပ်ရိက္ခာများနန့် တခြား အရေးပေါ်အကူအညီများလေ့ ULA/AA ဦးဆောင်သည့်အာရက္ခပြည်သူ့အစိုးမှ ကူညီထောက်ပံ့ပီးလျက်ဟိကြောင်း သိရသည်။

မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာရက္ခပြည်သူ ၁၆၄ ယောက် သီဆုံးခကာ အာရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခရကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထားရီးကော်မတီ(Cyclone Mocha ERRCA)က ထုတ်ပြန်ထားသည်။

https://www.facebook.com/arakanprincessmedia1/posts/302753442149617

Leave a Reply

Your email address will not be published.