By Narinjara /2022 September 6
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယုတောင်တန်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အဲဒီဒေသက ကျေးရွာတွေကို ပိတ်ဆို့ထားခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီဘက်က ဆန်အအပါအဝင် ရိက္ခာများသယ်ယူပို့ဆောင်မှုတွေကို တားမြစ်ခြင်း၊လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်မှုတွေကို ဩဂုတ်လ ၁၄ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ရက်ပေါင်း ၂၀ ကျော် ကြာတဲ့အထိပြုလုပ်နေတဲ့အတွက် မေယုကမ်းဒေသရှိကျေးရွာတွေနဲ့ မောင်တောတောင်ပိုင်းရှိကျေးရွာတွေက ဒေသခံတွေအနေနဲ့ အခက်အခဲဖြစ်နေကြတာလည်းဖြစ်ပါတယ်။