ဘင်္ဂလားဒေ့ရှ်က မြန်မာသံအမတ်ကြီးကို တတိယအကြိမ် ဆင့်ခေါ်ကန့်ကွက် 

By Narinjara /2022 September 4 ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့တွင် တတိယအကြိမ် ဆင့်ခေါ်ပြီး သူနိုင်ငံအတွင်း လေယာဉ်များဝင်ရောက်မှု၊ အမြောက်ကျည် ကျရောက်မှုတို့ အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်ဟု သတင်းရရှိသည်။ …

စက်တင်ဘာ ၄ ရက် ညဉ့် ၁ နာရီခန့်က စစ်ကောင်စီတပ်က မြောက်ဦးမြို့ထဲကို ဝင်ရောက်ပြီး အကြောင်းမဲ့ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တဲ့ အသံဖိုင်ကို နားဆင်နိုင်ပါတယ်။

(ညဉ့်အချိန် ပစ်ခတ်နေတဲ့ ကြားတဲ့က ရသလောက်ရိုက်ကူးပြီး အသံဖိုင်ပေးပို့သူကို ကျေးဇူးတင်ပါတယ်။) By Narinjara /2022 September 4 https://www.facebook.com/watch/?v=1121138068813652

စစ်ကောင်စီတပ် မြောက်ဦးထဲကိုဝင်ရောက်ပြီး ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းအပါအဝင် ရပ်ကွက်များကိုအကြောင်းမဲ့ပစ်ခတ်

By Narinjara /2022 September 4 စစ်ကောင်စီတပ်သားအများအပြားသည် ယနေ့နံနက်က မြောက်ဦးမြို့ထဲကိုဝင်ရောက်လာပြီး  ရခိုင်တမျိုးသားလုံးမြတ်နိုး တန်ဖိုးထားသည့် ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းတံတိုင်းအပါအဝင် မြို့လယ်လူနေရပ်ကွက်များကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ စစ်သားများသည်  စစ်ကား (၃) …

မြန်မာတိုက်လေယာဉ်တွေ ဘင်္ဂလားဒေ့ရှ်ဝေဟင်ထဲထိကျူးကျော်ဝင်ရောက်၊ မော်တာကျည်များထပ်မံကျရောက်၍ နယ်စပ်နေပြည်သူများစိုးရိမ်ထိတ်လန့်မှုဖြစ်ကြရ

By Narinjara /2022 September 4 မြန်မာလေတပ်မှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များသည် ဘင်္ဂလားဒေရှ် လေပြင်ပိုင်နက်ထဲ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုများပြုလုပ်သည်သာမက ပစ်ခတ်လိုက်သည့် ကျည်များမှာလည်း ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကို ကျရောက်လာ၍ နယ်စပ်ပြည်သူများအနေဖြင့် အထိတ်တလန့်ဖြစ်နေကြရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းများတွင် ရေးသားဖော်ပြကြသည်။ …

ညည့်အချိန် စစ်တပ်ကမြောက်ဦးမြို့ထဲ ဝင်ရောက်ပစ်ခတ်ရာတွင် လက်နက်ကြီးကျည်ကျ၍ ပျက်စီးမှုတချို့ရှိ၊ မြို့ထဲကနေရာတချို့တွင် လမ်းသွားလမ်းလာများကိုစစ်ဆေးမှုများရှိနေ 

By Narinjara /2022 September 4 ယနေ့နံနက် အစောကြီး ညည့် ၁ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်မှ မြောက်ဦးမြို့ထဲကို ဝင်ရောက်ပစ်ခတ်မှုကြောင့် နေရာတချို့တွင် အပျက်အစီးများရှိခဲ့သော်လည်း အရပ်သားများကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု မြောက်ဦးဒေသခံများက …

စစ်ကောင်စီ၏ သူရဲဘောကြောင်လုပ်ရပ်ကြောင့် မြောက်ဦးသည် ဓားစာခံဖြစ်နေရသည်ဟု AA စစ်ဦးစီးချုပ်ပြော

By DMG /2022 September 4 အပြစ်မဲ့ပြည်သူများကိုတိုက်ခိုက်သည့် သူရဲဘောကြောင်လုပ်ရပ်များကို စစ်ကောင်စီကလုပ်ဆောင်နေပြီး မြောက်ဦးမြို့သည် ဓားစာခံဖြစ်နေရသည်ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ယနေ့(စက်တင်ဘာ ၄ ရက်)တွင် ၎င်း၏တွစ်တာပေါ်၌ ရေးသားထားသည်။ “အပြစ်မရှိတဲ့ပြည်သူတွေကိုပဲ …

မြောက်ဦးမြို့အတွင်း မြန်မာစစ်တပ်မှ သွားလာလှုပ်ရှားမှုများရှိနေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

By DMG /2022 September 4 ပုံစာ – ဖမ်းဆီးခံရသူ မြောက်ဦးဒေသခံ ကိုကျော်ဇံဝေ(ခ)ကိုရင်ဆို့။ ရခိုင်ပြည်၊ မြောက်ဦးမြို့အတွင်းတွင် မြန်မာစစ်တပ်က ယနေ့(စက်တင်ဘာ ၄ ရက်) နံနက်စောပိုင်းအချိန်မှစ၍ သွားလာလှုပ်ရှားမှုများရှိနေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း …

နစကဟာ သူရဲဘောကြောင်ပြီး လက်နက်မဲ့ပြည်သူတွေကိုသာတိုက်ခိုက်ရဲတဲ့သူတွေလို့ AA တပ်မှူးချုပ်ပြော

(တကျော့ပြန်တိုက်ပွဲကာလမှာ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အငြိုးထားလုပ်ဆောင်နေဟုဆို) By Border News Agency/2022 September 4 နစက(စစ်ကောင်စီ)ကတော့ သူရဲ့ယုတ်မာပြီး ရက် စက်တဲ့ စာအုပ်ကြီးရဲ့လုပ်နေကြပုံစံအတိုင်းလုပ်နေပြီးသူရဲဘောကြောင်ကာ လက်နက်မဲ့ပြည်သူတွေကိုသာတိုက်ခိုက်ရဲတဲ့သူတွေက မြောက်ဦးကို ဓါးစာခံလုပ်နေကြတယ်လို့ ရက္ခိုင့်တပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က …

စစ်တွေတက္ကသိုလ်အနီးရှိ ရဲတပ်ရင်းရှေ့မှာ မူဆလင်တစ်ဦးကို ရဲကပစ်သတ်

By Border News Agency/2022 September 4 (ဓာတ်ပုံ-ရဲကပစ်ခတ်လိုက်လို့ သေဆုံးသွားသူ/ပေးပို့) ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်အနောက်ဖက် ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ရှေ့မှာ စက်တင်ဘာ လ ၄ ရက်၊ဒီနေ့မနက်က ဆိုင်ကယ်စီး လာတဲ့ မူဆလင်လူငယ်နှစ်ဦးကို …