By Arakan Princess Media / 2023 July 23

မြန်မာပြည်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နန့် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားသည့် သံတွဲခရိုင် ထွေအုပ် စာရီး ဦးဝင်းမောင်မောင်ဖြိုး(၃၄ နှစ်)ကို ကျန်ဟိနီသည့် ပုဒ်မ ၁၇(၁) အတွက် ဂျူလိုင် ၂၁ ရက်နိက သံတွဲမြိုနယ်တရားရုံးတွင် ရုံးထုတ်ခပြီး လာမည့် ဩဂတ်စ် ၄ ရက်နိ သို့ ရုံးထပ်ချိန်းလိုက် ကြောင်းသိရသည်။
ဦးဝင်းမောင်မောင်ဖြိုးမှာ ပြီးခသည့်၂၀၂၂ခုနှစ်၊ အောက် တိုဘာ ၇ ရက်နိက ပြည့်ဖြိုးသန္တာ ဆောက်လုပ်ရီး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်းနန့်အတူ မြန်မာ စစ်တပ် ငပလီအခြီစိုက် ခလရ (၅၅) တပ်ရင်းမှ ဖမ်းဆီး ခခြင်း ဖြစ်သည်။
ယင်းနောက် ဦးဝင်းမောင်မောင်ဖြိုးကို ရက္ခိုင့်တပ်တော် AA ၏ သတင်းပီးဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ မြန်မာပြည်ဆူပူလှုံဆော်မှုပုဒ်မ ၅၀၅(က) ရို့နန့် တရားစွဲဆိုခပြီး ဂျူလိုင် ၇ ရက်နိတွင် သံတွဲတရားရုံးမှ ပုဒ်မ ၅၀၅(က) နန့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခသည်။
ကျန်ဟိနီသည့် ပုဒ်မ ၁၇(၁)အတွက် ၎င်းအား ဂျူလိုင် ၂၁ ရက်၊ သံတွဲမြိုနယ် တရားရုံး၌ ရုံးထုတ်ခကေလေ့ စစ်ဆီးခြင်းမဟိဘဲ ဩဂုတ်လ ၄ ရက်နိသို့ ရုံးထပ်ချိန်းလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဒေရက်ပိုင်းအတွင်း အပြစ်မဲ့အာရက္ခပြည်သူများကို AA နန့်ဆက်စပ်သည်ဟုဆိုကာ ခေါ်ယူ စစ်ဆီးခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းများဆက်တိုက် လုပ်ဆောင်လျက် ဟိသည်။
ယင်းအပြင် AA ထိန်းချုပ်ရာနယ်မြီများသို့လေ့ မုန်တိုင်းကယ်ဆယ်ရီးအကြောင်းပြ ဝင်ရောက်မှုများ ဆက်တိုက်ပြုလုပ်လာသည်။
ရက္ခိုင့်တပ်တော်AAကလေ့ အဆိုပါ လုပ်ရပ်များအား မရပ်တန့်ပါက စစ်ရီးပဋိပက္ခသို့ ဦး တည်လားနိုင်ကြောင်း သတိပီး ပြောကြားထားသည်။
https://www.facebook.com/arakanprincessmedia1/posts/305172205241074