By Border News Agency/2022 September 12
(ဓာတ်ပုံ-ရသေ့တောင်မြို့ပေါ် သာသနာ့ဇောတိပါလ ကျောင်းရှိ စစ်ဘေးရှောင်တွေကို စက်တင်ဘာလ ၁၀ ရက်နေ့ကတွေ့ရစဥ်/BNA)
ရသေ့တောင်မြို့ပေါ် ရှိ သာသနာ့ဇောတိပါလကျော င်းသို့ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေပါတယ်။
သူတို့အထဲမှာ ကလေးသူငယ်တွေ၊သက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးတွေသာပိုများတာမို့ အစားအစာ၊ဆေးဝါးနဲ့အသုံးအဆောင်ပစ္စည်းတွေ အကူအညီလိုအပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင် စု ၁၃၇ စုက လူဦးရေ ၃၂၅ ယောက်ဟာသြဂုတ်လ ၃၁ ရက်နေ့ကစတင်ရောက်ရှိ ခိုလှုံနေကြတာဖြစ်ပါတယ်။
သူတို့ဟာ သြဂုတ်လ ၃၀ ရက်နေ့ညကရသေ့တောင်မြို့နယ်၊မညှင်းတောင်ကျေးရွာအနီးမှာ အေအေနဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာမို့ ထွက်ပြေလာသူတွေဖြစ်ပါတယ်။
အဲဒီအထဲမှာ အများစုဟာ ငစံဘော်ကျေးရွာကဖြစ်ပြီး အောင်မြေကုန်း၊ငတောက်တူချေ၊ကျောက်ရံ၊ကုန်တန်း၊ အလယ်ရွာချေ၊ရေမျက်ကျေးရွာတွေက ဖြစ်ပါတယ်။
#BNA#ရခိုင်#ရသေ့တောင်#စစ်ဘေးရှောင်# အသစ်#အကူအညီ#ဆေးဝါး#
https://www.facebook.com/permalink.php?story_fbid=176351891579650&id=100076145194525