By Arakan Princess Media / 2023 July 20

စစ်ကောင်စီသည် ရက္ခိုင်ပြည်တွင်း ယာယီအပစ်ရပ်ရီးအတွက် မူလက နှစ်ဖက်သဘောတူထားခသည့် အချက်တချို့အပေါ် ချိုးဖောက်လာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဒေရက်ပိုင်းအတွင်း AA နန့် ဆက်စပ်သည်ဟုဆိုကာ ဖမ်း ဆီးတရားစွဲ ခံထားရသူများကို စစ်ကောင်စီက ထောင် ဒဏ်ချမှတ်နီသည့်ကိစ္စများနန့် ပတ်သက်၍ ဦးခိုင်သုခက ယင်းသို့ သုံးသပ်ပြောကြားခြင်းဖြစ်သည်။
ဦးခိုင်သုခက “ကျနော်ရို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ရပ်စဲရီး လုပ်တေလောက်ကပင် မတ ရား ဖမ်းဆီး တရားစွဲဆိုထားရေလူတိကို လွှတ်ပီးရဖို့ ဆိုရေကိစ္စ ပါပါရေ။ ယင်းချင့်ကို စစ်ကောင်စီဖက်က ပျက် ကွက်နီပါရေ။ ဒေဂုနီပြီးကေ မလွှတ်တေအပြင် အကြမ်း ဖက် အဖွဲ့အစည်းအဖြစ်ကလေ့ ပယ်ဖျက်ထားပြီးသားအဖွဲ့အစည်း တခုနန့် ဆက်စပ်အကြောင်းပြပြီးကေ ပြည်သူတိကို ထောင်ချရေဆိုစွာက ဒေချင့်ရေ လုံးဝ လက်ခံနိုင်စရာ မဟိရေ ကိစ္စဖြစ်ပါရေ။ ဒေပိုင် အပစ်အခတ်ရပ်စဲထားရေကာလမှာ ဒေပိုင်အလုပ်တိကို လုပ်စွာရေ ဒေချင့်စွာ နှစ်ဖက်သဘောတူညီချက်တိကို ချိုးဖောက်စွာဖြစ်ပါရေ” ဟု ဆိုသည်။
ယင်းအပြင် ယင်းလုပ်ရပ်များကို စစ်ကောင်စီအနီနန့် ရပ် တန့်ဖို့လိုပြီး မရပ်တန့်ပါက အယင်ပထမအကြိမ် အပစ်အခတ်ရပ်ချိန်ကပိုင် နောက်ဆုံးမှာ စစ်ရီး ပဋိပက္ခသို့ ဦးတည်လားနိုင်သည်ဟုလေ့ ဦးခိုင်သုခက ပြောကြားခသိမ့်သည်။
ရက္ခိုင့်တပ်တော် (AA) နန့် မြန်မာစစ်တပ်ရို့သည် ပြီးခသည့် ၂၀၂၂ခုနှစ်၊နိုဗမ်ဘာလမှစ၍ လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခသည်မှာ လက်ဟိအချိန်ထိဖြစ်သည်။
ကေကေလေ့ စစ်ကောင်စီသည် ရက္ခိုင်ပြည်သူများအား ဒေရက်ပိုင်းအတွင်း AAသံသယဖြင့်မတရားဖမ်းဆီးထားသူများကို ဆက်တိုက်ပြစ်ဒဏ်ချမှတ်နီပိုင်၊မြန်မာစစ်တပ် စစ်ကြောင်းတချို့က AAထိန်းချုပ်နယ်မြီများသို့ ခွင့်ပြု ချက်မဟိဘဲ ဝင်ရောက်လာခြင်းများ ဆက်တိုက် လုပ် ဆောင်လာကြောင်း မြီပြင်သတင်းများအရ သိရသည်။
https://www.facebook.com/arakanprincessmedia1/posts/303978408693787