ဖားစည်မြီယူ-၁၅ အသင်းကို ရက္ခိုင်ယူနိုက်တက်ယူ-၁၅ အသင်း ဂိုးပြတ်အနိုင်ရ

By Arakan Princess Media / 2023 July    16

ဒေနိ(ဂျူလိုင် ၁၆ ရက်) နိ မိုးထ ၇ နာရီခွဲက ယှဥ်ပြိုင်ကဇတ်ခသည့် FIFA-MFF U-15 ပွဲစဥ်တွင် ရက္ခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် ဖားစည်မြီ ယူ-၁၅ အသင်းကို ၅-၂ ဂိုးနန့် ဂိုးပြတ်အနိုင်ရဟိခကြောင်း သိရသည်။

ရက္ခိုင်ယူနိုက်တက်အသင်းအတွက် ဂိုးများကို ကြောနံပတ် (၁၀) စွမ်းဇာနည်က(ဟက်ထရစ်) ၃ ဂိုး၊ ကြောနံပတ် (၄) ထက်အောင်ကျော်က ၁ ဂိုး၊ ကြောနံပတ် (၉) ညီညီသန့်က ၁ ဂိုးစီ အသီးသီးသွင်းယူခကတ်ခသည်။

ပွဲအပြီးမှာ ဟက်ထရစ်သွင်းယူခသည့် စွမ်းဇာနည်အား မြန်မာဘောလုံးအဖွဲ့ချုပ်မှ ဆုကြေးငွေ ၂၀၀၀၀၊ ရက္ခိုင်ယူနိုက်တက်ဥက္ကဋ္ဌမှ ဆုကြေးငွေ ၃၀၀၀၀ နန့် တခြားဂိုးသွင်းသျှင်များနန့် အသင်းလိုက်ဆု ၁၄၀၀၀၀ ကျပ်တိတိကိုလေ့ ဆုချီးမြှင့်ခသည်ဟု သိရသည်။

မြန်မာဘောလုံးအဖွဲ့ချုပ်နန့် ကမ္ဘာ့ဘောလုံးအဖွဲချုပ်ရို့ ကြီးမှူးကျင်းပနီသည့် အသက် ၁၅ နှစ် လူငယ်ဘောလုံးပြိုင်ပွဲတွင် ရက္ခိုင်ယူနိုက်တက်အသင်းသည် ၄ ပွဲကဇတ်ပြီးနောက် ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၁၀ မှတ်နန့်  အဆင့် (၂) နီရာ၌ ရပ်တည်နီကြောင်း သိဟိရသည်။

https://www.facebook.com/arakanprincessmedia1/posts/301876285570666

Leave a Reply

Your email address will not be published.