ရမ်းဗြဲမြို့ပေါ်က အရပ်ဖက်အဖွဲ့ဝင်တချို့နေအိမ်တွေကိုဝင်ရှာပြီးနောက် အရပ်သားနှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

By Border News Agency/2022 September 22

(ဓာတ်ပုံ-ရခိုင်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင်တချို့/BNA)

ရခိုင်ပြည်၊ရမ်းဗြဲမြို့ပေါ်က အရပ်ဖက်အဖွဲ့အစည်းဝင်တချို့နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီးနောက်ညဖက်မှာတော့ ရပ်ကွက်နှစ်ခုက ဒေသခံအမျိုး သားနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက စက်တင် ဘာလ ၂၁ ရက်၊မနေ့ကဖမ်းဆီးသွားတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

အဲဒီမြို့ပေါ်က လူငယ်အရေး၊လူမှုရေး၊ပရဟိတလု ပ်ငန်းတွေလုပ်ကိုင်နေတဲ့ လူငယ်အမျိုးသမီးတစ်ဦးအပါအဝင်လူငယ်သုံးဦးရဲ့နေအိမ်တွေကို အာဏာ သိမ်းစစ်တပ်က ဒုတိယအကြိမ်မြောက်ဝင်ရောက်စစ်ဆေးရှာဖွေခဲ့တာလို့ ဆိုပါတယ်။

”ဒါက ဒုတိယအကြိမ်လာစစ်တာပါ။မနေ့က လေးနာရီကျော်လောက်အင်အား၂၀ နဲ့လာစစ်တာပါ။တချို့အိမ်တွေကို အိမ်ထဲထိဝင်ရှာပြီးပစ္စည်းတွေ

ကအစ ဓာတ်ပုံရိုက်ယူသွားပါတယ်။” လို့ နေအိမ်သို့ဝင်ရောက်စစ်ဆေးခံခဲ့ရသူအမျိုးသမီးက ဆိုပါတယ်။

အဲဒီနောက်ညဖက်မှာ ရမ်းဗြဲမြို့၊ အမှ တ် ၃ တန်းနားပြင်ရပ်ကွက်က ကိုအော င်လင်းထွန်းနဲ့အမှတ် ၃ အင်းတောင်ရပ်ကွက်က ကိုသက်ခန့်ဇော်တို့ကို သူတို့နေအိမ်က ဖမ်းဆီးသွားတာလို့ မြို့ခံတွေက ဆိုကြပါတယ်။

သူတို့နှစ်ဦးကို မနေ့ကညဉ့် ၁၁ နာရီအချိန် စစ်ကော င်စီက ဧည့်စာရင်းစစ်မယ်ဆိုပြီးသူတို့ရဲ့နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

“ဖမ်းခေါ်သွားတဲ့ လူနှစ်ယောက်လုံးက အမှတ် ၃ ရပ်ကွက်ကပါ။တစ်ယောက်က အင်းတောင်က၊တယောက်တန်းနားပြင်က။ညဉ့် ၁၁ နာရီလောက်မှာ ဖမ်းသွားတာ”လို့ ရမ်းဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လူမှုရေးအဖွဲ့အစည်း တွေမှာဦးဆောင်လုပ်နေကြသူတွေအပြင် ရခိုင်က အရပ်ဖက်အဖွဲ့အစည်းဝင်တွေကိုလည်း နေအိမ်တွေထိရှာဖွေဖမ်းဆီးဖို့ကြိုးစားနေတာတွေကို ဆက်တို က်လုပ်ဆောင်လာတဲ့အတွက် အရပ်ဖက်အဖွဲ့ဝင်တွေ တိမ်းရှောင်နေကြရတယ်လို့ ဆိုကြပါတယ်။

“အခုရမ်းဗြဲမှာ စစ်တပ်က အရပ်ဖက်အဖွဲ့အစည်းဝင်တွေ၊လူမှုရေးတက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးဖို့ကြိုးစားနေတယ်။ကျနော်တို့လည်း ခုရှောင်နေရတ ယ်။”လို့ ရမ်းဗြဲမြို့မှ တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက BNA သို့ ပြောပါတယ်။

အာဏာသိမ်းကောင်စီတပ်ဟာ မနေ့ညကရမ်းဗြဲမြို့ပေါ်ကဒေသခံနှစ်ဦးအပြင်ကျောက်ဖြူမြို့က ကလေးသူငယ်တချို့နဲ့ဒေသခံတချို့ကိုလည်း ဖမ်း ဆီးခေါ်ဆောင်သွားတယ်လို့ ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဒီနှစ်အတွင်း ရခိုင်ပြည်သူတစ်ရာကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအများစုဟာ မိသားစုနဲ့အဆက်အသွယ်မရသလို ကလေးသူငယ်တွေ၊အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ စောင့်ကြည့်နေသူတွေနဲ့ဒေသခံတွေက ဆိုကြပါတယ်။

#BNA#ရခိုင်#ရမ်းဗြဲ#CSOs#စစ်ကောင်စီ#ရှာဖွေ# ဖမ်းဆီး#နှစ်ဦး#

https://www.facebook.com/permalink.php?story_fbid=178695681345271&id=100076145194525

Leave a Reply

Your email address will not be published.