By Voice Of Westland/2022 September9
ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းနဲ့ တရုတ်ရေနက်ပိုက်လိုင်းဆိပ်ကမ်းစီမံကိန်းတွေ ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အဲဒီဒေသမှာ ရေလုပ်ငန်းဂွင်တွေဟာ အကုန်လုံးပျက်စီးသွားတယ်။ သင်္ဘောတွေ ဝင်လာလို့ရှိရင် ဘယ်နေ့မထွက်ရဘူး။ ဘယ်နေရာတွေကို မသွားရဘူး။ ကန့်သတ်နယ်မြေတွေ ဖြစ်သွားတယ်။ အဲလိုဖြစ်သွားတဲ့အတွက် အခုလက်ရှိဒေသခံတွေဟာ ရေလုပ်ငန်းကို လုပ်ကိုင်စားသောက်လို့မရတော့တဲ့ အနေအထားကို ရောက်ရှိနေတယ်။ လို့ ကျောက်ဖြူမြို့နယ်၊ ပြည်နယ်ကိုယ်စားလှယ်ဟောင်း ဉီးဖိုးစံက VOW ကို ပြောဆိုလိုက်ပါတယ်။