ရခိုင်က မြေယာအမှုတွေကို ဖြေရှင်းဖို့ ULA/AAမှာ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထား

(လက်ရှိမှာ တရားရုံးကမြေယာအမှုကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိသေး) By Border News Agency/2022 September 20 (ဓာတ်ပုံ-ရသေ့တောင်မြို့ပေါ်ကမြင်တွေ့ရတဲ့ လယ် ယာမြေမြင်ကွင်းတစ်ခု/BNA) ရခိုင်ပြည်က မြေယာအငြင်းပွားမှုတွေကိုဖြေရှင်းဖို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီးတော့ စနစ်တကျကိုင်တွ ယ်ဖြေရှင်းနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ …

စစ်တွေ တပ်ထိန်းဂိတ်အား ၂နာရီကြာ ဖြတ်သန်းသွားလာမှုပိတ်၍ စစ်ကောင်စီက စစ်ဆေး

By Western News /2022  September 20 ဓာတ်ပုံ- စစ်တွေ တပ်ထိန်းဂိတ်မှ ဖြတ်သန်းသည့်ယာဉ်များ ယနေ့ စက်တင်ဘာ ၂၀ရက်နေ့ နေ့လယ် ၁၁နာရီခွဲအချိန်ခန့်က ရခိုင်ပြည်၊ စစ်တွေမြို့ တပ်ထိန်းဂိတ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက …

စစ်ကောင်စီတပ်မှ မြောက်ဦးမြို့တွင်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုပြုလုပ်၊ မြို့တွင်းလုံခြုံရေးများ ပိုတင်းကျပ်ထား

By Western News /2022  September 20 ဓာတ်ပုံ- ဇော်မင်းထွန်း ရခိုင်ပြည် မြောက်ဦးတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ညဉ့် အချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက မြို့တွင်းသို့ဝင်ရောက်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် …

စစ်တွေတပ်နယ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်

By DMG /2022 September20 ရခိုင်ပြည်၊ စစ်တွေမြို့အဝင် တပ်နယ်စစ်ရေးဂိတ်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တို့က ယခုရက်ပိုင်းအတွင်း ခရီးသွားများကို စစ်ဆေးမှုပိုမိုတင်းကြပ်လာနေကြောင်း ကားသမားနှင့် ဒေသခံခရီးသွားများထံမှ သိရသည်။ ထိုသို့စစ်ဆေးမှုရာတွင် ခရီးသည်တစ်ဦးချင်းစီ၏ မှတ်ပုံတင်၊ ကုန်ပစ္စည်းများ စသည်တို့ကိုစစ်ဆေးနေသည့်အတွက် …

အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ပြန်လည်သုံးသပ်ရန် မလေးရှားတိုက်တွန်း

By DMG /2022 September20 ပုံစာ – မလေးရှားနိုင်ငံခြားရေးဝန်ကြီးစိုင်ဖူဒင်အဗ္ဗဒူလာ။ (ဓာတ်ပုံ – ရိုက်တာ) အာဆီယံနိုင်ငံများအနေဖြင့် ယခုအချိန်အထိအထမမြောက်နိုင်သေးသည့် မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကိုဆက်လက်ကိုင်စွဲဦးမည်လားသို့မဟုတ် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို နိုဝင်ဘာလ၌ အာဆီယံခေါင်းဆောင်များမတွေ့ဆုံမီဆုံးဖြတ်ရမည်ဟုမလေးရှားနိုင်ငံခြားရေးဝန်ကြီးစိုင်ဖူဒင်အဗ္ဗဒူလာကစက်တင်ဘာလ ၁၉ ရက်နေ့တွင် …

ရခိုင်ပြည်သူတွေ သတင်းတု၊သတင်းမှားတွေကို သတိထားကြဖို့ အေအေဒုချုပ်သတိပေး

By Border News Agency/2022 September 20 (ဓာတ်ပုံ-ရခိုင်အခြေစိုက်မီဒီယာတချို့အား စစ်ကောင်စီအကောက်တုတစ်ခုမှသတင်းမှားအနေနဲ့ပို့စ်တာထားတာကိုတွေ့ရပုံ/BNA) ရခိုင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းအမှားတွေကို မယုံကြည်ကြဖို့နဲ့သတိထားစောင့်ကြည့်ကြဖို့ရက္ခိုင့်တပ်တော်(AA)ရဲ့ ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်က ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ရက္ခိုင့်ပြည်သူ့အစိုးရအနေနဲ့ULA/AAက ပဥ္စမအ ကြိမ်မြောက်ဖြစ်တဲ့ စက်တင်ဘာလ ၁၉ ရက်၊မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းခဲ့ပွဲမှာ …

တောင်ကုတ်မြို့ခံနောက်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

By Border News Agency/2022 September 20 (ဓာတ်ပုံ-ရခိုင်ကမြို့တစ်မြို့မှလက်နက်အပြည့်အစုံနဲ့သွားလာနေတဲ့စစ်ကောင်စီတပ်ဖွဲဝင်တချို့/BNA) ရခိုင်ပြည်၊တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်က တောင်ကုတ်မြို့ခံနောက်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၂၀ ရက်၊မနေ့က ဖမ်း ဆီးထားတယ်လို့ သတင်းရရှိပါတယ်။ အဲဒီဖမ်းဆီးခံရသူဟာ အရင်က ကိုင်းရှည်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးချစ်တင်ရဲ့ညီဖြစ်သူ …

ဘင်္ဂလားဒေ့ရှ်ဘက်တွင် နယ်စပ်တစ်လျှောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အားအများအပြားနေရာချထား

By DMG /2022 September2 ဓာတ်ပုံ – Dhaka Tribune မြန်မာဘက်မှ ကျရောက်ပေါက်ကွဲခဲ့သည့် မော်တာကျည်ကြောင့် သောကြာနေ့ကအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ရပြီးနောက်တွင် နှစ်နိုင်ငံတင်းမာမှုများရှိနေပြီးဘင်္ဂလားဒေ့ရှ်ဘက်ကလည်းနယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနေရာချထားကြောင်း BD News 24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အစိုးရအနေဖြင့် …

လက်နက်ကိုင်အဖွဲ့နှင့် ပါတီများမှ ပူးပေါင်းလာပါက တာဝန်ပေးရန်အသင့်ရှိဟု AA ပြော

By DMG /2022 September20 ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)ထံတွင် အခြားသော ရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် ပါတီများမှ ပူးပေါင်းလာပါက တာဝန်ပေးသွားရန်အဆင်သင့်ရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။ ယမန်နေ့(စက်တင်ဘာလ ၁၉ ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက …