By Border News Agency/2022 September 22

(ဓာတ်ပုံ-ရခိုင်မှာအာဏာသိမ်းစစ်တပ်အသုံးပြုနေတဲ့ရေတပ်သင်္ဘောတစ်စီကို စစ်တွေမြို့အနီးတွေ့ရပုံ/BNA)
ရခိုင်ပြည်အတွင်းရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို အာဏာသိမ်းစစ်ကောင်စီက ပိတ်ဆို့ထားတာတွေကြောင့်ပြည်သူတွေအတွက် ထိခိုက်မှုတွေများစွာရှိ
နေတာမို့ ဒါဟာလူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။
နှစ်နိုင်ငံနယ်စပ်ကုန်းသွယ်ရေးစခန်းရှိနေတဲ့မောင်တောမြို့အပါအဝင်ရသေ့တောင်၊ဘူးသီးတောင်စတဲ့မြို့နယ်တွေကို ပြီးခဲ့တဲ့သြဂုတ်လ ၁၄ကနေစပြီး ကုန်းလမ်း၊ရေလမ်းတွေကို ကန့်သတ်ထားပြီး ပြည်သူတွေလွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ဆို့ထားတာဟာ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်လို့
ဆိုကြပါတယ်။
အဲဒီအကျိုးဆက်ကြောင့်စီးပွားရေး၊လူမူရေး၊ပညာ ရေးနဲ့ကျန်းမာရေးကအစ ပိုမိုခက်ခဲသွားတာမို့ ဒီလုပ်ရက်ဟာ ပြည်သူတွေရဲအခြေခံလူ့အခွင့်အရေးကိုပိတ်ပင်တာဖြစ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
”ကျွန်တော်တို့က အရင်ကတည်းက လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရတာ၊ခုဆိုပိုးဆိုးသွားတာပေါ့။နေအိမ်အပြင်သို့ထွက်ရမှာတောင်စိုးရိမ်နေရပါတ ယ်။စားဝတ်နေရေး၊ကျန်းမာရေးကိစ္စတွေက ပိုဆိုးလာတာပေါ့။”လို့ မောင်တောမြို့နယ်၊ပန်းတောပြင်ကျေးရွာနေမွတ်ဆလင်တစ်ဦးက ဆိုပါတယ်။
အဲဒီမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့ နယ်တွေမှာ မွတ်ဆလင်လူဦးရေများပြားသလို ကန့်သတ်ပိတ်ဆို့ခံထားရမှုတွေပြားနေတာမို့ စားဝတ်နေရေး၊ကျန်းမာရေးကိစ္စတွေမှာ UN၊INGO/NGO တွေကိုသာ အဓိကအားကိုးနေကြရတာလို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
ဒါပေမယ့်အာဏာသိမ်းစစ်ကောင်စီကတော့ မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်အပါအဝင် ရခိုင်က မြို့နယ်ခြောက်ခုရှိ UN၊INGO/NGO တွေကို
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတွေကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ရပ်တန့်ခိုင်းထားပါတယ်။
အဲဒီလိုပိတ်လိုက်တာကြောင့် တက္ကသိုလ်အဝေးသင်တက်မယ့်ကျောင်းသား/ကျောင်းသူတွေ သွားလာရခက်ခဲသွားသလို အဲဒီမြို့တွေရှိစစ်ဘေးရှောင်တွေ
လည်း စားဝတ်နေရေးပိုပြီးခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။
“စစ်ဖြစ်ရင်လည်း ပြည်သူတွေနဲ့နီးကပ်တဲ့နေရာတွေမှာမဖြစ်သင့်။အခုရွာထဲထိပါတပ်စွဲထားတယ်။လမ်းတွေလည်းပိတ်ထားတယ်။ပြည်သူတွေကစားဝတ် နေရေး၊ကျန်းမာရေးဘက်ပေါင်းစုံခံစားနေရတယ်။အဝေးသင်တက်နေတဲ့ သူတွေဆိုရင် လမ်းတွေပိတ်ထားလို့ စာ မေးပွဲဖြေဖို့မရတာတွေရှိတယ်။ဒါဟာ လူ့အခွင့်ရေးတွေကိုပိတ်ပင်ထားတာ”လို့ ရသေ့တော င်မြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။
အဲဒီလို့မျိုးပိတ်ဆို့ကန့်သတ်ထားထားတာဟာ စစ်အာဏာရှင်တွေလုပ်နေကျဖြတ်လေးဖြတ်ဖြစ်ပေမယ့်ခုလိုကာလမျိုးမှာ အဲဒီလိုမျိုးတွေလုပ်နေရင်လ ည်း ရက္ခိုင့်တပ်တော်(AA)ကို အပြတ်တိုက်နိုင်မှာမဟုတ်ဘူးလို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
ဒေသခံပြည်သူတွေကတော့ လမ်းကြောင်းတွေအ ကုန်လုံးကိုပြန်ဖွင့်ပေးစေချင်ပြီးအရင်လို့ လွတ်လပ်စွာသွားလာခွင့်ရချင်တယ်လို့ ဆိုကြပါတယ်။
အဲဒီလိုမျိုးဖွင့်မပေးဘဲဆက်ပိတ်ထားရင်တော့ ကုန်စျေးနှုန်းတွေအမြင့်ဆုံးဖြစ်လာနိုင်ပြီးအကျပ်အ တည်းတွေပိုဖြစ်လာမှာကို ပြည်သူတွေစိုးရိမ်နေကြပါတယ်။
”ဆေးဝါးတွေပြတ်သွားမှာလည်းစိုးရိမ်ရတယ်။စစ်ဖြစ်မယ်ဆိုလည်း သူ့တိုဗျူဟာနဲ့ဖြစ်ပါ။အခုကြားထဲမှာပြည်သူတွေမြေစာပင်ဖြစ်နေရတယ်။ဖြစ်နိုင်ရင်လမ်းတွေကိုပြန်ဖွင့်ပေးစေချင်တယ်”လို့ ဘူးသီးတောင်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လမ်းပန်းဆက်သွယ် ရေးတွေကို အဲဒီလိုပိတ်ဆို့ထားတာဟာ စားဝတ်နေရေးသာမကဘဲ အသက်ရှင်ရပ်တည်းရေးအတွက်
ဆေးဝါးကုသခွင့်တွေကိုပါ ထိခိုက်နစ်နာနေကြရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုမျိုးပိတ်ဆို့ကန့်သတ်ထားတာမို့အရေးပေါ်လူနာသယ်ယူပို့ဆောင်ရေးတွေမှာ အချိန့်ကြန့်ကြာလို့ အရေပေါ်လူနာတွေအတွက် အသက်အန္တရာယ်အထိရှိနေသလို ဒေသခံပြည်သူအားလုံးကို သတ် ဖြတ်နေတာနဲ့တူနေတယ်လို့လည်း ဝေဖန်ပြောဆိုနေကြပါတယ်။
“လမ်းပိတ်ထားလို့ အရေးပေါ်လူနာတွေ စစ်တွေသွားကုရဖို့ဆိုရင်မသွားရတော့။လူနာတွေသေကုန်ကြပြီ။ဆေးရုံမှာဆေးဝါးတွေရှိတယ်။ကုသမယ့် ကိရိ ယာမပြည့်စုံတော့ စစ်တွေကိုပဲသွားရတယ်လေ။ဒါက စစ်ကောင်စီက တစ်မြို့လုံးကိုသတ်တာနဲ့အတူတူပဲ။”လို့မောင်တောမြို့နယ်မှ လူမှုကူညီရေး
ဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။
အဲဒီမြို့နယ်တွေမှာ တစ်မြို့ကနေပြီးတစ်မြို့သို့သွား လာခွင့်သာမက တစ်ရွာကနေတစ်ရွာသို့သွားလာခွင့်တွေအထိပါပိတ်ထားသလို လမ်းသွားလမ်းလာတွေ ကိုစစ်ဆေးတာတွေ၊နေအိမ်တွေကိုဝင်ရောက်ရှာဖွေတာတွေအပြင် အကြောင်းမဲ့မတရားဖမ်းဆီးတာတွေကိုလည်းပြုလုပ်နေကြတယ်လို့ ဒေသခံပြည် သူတွေက ဆိုကြပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လင်းဦးမှ စက်တင်ဘာ လ ၂၀ ရက်နေ့က ရခိုင်ရှိစစ်ကောင်စီတပ်ဖွဲ့အားလုံးလိုက်နာလုပ်ရမယ့်ဆယ်ချက်ပါလျှို့ဝှက်ညွှန်ကြားစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမှာ ”စစ်ဆေးရေးဂိတ်များအားလုံး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန်။ကုန်း လမ်း၊ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များကို စနစ်တကျစစ်ဆေးသွားရန်။ကုန်သည်၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ဝန်ထမ်းများကိုခေါ်ယူ၍ အစည်းဝေးပြုလုပ်ပြီး AA နှင့်ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဟု ချပြ ပြောကြားရန်။”စတဲ့အချက်တွေအပါအဝင် ဆယ်ချက်ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မောင်တောဒေသကရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့နိုင်ငံတကာမှာ တရားစွဲ ဆိုခံထားရပြီး”မြန်မာနိုင်ငံတစ်ဝန်းမှ ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှုရှိစေရေးနှင့် ကြမ်းကြုတ်ရက် စက်မှုများနှင့်အခြားလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူ များကို တာဝန်ယူမှု၊တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်မှာ ခိုင် ကျည်မြဲမြံလျက်ပင်ရှိပါသည်။”လို့
အမေရိကန်သံရုံးမှ မနေ့က ထုတ်ပြန်ထားပါတယ်။
#BNA#ရခိုင်#စစ်ကောင်စီ#ပိတ်ဆို့#ဒေသခံ#ပြည်သူ#လူ့အခွင့်အရေး#
https://www.facebook.com/permalink.php?story_fbid=178654934682679&id=100076145194525