ပေါက်တောမြို့နယ်မှ မုန်တိုင်းသင့် ကျေးရွာ ၁၀၀ ကျော်ကို Cyclone Mocha ERRCA က ဆန်အိတ် ၁၅၀၀ ကူညီထောက်ပံ့

By Arakan Princess Media / 2023 July    19

ဒေနိ (ဂျူလိုင် ၁၉ ရက်နိ)၌ ပေါက်တောမြို့နယ်မှ မုန်တိုင်းသင့်ကျေးရွာ ၁၀၀ ကျော်ကို   ရက္ခိုင်အမျိုးသားအဖွဲ့/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်သည့် Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ Cyclone Mocha ERRCA က ဆန်အိတ် ၁၅၀၀ ကူညီထောက်ပံ့ပီးခကြောင်းသိရသည်။

ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပေါက်တောမြို့နယ်မှ ရပ်ရွာများအပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့/ရွာအများအပြားပျက်စီးခရသည်။

အဆိုပါ မုန်တိုင်းသင့်ဒေသအများစုတွင် မုန်တိုင်းတိုက်ပြီး နှစ်လကျော်ကြာသည်အထိ အရေးပေါ်အကူအညီတချို့ရဟိကေလေ့ လုံလုံလောက်လောက်မရဟိ၍ အခက်ကြုံနီကတ်ရပြီး ULA/AA က ယင်းကျေးရွာများသို့လားရောက်ကူညီထောက်ပံ့ပီးနီ‌ ကြောင်း သိရသည်။

ရက္ခိုင်တွင် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၂၀၆၈ ရွာနန့် နီအိမ်ပေါင်း ၂၈၈၅၃၀ ပျက်စီးခရကာ အာရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခရကြောင်း Cyclone Mocha ERRCA က ထုတ်ပြန်ထားသည်။

https://www.facebook.com/arakanprincessmedia1/posts/303345802090381

Leave a Reply

Your email address will not be published.