By DMG /2022 September9

ယနေ့ကျရောက်သည့် (၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်အနှံ့တွင် ကျင်းပပြုလုပ်လျက်ရှိကြသည်။
ဆရာတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ရှေ့ဆောင်လမ်းပြခဲ့သည့်အတွက် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်။
ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့၌မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ပူဇော်ကန်တော့ခဲ့ကြသည်မှာ ယခုအခါ (၈၃)နှစ် ရှိခဲ့ပြီဖြစ်သည်။
ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ယခင်စစ်အစိုးရလက်ထက်က ကျင်းပခွင့်မပြုခဲ့ဘဲ ကျင်းပရန်စီစဉ်သူများကိုလည်း ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်တွင် ဆရာတော်ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ရရှိလာခဲ့သည်။
# R002 ၊ I-001
https://www.facebook.com/dmgnewsagency/posts/2384904398328624