By Border News Agency / 2023 July 9
တရုတ်ရဲ့ရေနံတင်သင်္ဘောတွေ ဝင်ထွက်သွားလာမှုပိုများလာတာ၊ရာသီဥတုဖောက်ပြန်ပြီး မိုးနည်းတာတွေ ကြောင့် ကျောက်ဖြူမြို့နယ်အတွင်းက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူတွေမှာ ငါးအရနည်းပြီး စားဝတ်နေရေးအကြပ်အတည်းတွေနဲ့ ကြုံနေကြရသလို နေ့စဥ်လူမှုဘဝတွေကိုပါထိခိုက်နေတယ်လို့
ဆိုကြပါတယ်။
ဒေသခံရေလုပ်ငန်းလုပ်ကိုင်သူတွေ အဓိကအားကိုးနေကြရတဲ့ ကျောက်ဖြူမြို့နယ်၊သံဇစ်မြစ်အတွင်း သွားလာဝင်ထွက်နေတဲ့ ရေနံတင်သင်္ဘောဟာ အရ င်က တစ်လမှာလေးကြိမ်ခန့်သာရှိခဲ့ပေမယ့် ခုတော့ရှစ်ကြိမ်ခန့်ထိ သွားလာနေတယ်လို့ ဆိုကြပါတယ်။
“အရင်ကဆိုရင် တစ်လကိုလေးခေါက်လောက်ပဲ ဝင်တယ်။ဒီနှစ်ထဲမှာ ပျမ်းမျှ ရှစ်ခေါက်လောက်ရှိမယ် သွားနေတာ။သူတို့က ဒီရေတက်ချိန်မှပဲ သွားတယ်။ ငါးဖမ်းသမားတွေအတွက်လည်း ရေတက်ချိန်က ပစ်ချတုန်း၊ငါးဆွဲတုန်းဆိုတော့ ပိုဆိုးတာပေ့ါ။ငါးမရတော့ဘူးလေ။”လို့ ကျောက်ဖြူမြို့နယ်၊သစ်ပုတ်တောင်ကျေးရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက BNAသို့ ပြောပါတယ်။
အဲဒီလို တရုတ်ရဲ့ သင်္ဘောအဝင်အထွက်ပိုများတာအပြင် မိုးကလည်းအရင်နှစ်တွေကထက်ပိုနည်းပြီး အပူချိန်ပြ င်းလာတဲ့အတွက်ကြောင့်လည်း ငါးအရ နည်းကြတာဖြစ်တယ်လို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေကပြောကြပါ တယ်။
“ရာသီဥတုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတာကို။ပူရင်တော်တော်ပူတယ်။အရင်နှစ်တွေကဆိုရင် ဒီအချိန် ရေမျာက်(ရေဘဝဲ)၊ရေကြက်(ပြည် ကြီးငါး)တို့တအားရတာ။သူတို့က မိုး ကောင်းလေ ပိုရလေပဲ။အခုမိုးကလည်းနည်း၊သင်္ဘောကလည်း အ ဝင်များတော့ မနှစ်ကထက်တောင်တစ်ဆလောက်နည်းသွားတယ်။”လို့ သစ်ပုတ်တောင်ကျေးရွာမှ နောက်ထပ်ငါးဖမ်းသမားတစ်ဦးက BNAသို့ ပြောပါတယ်။
ခုလိုမျိုးရာသီဥတုဖောက်ပြန်တာနဲ့ တ ရုတ်စီမံကိန်းတွေကြောင့် ဒေသခံရေလုပ်သားတွေမှာ စားဝတ်နေရေးအ တွက် ပူပန်စရာဖြစ်လာနေပြီး တရုတ်ရဲ့ နေနက်ဆိပ်ကမ်းစီမံကိန်းပါ ထပ်လုပ်လာမယ်ဆိုရင် ဝ မ်းရေးအတွက်ကြီးမားတဲ့အခက်အခဲတွေနဲ့ ကြုံလာရနိုင်သလို နေ့စဥ်လူမှုဘဝတွေကိုထိခိုက်လာကာဘဝရပ်တည်ရေးခက်ခဲသွားနိုင်တယ်လို့ ရေလုပ် သားတွေက ဆိုကြပါတယ်။
“သင်္ဘောတွေ မရောက်ခင်ကဆိုရင် ငါးကြီးတွေလ ည်းရတယ်။အခု ငါးလက်ခွာတို့လို့ ငါးကြီးတွေမရ သလောက်ဖြစ်နေပြီ။”လို့ ကျောက်ဖြူမြို့နယ်၊မဒေးကျွန်းဒေသခံတစ်ဦးက BNAသို့ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တရုတ်ရဲ့ စီမံကိန်းတွေများစွာရှိနေပြီး ထပ်ပြီးတော့လည်း မဒေးကျွန်းက မြေ ၃၇၀ ဧကနဲ့ ရမ်းဗြဲကျွန်းက ၂၃၇ ဧကတို့ပေါ်မှာရေ နက်ဆိပ်ကမ်းတည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။
အဲဒီဆိပ်ကမ်းဆောက်ရင် ဒေသတွင်းရွာပေါင်း ၁၆ ရွာမှ ဒေသခံပြည်သူပေါင်း ငါးထောင်ကျော်ရဲ့ငါးဖမ်းလုပ်ကွက်နဲ့လယ်ယာမြေတွေ ဆုံးရှုံးနိုင်တယ်လို့ လွှတ်တော်အမတ်ဟောင်းနဲ့ ဒေသခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာရခိုင်ပြည်အတွင်း ရပ် ဆိုင်းနေခဲ့တဲ့တရုတ်စီမံကိန်းတွေကို ပြန်ပြီးစလုပ်နေတာဖြစ်ပါတယ်။
https://www.facebook.com/photo/?fbid=291325343415637&set=a.174129501801889