By Arakan Princess Media / 2023 July 11
မုန်တိုင်းတိုက်ခတ်ပြီး ၂ လနီးပါးကြာလာသည့်တိုင် ကျောက်တော်မြို့ဟိ သမိုင်းဝင် သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်တွင်ကျက်စားနီကတ်သည့် မျောက်များမှာ လက်ဟိအချိန်ထိ အငတ်ဖီးနန့်ရင်ဆိုင်နီရဆဲဖြစ်ကြောင်း သိရသည်။
ကျောက်တော်တောင်တွင်နီထိုင်သည့်မျောက်များမှာ ဘုရားဖူးခရီးသည်များကို မှီခို၍ အစားအစာများ ရဟိနီကတ်ခြင်းဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ပြီး ၂ လနီးပါကြာလာသည့်တိုင် ဘုရားဖူးလာရောက်သူ နည်းပါးနီ၍ အငတ်ဖီးနန့်ရင်ဆိုင်နီရကတ်ရခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က ပြောသည်။
ကျောက်တော်တောင်ပေါ်မှာ နီထိုင်ကျက်စားနီသည် မျောက်အကောင်ရေ ၁,၀၀၀ ကျော်ဟိပြီး အစာရီစာယှားပါးလာမှုကြောင့် မျောက်များမှာ ကစ္ဆပနဒီ တန်ထားထက်နန့် ကျောက်တော်မြို့အတွင်းသို့ပါ အစာရီစာ လိုက်တောင်းနီကတ်ရသည်ဟု ဆိုသည်။
ပြီးခသည် မေ ၁၄ ရက်တိုက်ခတ်ခသော Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်တောင်ပေါ်မှ သီးပင်၊စားပင်များ ပျက်စီးလားခခြင်းကြောင့်လေ့ မျောက်များအတွက် အစာရဟိရန် ပို၍အခက်အခဲဖြစ်စီကြောင်းသိရသည်။
https://www.facebook.com/photo/?fbid=299236532501308&set=pcb.299236659167962