စစ်ကောင်စီအနီနန့် ယာယီအပစ်ရပ်စဉ်ကာလက  AA နန့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပီးရန် သဘောတူခကေလေ့ AA နန့်ဆက်စပ် ဖမ်းဆီးထောင် ချခံထားရလူအများအပြားဟိနီ

By Arakan Princess Media / 2023 July    29

စစ်ကောင်စီသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နန့် ၂ဝ၂၂ ခုနှစ်၊ နိုဗမ်ဘာ ၂၆ ရက်နိ အပစ်ရပ်စဲခရာ၌ နှစ်ဖက်သဘောတူထားခကတ်သည့် AA နန့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပီးမည်ဟူသော ကတိကဝတ်ဟိခကေလေ့ လက်ဟိအချိန်ထိ AA နန့်ဆက်စပ်၍ ဖမ်းဆီးထောင်ချခံထားရသူ နှစ်ရာထက်မနည်း အကျဉ်းထောင်များတွင်ဆက်ဟိနီသိမ့်ကြောင်း သိရသည်။

အပစ်ရပ်ထားသည်မှာ ၈ လကျော်ကြာမြင့်လာချိန်အထိ AA နန့် ဆက်စပ်ဖမ်းဆီးထားသူ အများအပြားကို ပြန်လွှတ်မပီးသည့်အပြင်အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မများအပါအဝင် ပုဒ်မအမျိုးမျိုးနန့် ထောင်ချ အပြစ်ပီးလျက်ဟိသည်။

အဆိုပါကိစ္စနန့်စပ်လျဉ်း၍ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက “ကျနော်ရို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ရပ်စဲရီး လုပ်တေလောက်ကပင် မတရား ဖမ်းဆီး တရားစွဲဆိုထားရေလူတိကို လွှတ်ပီးရဖို့ ဆိုရေကိစ္စ ပါပါရေ။ ယင်းချင့်ကို စစ်ကောင်စီဖက်က ပျက် ကွက်နီပါရေ။ ဒေဂုနီပြီးကေ မလွှတ်တေအပြင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကလေ့ ပယ်ဖျက်ထားပြီးသားအဖွဲ့အစည်း တခုနန့် ဆက်စပ်အကြောင်းပြပြီးကေ ပြည်သူတိကို ထောင်ချရေဆိုစွာက ဒေချင့်ရေ လုံးဝ လက်ခံနိုင်စရာ မဟိရေ ကိစ္စဖြစ်ပါရေ။ ဒေပိုင် အပစ်အခတ်ရပ် စဲထားရေကာလမှာ ဒေပိုင်အလုပ်တိကို လုပ်စွာရေ ဒေချင့်စွာ နှစ်ဖက်သဘောတူညီချက်တိကို ချိုးဖောက်စွာဖြစ်ပါရေ” ဟု APM သို့ ပြောကြားထားသည်။

သဘောတူညီထားခသည့် အတိုင်း AA နန့် ဆက်စပ်ဖမ်းဆီးထားသူများကို ပြန်လွှတ်ပီးရန် အရေးတကြီး (အထူး)လိုအပ်နီပြီး၊ အကယ်တန္တိ ယင်းအချက်ကိုမျက်ကွယ်ပြုထားမည်ဆိုပါက ယုံကြည်မှုကိုအကြီးအကျယ်ထိခိုက်လာနိုင်သည်ဟု ဦးခိုင်သုခက ဆိုသည်။

ကေကေလေ့ စစ်ကောင်စီသည် ရက္ခိုင်ပြည်သူများအား ‌ AAသံသယဖြင့်မတရားဖမ်းဆီးထားသူများကို စွဲချက်တင်၊စီရင်ချက်ချခြင်းများကို ဒေဂုလ အတွင်းဆက်တိုက်လုပ် ဆောင်ခသည်။

မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်တိုက်ပွဲကာလများ၌ မြို့နယ်အသီးသီးမှ အပြစ်မဲ့အရပ်သားပြည်သူ ခြောက်ရာကျော်ကို ဖမ်းဆီးခပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှာ လေးရာနီးပါးကိုပြန်လွှတ်ပီးခကေလေ့ AA နန့်ဆက်စပ်ဖမ်းဆီးထောင်ချခံထားရလူ နှစ်ရာကျော်မှာ အကျဉ်းထောင်များ၌ ဆက်လက်ဟိနီရတုန်းဖြစ်သည်။

https://www.facebook.com/arakanprincessmedia1/posts/308422951582666

Leave a Reply

Your email address will not be published.