ရခိုင်မှာ စစ်ကောင်စီရဲ့လျှပ်စစ်ဌာနက မီတာခတွေကို သုံးစွဲမှုထက်ပိုမိုကောက်ခံနေ

By Border News Agency/2022  December           31

(ဓာတ်ပုံ-အမှန်တကယ်ကျသင့်ငွေနဲ့ကောက်ခံငွေကွာခြားမှုတစ်ခု/ကိုသိန်းအေးကျော်

ရခိုင်မှာ စစ်ကောင်စီရဲ့လျှပ်စစ်ဌာနက မီတာခတွေကို အမှန်တကယ်သုံးစွဲတာတွေထက် ပိုမိုကောက်ခံနေကြတာမို့ ဒေသခံပြည်သူတွေ အများကြီးထိခိုက်နစ်နာနေကြရတယ်လို့ ဆိုကြပါတယ်။

ရခိုင်တစ်ပြည်လုံးက အသေးစားလုပ်ငန်းတွေအပါအဝင်အိမ်သုံးမီတာတွေဟာ အဲဒီလိုမျိုးပေးသွင်းနေကြရတာမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို စီစစ်အရေး ယူမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်း တိုက်တွန်းပြောဆိုကြပါတယ်။

“ပန်ကာလဲမရှိဘူး။အဝတ်လျှော်စက်လည်းမရှိ။ထမင်းတစ်ခုပဲချက်တာတောင် လေးသောင်းကျော်လောက်ပေးရတယ်။ကျမတို့ကဘာမှနားမလည်လို့ပိုဆိုးတယ်။သူတို့ကောက်ချင်သလိုကောက်တာ။စိတ်ထဲမှာတော့ မကျေနပ်ဘူး။”လို့ စစ်တွေမြို့မှအိမ်ထောင်သည်အမျိုးသမီးတစ်ဦးက ဆိုကြပါတယ်။

အဲဒီလိုမျိုးမီတာခတွေကို သုံးစွဲတာထက်ပိုမိုကောက်ခံနေကြတာဟာ လျှပ်စစ်ဝန်ထမ်းတွေက ပြည်သူလူထုရဲ့ချွေးနှဲစာတွေကိုလိမ်လည်ကောက်ခံစားနေကြတာနဲ့တူတယ်လို့ ရခိုင်ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

“မီတာလာကောက်ရင် မသိတဲ့လူကပိုများတယ်။သူတို့ပြောရင်ပြောသလော က်ပေးနေရတယ်။ပြီးရင် သူတို့က အရင်လကအကြွေးတွေကျန်သေးတယ်လို့ပြောတာဘဲ။မီတာကိုအကုန်မဖြတ်ခဲ့လို့ ကျန်ခဲ့တာလို့ပြောတယ်။”လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်မှာကုန်ခဲ့တဲ့နှစ်ကမီတာခကြွေးကျ န်တွေရှိနေတယ်ဆိုပြီးထပ်မံကောက်ခံမှုတွေလည်း အများကြီး ရှိနေသလိုငွေသွင်းမီတာစာရွက်ပြနိုင်သူတချို့ကိုတောင် မီးဖြတ်မယ်ဆိုပြီးအတင်းကောက်ခံမှုတာတွေကအစရှိနေတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုကောက်ခံနေပေမယ့်လျှပ်စစ်မီးကတော့အပြည့်အဝမရသလိုအချိန်မမှန်မှုတွေလည်းမကြာမဏဖြစ်နေတတ်ပေမယ့် စစ်ကောင်စီလူကြီးတွေလာရင်တော့ မီးလုံးဝမပျက်ဘဲလာနေတတ်တယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့လတွေကတေယ့ မီတာခတွေတော့တက်ခဲ့တယ်။ခုတော့ပုံမှန်ပဲ။ဒါပေမယ့် ဒီလတော့လာမကောက်သေးလို့မသိရသေးဘူး။”လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ရခိုင်မှာ စစ်ကောင်စီရဲ့လျှပ်စစ်ဌာနကမီတာခတွေကိုကောက်ခံနေတဲ့နေရာမှာအမှန်တကယ်သုံးစွဲမှု ထက်တစ်ဆထိပိုနေတာတွေကိုလည်း အတိအကျစီစစ်သိရှိရတာတွေလည်းရှိတာမို့ လျှပ်စစ်ဌာနမှတာဝန်ရှိသူတွေက စစ်ဆေးအရေး ယူဖို့ ရခိုင်ပြည်သူတွေ တောင်းဆိုနေကြပါတယ်။

အဲဒီအပြင်အဲဒီလိုမျိုး အမှန်တကယ်လေးသောင်ကျပ်ကျတာကို ကိုးသောင်းကျပ်အထိပေးသွင်းခဲ့ရတာတွေကိုလည်း သေချာပြန်စစ်ဆေးပြီး ထိခိုက်နစ်နာနေခဲ့ပေးသွင်းခဲ့သူတွေကို ပြန်ပေးသင့်တယ်လို့ လည်း တောင်းဆိုနေကြပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံအနှံ့အပြားမှာ အာဏာသိမ်းစစ် တပ်ကို မီတာခမဆောင်ဖို့လှုံ့ဆော်တိုက်တွန်းမှုတွေပြုလုပ်ခဲ့ကြသလို ခုချိန်ထိလုံးဝမပေးဆောင်ကြသူတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ရခိုင်တစ်ပြည်လုံးကတော့ ခုချိန်ထိပုံမှန်ပေးသွင်းနေကြသလို စစ်ကောင်စီကိုမီတာခမပေးသွင်း၊မဆောင်ကြဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေလည်းမရှိသေးဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

https://www.facebook.com/bnanewsagency/posts/201732609041578

Leave a Reply

Your email address will not be published.