By Border News Agency/2022 September 21
(ဓာတ်ပုံ-မောင်တောပဋိပက္ခတစ်ခုအတွင်း ရိုဟင်ဂျာကလေးငယ်တွေနဲ့အမျိုးသမီးတွေ မြန်မာစစ်တပ်ရဲ့ရဲတွေက ကျေးရွာမှအတင်းနှင်ထုတ်နေပုံ/BNA)
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)မှ သက်သေအကာ အကွယ်ပေးရေးအားထုတ်ကြိုးပမ်းမှုအပေါ် အမေရိကန်ပြည်ထောင်စုကစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)သို့ အမေရိကန်ဒေါ်လာ ၁သန်း ထပ်မံကူညီတယ်လို့ စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့ထုတ်ပြန်လာပါတယ်။
အဲဒီလိုကူညီတာဟာ”အစိုးရများကိုလည်းကြမ်းကြု တ်ရက်စက်သည့်ရာဇ ဝတ်မှုများကြောင့် ထိခိုက်နစ် နာသူများနှင့်မျက်မြင်သက်သေများကို အလားတူ ကာကွယ်စောင့်ရှောက်မှုအကူအညီများပေးအပ်ကြပါရန်”အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ”၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ ၏သက်သေ အထောက်အထားများကို စုံစမ်းစစ် ဆေးရန်၊စုဆောင်းရန်၊ထိန်းသိမ်းရန်နှင့်စီစစ်သုံး သပ်ရန်ဆောင်ရွက်ရာတွင် ယန္တရား၏ လုပ်ပိုင်ခွင့်အာဏာအရ အကျုံးဝင်သည့် ရာဇဝတ်မှုများ” အ တွက်လို့လည်း ဆိုထားပါတယ်။
အဲဒီအပြင်အဲဒီလိုပံ့ပို့ကူညီမှုဟာ”အရေးပါသော ယုံ ကြည်လက်ခံနိုင်သည့် အချက်အလက်များ ရယူနိုင်သည့် အခွင့်အလမ်းပိုမိုကောင်းမွန်စေသကဲ့သို့ ထိ ခိုက်နစ်နာသူများနှင့် သက်သေများအပေါ် အကာ အကွယ်ပေးနိုင်ရန် IIMM ၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ပိုမိုအထောက်အကူပြုပါလိမ့်မည်။” လို့လည်း ဆိုထားပါတယ်။
”မြန်မာနိုင်ငံတစ်ဝန်းမှ ထိခိုက်နစ်နာခဲ့သူများအ တွက် တရားမျှတမှုရှိစေရေးနှင့် ကြမ်းကြုတ်ရက် စက်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှုတာဝန် ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက်ပင်ရှိပါသည်။”လို့လည်း ဖော်ပြထားပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က၊မြန်မာစစ်တပ်မှနယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာခုနှစ်သိန်းနီးပါးတဘက်နိုင်ငံသို့ထွက်ပြေးခဲ့ကြရသလိုလူဦးရေတစ်သောင်းကျော်အသတ်ခံခဲ့ကြရတာမို့ နိုင်ငံတကာမှာ တရားစွဲဆိုခံထားရပါတယ်။
”မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြမ်းကြုတ်ရက် စက်မှုများကို တွေ့ကြုံခံစားခဲ့ကြရသူများနှင့် သက် သေများက ထု တ်ဖော်ပြောဆိုသော ယုံကြည်လက် ခံနိုင်သည့် သတင်းအချက်အလက်များသည် စစ်အာဏာရှင်အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်။”လို့လည်း ဆိုထားပါတယ်။
အဲဒီအပြင်”အဆိုပါအာဏာရှင်အဖွဲ့အစည်းသည် အင်အားသုံး အစဖျောက်မှုများနှင့် ဥပဒေမဲ့သတ် ဖြတ်မှုများမှတဆင့် ဆန့်ကျင်ကွဲပြားသည့် ထုတ် ဖော်ပြောဆိုသံများကို မျက်ခြေမပြတ်ပစ် မှတ်ထားလျက်ရှိပါသည်။”လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ခံပြည်သူ့အစိုးရကို စစ် တပ်က အာဏာသိမ်းပြီးနောက်ပိုင် အပြစ်မဲ့ပြည်သူအများအပြားသတ်ဖြတ်ခံရသလို ဖမ်းဆီးတရားစွဲ ဆိုထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်းအများ အပြားရှိနေပါတယ်။
#BNA#IIMM#အမေရိကန်#ဒေါ်လာ#၁သန်း#ပံ့ပို့ကူညီ#မြန်မာ#စစ်တပ်#
https://www.facebook.com/permalink.php?story_fbid=178423894705783&id=100076145194525