By Voice Of Westland/2022 September9
ပွဲစီစဉ်သူတွေရဲ့ ပြောကြားချက်အရ အရင်နှစ်တွေတုန်းကလို ဆရာတော်ဦးဥတ္တမကို လာရောက်ဂါရဝ ပြုသူတွေ နည်းပါးသွားတယ်လို့ သိရပါတယ်။
ဆရာတော်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတွေအထိ သွားရောက်ပြီး နိုင်ငံရေးရှေ့ဆောင်လမ်းပြလုပ်နိုင်ခဲ့တဲ့အတွက် အာရှနေဝန်းအာဇာနည်သူရဲကောင်းတစ်ပါးလည်း ဖြစ်ပါတယ်။
ဆရာတော်ကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်တွေမြို့ မှာ မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော် မူခဲ့တာ ဖြစ်ပါတယ်။