ပျက်စီးလားသည့် စာသင်ကျောင်းတချို့အား မပြုပျင်နိုင်သိမ့်၍ ရက္ခိုင်ကျောင်းသား/ ကျောင်းသူများ ကျောင်းတက်ရန် အခက်ကြုံနီရတုန်း

By Arakan Princess Media / 2023 July    29

ရက္ခိုင်တွင်မုန်တိုင်းကြောင့်ပျက်စီးလားသည့် စာသင်ကျောင်းတချို့အား လက်ဟိအချိန်ထိမပြုပျင်နိုင်သိမ့်၍ကျောင်းသား/ ကျောင်းသူများမှာ ကျောင်းတက်ရန်အခက်ကြုံနီရတုန်းဟုသိရသည်။

ရက္ခိုင်တွင် စာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ဟိသည့်အထဲ မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း တထောင်ကျော် ပျက်စီးခရသည်။

အဆိုပါ ပျက်စီးလားသည့်စာသင်ကျောင်းများထဲမှ လက်ဟိတွင် မြို့ပေါ်ဒေသက စာသင်ကျောင်းတချို့ကိုရာ ပြုပျင်နိုင်သိမ့်ပြီး မြို့နန့်အလှမ်းဝီးသည့် ကျေးလက်ဒေသများမှ စာသင်ကျောင်းအများစုမှာ လက်ဟိအချိန်ထိ ပြန်မပြုပျင်နိုင်သိမ့်ဟု ကျောင်းသူ/ ကျောင်းသားများနန့် ဆရာ/ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

စာသင်ကျောင်းများမပြုပျင်ရသိမ့်သည့်ကျေးရွာများ၌ ကျောင်းသား/ကျောင်းသူတချို့မှာ လက်ဟိ ဘုန်းကြီးကျောင်းများ၊ ယာယီစာသင်ကျောင်းများ၊ ဇရပ်များ နန့်တခြားနီရာတချို့တွင် ဖြစ်တေပိုင် ခက်ခက်ခဲခဲကျောင်းတက်နီကတ်ရပိုင် တချို့မှာလေ့လက်ဟိအချိန်ထိကျောင်းမတက်ရသိမ့်ဟု ဆိုသည်။

ရက္ခိုင်၌ အခြီခံစာသင်ကျောင်းများကို ဂျုန် ၁ ရက်နိ တွင်စတင်ဖွင့်လှစ်ခကေလေ့ ကျောင်းသား/ကျောင်းသူတချို့မှာလက်ဟိ  ၂ လနီးပါးကြာသည့်အထိကျောင်းတက်ရန် အခက်ကြုံနီရ၍ သက်ဆိုင်ရာ တာဝန်ဟိသူများမှ အဆိုပါပျက်စီးလားသည့်စာသင်ကျောင်းများကို အယင်ဆုံးပြန်လည်ဆောက်လုပ်ပီးရန် ကျောင်းသား မိဖများနန့် ဆရာ/ဆရာများမှ လိုလားနီကတ်သည်။

ရက္ခိုင်တွင် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင် ၃ သိန်းကျော်ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီ၏ ရခိုင်ပြည်ပညာရီးဌာနမှထုတ်ပြန်ထားသည်။

https://www.facebook.com/arakanprincessmedia1/posts/308255291599432

Leave a Reply

Your email address will not be published.