ပေါက်တောတွင် မိတ္တာစိတ်ပိုင်းဆိုင်ရာ ကနဦးနှစ်သိမ့်ဆွေးနွေးမှုအဖွဲ့မှ မုန်တိုင်းသင့်ပြည်သူများအား ဆွေးနွေးမှုများ ပြု လုပ်လျက်ဟိ

By Arakan Princess Media / 2023 July    23

ပေါက်တောမြို့နယ်၊ ကျေးရွာတချို့တွင် “မိတ္တာစိတ်ပိုင်းဆိုင်ရာ ကနဦးနှစ်သိမ့်ဆွေးနွေးမှုအဖွဲ့”က မုန်တိုင်းဒဏ်သင့်ပြည်သူများအား စိတ်ပိုင်းဆိုင် ရာဆွေးနွေးမှုများကို ဂျူလိုင်လ ပထမအပတ်မှစတင် ပြုလုပ်လျက်ဟိကြောင်း သိရသည်။

ပေါက်တောမြို့နယ်မှ ရီပဒေ၊မြင့်ဂါ(ရွာသစ်/ရွာဟောင်း)၊ပြားသူကြွယ်၊တောင်းဖူး၊နတ်တောင်ပြင်၊ကျောက်ဆိပ်၊ကျော်ရှင်၊ငခြူရှည်၊လက်မယာ စသည့်ကျေးရွာများတွင် မုန်တိုင်းသင့်ပြည်သူများအား မိတ္တာအဖွဲ့က စိတ်ပိုင်းဆိုင် ရာဆွေးနွေးမှုများ ပြုလုပ်ခကတ်သည်။

Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့်အာရက္ခပြည်သူများ  အသက် အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးယှုံးခသည့်အပြင် ကြောက်မက်ဖွယ်ရာ ဆုံးယှုံးမှုများကြုံခရ၍ ဝမ်းနည်းကြီကွဲခြင်း၊ စိတ်မကောင်းဖြစ်ရခြင်း၊ နောက်ဆုံး လူ့ဘဝမှာ မနီချင်လောက်အောင် စိတ်ဝေဒနာများဖြစ်ပေါ်ပြီး မိမိကိုယ်ကိုမိမိသတ်သီဖို့အထိ ကြိုးစားခြင်းများအား စိတ်ကျန်းမာရီးရှူထောင့်မှ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပီးရန်လိုအပ်သည်ဟုယူဆကာ မိတ္တာအဖွဲ့မှ အဂုပိုင်အကောင် အ ထည်ဖော်ဆောင်ရွက်နီခြင်း ဖြစ်​ပါသည်။

မုန်တိုင်းဒဏ်ကြောင့်  စိတ်ပိုင်းဆိုင်ရာအခက်အခဲများနန့်လူတိုင်းလိုလို ရင်ဆိုင်နီကတ်ရချိန်မှာ စိတ်ကို အကောင်းမြင်စိတ်ဖက်သို့ ပြောင်းလဲ၍ ရှိဆက်နိုင်အောင် ခွန်အား၊အတွေးအခေါ်များပီးနိုင်သောကြောင့် မိတ္တာအဖွဲ့မှဟော ပြောသူများအား ကျေးဇူတင်ကြောင်း လက်မယာရွာသားတယောက်က ပြောသည်။

အလားတူ ကျောက်ဆိပ်ကျေးရွာမှ လူငယ်တယောက်ကလေ့  “မိတ္တာအဖွဲ့၏ ဟောပြောချက်ကြောင့် စိတ်ဓာတ်ကျ ၍ လမ်းပျောက်နီသည့် မိမိအနေဖြင့် လက်ဟိအခြေအနီ တွင် ကျော်ဖြတ်ရမည့် နည်းလမ်းများကို သိမြင်လာပြီးစိတ်ဓာတ်ကြံခိုင်မှုဟိလာသည်”ဟု ဆိုပါသည်။

မိတ္တာ စိတ်ပိုင်းဆိုင်ရာ ကနဦးနှစ်သိမ့်ဆွေးနွေးမှုအဖွဲ့သည် ကုန်ခ သည့် ဂျုန်လကလေ့ ရသေ့တောင်နန့် ဘူးသီးတောင်မြို့ နယ်မှကျေးရွာများတွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုများကို ပြုလုပ်ခကြောင်း သိဟိရသည်။

https://www.facebook.com/arakanprincessmedia1/posts/305308908560737

Leave a Reply

Your email address will not be published.