ကျောက်တော်မြို့နယ်၊ စစ်ဖီးယှောင်စခန်း ၆ ခုမှ အမျိုးသမီးများတွင် လစဉ်သုံးပစ္စည်းများ အရေးတကြီး လိုအပ်နီ

By Arakan Princess Media / 2023 July    31

ကျောက်တော်မြို့နယ်၊ စစ်ဖီးယှောင်စခန်း ၆ ခု၌ ခိုလှုံနီကတ်ရသည့် အမျိုးသမီးများတွင် အခြီခံကျန်းမာရီးအသုံးအဆောင်ဖြစ်သည့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အရေးတကြီး လိုအပ်လျက်ဟိကြောင်း သိရသည်။  

ယင်းစစ်ဖီးယှောင်စခန်းများမှာ င/တရံ၊သဲပုံ၊ညောင်ချောင်း၊ဝါးတောင်၊သရက်အုပ်၊COC စစ်ဖီးယှောင်စခန်းရို့ဖြစ်ပြီး စခန်း ၆ ခုပေါင်းအိမ်ထောင်စု ၁၀၀၀ ကျော်နန့်လူဦးရေ ၈၀၀၀ ကျော်လောက် ခိုလှုံနီလျက်ဟိကြောင်း စုံစမ်းသိဟိရသည်။

ယင်းအထဲတွင် အမျိုးသမီးအများစုပါဝင်ပြီး စစ်ဖီးယှောင်အမျိုးသမီးများမှာ မုန်တိုင်းတိုက်နောက်ပိုင်း အဖက်ဖက်က အကျပ်အတည်းနန့် ရင်ဆိုင်နီကတ်ရကာ လစဉ်သုံးပစ္စည်းများပင် ပြတ်လပ်လျက် အစစ အရာရာ အခက်အခဲဖြစ်နီကတ်ရကြောင်း စစ်ဖီးယှောင်အမျိုးသမီးများ ကပြောသည်။

အယင်ကဆိုလျှင် အလှူသျှင်များ လာရောက်လှူဒါန်းလိဟိကေလေ့ ဒေဂုလာ မလှူကတ်သည်မှာ ကြာမြင့်နီပြီးဖြစ်ကာ အလုပ်အကိုင်လေ့ ယှားပါးသည့်အပြင် ကုန်ဈီးနှုန်းများလေ့ တက်နီ၍ ဝယ်မသုံးနိုင်ကတ် ဟုဆိုသည်။

ယင်းအမျိုးသမီးလစဉ်သုံးပစ္စည်းများသည် အမျိုးသမီးများ တကိုယ်ရည်သန့်ယှင်းမှုနန့် ကျန်းမာရီးအတွက် မဟိမဖြစ်လိုအပ်သည့် အတွက် လာရောက် ကူညီထောက်ပံ့ပီးကတ်ရန် ​မိတ္တာရပ်ခံထားသည်။

ရက္ခိုင်မှာ လက်ဟိ အချိန်ထိ နီရပ်မပြန်နိုင်သိမ့်ဘဲ စစ်ဖီးယှောင်စခန်းများတွင်ခိုလှုံနီကတ်ရသူဦးရေ ၇၀၀၀၀ ကျော်ကျန်နီသိမ့်ပြီး ယင်းအထဲ သက်ကြီးရွယ်အိုများ၊ အချေများနန့် အမျိုးသမီးများ အများစုပါဝင်ကြောင်း သိရသည်။

https://www.facebook.com/arakanprincessmedia1/posts/309181504840144

Leave a Reply

Your email address will not be published.