By Border News Agency / 2023 July 28

စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ပေါင်းပြီးရဲတပ်ဖွဲ့ဝင်တွေကို ခေါင်းပုံ ဖြတ်အမြတ်ထုတ်နေကြသလိုမတရားဖိနှိမ်မှုတွေလည်း ပြုလုပ်နေကြတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက အတည်ပြုပြောကြပါတယ်။
အဲဒီစစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးဦးလှဦးနဲရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသ န်းနိုင်ဦးတို့ဟာ မိုခါအလွန်တပ်ဖွဲ့ဝင်တွေအတွက် အစိုးရကပေးတဲ့ထောက်ပံ့ပစ္စည်းတွေကို ခေါင်းပုံဖြတ်စားထားကြသလို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တခြားပြင်ပအဖွဲ့တွေက ကူ ညီပေးတာတွေကိုလည်း ဖြတ်ယူထားကြတယ်လို့
ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
”မိုခါအတွက် တပ်ဖွဲ့ဝင်တွေကိုပေးတဲ့ ရိက္ခာတွေကိုလည်း အပြည့်အဝမပေးပါဘူး။ဖြတ်ယူထားပါတ ယ်။ဒါကြောင့်ကျွန်တော်တို့ ရသေ့တောင်မြို့မရဲစ ခန်းက တပ်ဖွဲ့ဝင်တွေ၊မိသားစုဝင်တွေ စားသောက် ရေးအခက်အခဲတွေဖြစ်နေကြပါတယ်။”လို့ ရသေ့တောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအပြင်စစ်တွေခရိုင်မှာတာဝန်ကျ နေကြပြီးနှစ်နှစ်တာတာဝန်ထမ်းဆောင်ပြီးသူတွေကိုပြောင်းခွင့်မပေးသလိုရသေ့တောင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကိုလည်း နှစ်ပြည့်နေပေမယ့်ပြောင်းခွင့်မပေးဘဲ ဆိုင်းငံ့ထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
ဒါပေမယ့် သူ့ကိုပိုက်ဆံပေးသူတွေကိုတော့ ပြောင်းရွေ့ပေးနေတာဟာ အာဏာနဲ့လုပ်ပိုင်ခွင့်ကိုအလွှဲသုံးစားပြု လုပ်ပြီးကိုယ်ကျိုးရှာလုပ်စားနေတာလို့လ ည်း ရဲတပ်ဖွဲ့ဝင်တွေက ဝေဖန်ပြောဆိုကြပါတယ်။
အဲဒီခရိုင်ရဲမှူးနဲ့မြို့နယ်မှူးတို့ဟာ ပင်စင်ယူတော့မယ့် ရခိုင်လူမျိုးတပ်ကြပ်ကြီးနှစ်ဦးကို မကြာသေးခင်က ပဲခူးတိုင်းသို့ပြောင်းလိုက်တယ်လို့လည်း ရဲတပ်ဖွဲ့ဝင်
တွေက ဆိုကြပါတယ်။
အဲဒီရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းနိုင်ဦးဟာ ရဲတပ်ဖွဲ့ဝင်တွေအတွက် အရပ်ဖက်လူမှုအဖွဲ့အ စည်းတွေက ထောက်ပံ့ထားတဲ့ ရေသန့်ဘူးတွေကိုလည်း သိမ်းယူထားသလို ကိုယ်ကျိုးအတွက်အသုံး ပြုနေတယ်လို့ ဆိုကြပါတယ်။
”အဓိကမြို့နယ်မှူးလုပ်နေတာပါ။အဲဒါကိုခရိုင်းမှူးကအကာအကွယ်ပေးနေတာပါ။ဝေစားမျှစားစားနေကြတာပါ။အောက်ခြေကရဲတပ်ဖွဲ့ဝင်တွေကတော့ဒုက္ခ ရောက်နေကြပါတယ်။လူကြီးတွေဖြေရှင်းပေးစေချင်ပါတယ်။”လို့ စစ်တွေခရိုင်မှရဲတပ်ဖွဲ့ဝင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအပြင်မြန်မာနိုင်ငံရဲမှူးချုပ်က ရသေ့တောင်မြို့ မရဲစခန်းရှိရဲတပ်ဖွဲ့ဝင်တွေအတွက်ထောက်ပံ့ပေးထားတဲ့ကျပ်သိန်း ၃၀ ကိုလည်း ရသေ့တောင်မြို့ န ယ်ရဲတပ်ဖွဲ့မှူးက ဖြတ်ယူထားတယ်လို့လည်း ရဲတပ် ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အဲဒီကိစ္စတွေကိုအတည်ပြုမေးမြန်းဖို့စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးဦးလှဦးနဲရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းနိုင်ဦးတို့ Border News Agency က တပတ်ကြာထိစောင့်ဆိုင်းဆက်သွယ်ခဲ့ပေမယ့်ဖုန်းခက်ခံဖြေကြားတာမရှိသေးပါဘူး။
ရခိုင်မှာတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သတ် မှတ်တာဝန်ထမ်းဆောင်ရမယ့်နှစ်တွေပြည့်သွားကြပေမယ့်ပြောင်းရွေ့ခွင့်မရကြဘူးလို့လည်းရဲတပ်ဖွဲ့ဝင်တွေက Border News Agency သို့ အတည်ပြုပြောဆိုထားကြပါတယ်။
အဲဒီအပြင်ရဲတပ်ဖွဲ့ဝင်တွေကို နိုင်ထက်စီးနင်းပြုလုပ်တာတွေ၊မတရားခိုင်းစေတာတွေ၊မိသားစုနဲ့ဆက်သွ ယ်တာတွေ၊သွားလာတာတွေကအစ တားမြစ်ကန့်သတ်တာတွေ အများကြီးပြုလုပ်နေကြတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
ရခိုင်မှာ တာဝန်ကျနေတဲ့ ရခိုင်လူမျိုးရဲတပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်သွယ်တယ်ဆိုပြီး မတရားဖမ်းဆီးအမှုဖွင့်တရားစွဲတာတွေကိုလ ည်းပြုလုပ်နေကြတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/301658645715640