ဘင်္ဂလားဒေ့ရှ်ရဲတွေက ဒုက္ခသည်ဆိုင်တွေကိုဖြိုဖျက်ပြီး ရိုက်နှက်တာတွေပြုလုပ်

By Border News Agency / 2023 July   21

(ဓာတ်ပုံ-စျေးဆိုင်ခန်းတွေကို ဖြိုဖျက်နေစဥ်/BNA

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊အူခီ့ယားမြို့ နယ်ရှိ ဒုက္ခသည်စခန်းအ မှတ်(၁ အရှေ့)၊လာမ်ဘာချီးယားမှာ ဇူလိုင်လ ၂၀ ရက်၊မနေ့က နေ့လယ် ၁၂ နာရီအချိန်ခန့်က စခန်းတာ၀န်ခံ၊အေပီဘီအန်ရဲတပ်ဖွဲ့၀င်တွေက လာရောက်ပြုလုပ်ခဲ့ကြတာလို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီသုံးလမ်းဆုံသို့လာရောက်ပြီး ဒုက္ခသည်တွေရဲ့ဆိုင်တွေကိုဖျက်စီးခဲ့ကြသလို ဒုက္ခသည်တချို့ကိုလည်ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် စေတနာ့၀န်ထမ်းတစ်ဦးကိုလည်း မဟု တ်မမှန်ပုဒ်မတပ်အမှုစွဲခဲ့ပါတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

“စခန်းတာ၀န်ခံနဲ့အေပီဘီအန်ရဲတပ်ဖွဲ့ ၀င်တချို့ကျနော်တို့သုံးလမ်းခွဆုံကို မနေ့ကနေ့လယ်မှာရောက်ရှိခဲ့ပါတယ်။ရောက်ရောက်ချင်းကျနော်တို့အိမ်ဆိုင်တွေကို ဖြိုဖျက်ခဲ့ပါတယ်။ကျနော့်ဆိုင် အပါအ၀င် အိမ်ဆိုင်ခန်း၂၀ကျော်ပြို ပျက်ခဲ့ပါတယ်။”လို့ သုံးလမ်းခွဆုံနေ အိမ်ဆိုင်ရှင်ပိုင်ရှင်တစ်ဦးက BNAသို့

ပြောပါတာ်။

အဲဒီလိုဖြိုဖျက်နေတာကိုတားဆီးတဲ့ဆိုင်ပိုင်ရှင်တ ချို့ကိုရိုက်နှက်လို့ ဆေးကုသမှုခံယူနေရသူတွေလ ည်းရှိသလို ဖမ်းဆီးအမှုဖွင့်စစ်ဆေးခံနေရသူတွေ

လည်းရှိတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

”ဆိုင်တွေဖျက်စီးနေချိန် ကျနော့်တို့ရဲ့အိမ်ကိုပါဖျက်စီးခဲ့ပါတယ်။အိမ်ကိုမဖျက်ပါနဲ့။ဒီဟာအိမ်ပါ။ဆိုင်မဟုတ်ပါလို့ပြောလို့ ရဲတွေက ရိုက်ပါတယ်။”လို့ ဒု က္ခသည်တစ်ဦးက BNA သို့ပြောပါတယ်။

အဲဒီလိုရိုက်နှက်ခံရလို့ ဒုက္ခသည်တစ်ဦးဆေးကုသမှုခံယူနေရသလို တစ်ဦးကိုတော့ ပုဒ်မတွေတပ်ပြီး အ မှုစွဲထားတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီလိုအမှုဖွင့်တရားစွဲဆိုခံထားရသူဟာ UNHCR Protectionမှာစေတနာ့၀န်ထမ်းအဖြစ်လုပ်ကိုင်ဆောင်ရွက်သူဖြစ်တယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

”သူက စေတနာ့၀န်ထမ်းဖြစ်တဲ့အတွက် CICနဲ့ရဲတွေရဲ့မတရားမှုတွေပေါ်မှာကိုစိုးရိမ်ကြတယ်။ဒါကြောင့် CICနဲ့ရဲတွေပူးပေါင်းလို့ မတရားစွပ်စွဲပြီး ဖမ်းကြတာပါ။”လို့ ဒုက္ခသည်တစ်ဦးက BNA သို့ပြောပါတယ်။

အရင်တုန်းကလည်း UNHCR Protection စေတနာ့ ၀န်ထမ်းသုံးဦးကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးထောင်ချခဲ့ဖူးတယ်လို့ ဒုက္ခသည်တွေက ရှင်းပြကြပါတယ်။

အဲဒီဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက တ ရားဝင်အလုပ်လုပ်ခွင့်တွေမပေးသလိုလွတ်လပ်စွာသွားလာခွင့်တွေမပေးတာမို့ ဒုက္ခသည်တွေဟာ အ ခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအရင်ဒုက္ခသည်တွေမြန်မာပြည်သို့ပြန်ရေးအ တွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကဖိအားပေးပြု လုပ်နေတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/298129589401879

Leave a Reply

Your email address will not be published.