By Voice Of Westland/2022 September 22

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တစ်ခုလုံးကို ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၉ နာရီလောက်က စစ်တပ်ဘက်က ဝင်ရောက်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက မြို့တစ်ခုလုံးကို လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်စစ်ဆေးနေတာ ဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
”တစ်မြို့လုံးကို ပတ်ပြီးဧည့်စာရင်း ဝင်စစ်နေပါတယ်။စစ်တပ်အင်းအားက ၁၀ ကျော်လောက်ရှိတယ်။ လက်နက်အပြည့်အစုံနဲ့ဝင်စစ်တာပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း မပါဘူး။ ဘာကြောင့်စစ်ရတယ်ဆိုတာကို သူတို့က ရေရေရာရာ မပြောဘူး။ ကျနော်တို့အိမ်ကို ဝင်မွှေပြီးတော့ ကျနော့်ကို ဘယ်မှာနေတယ်။ ဘယ်ကိုသွားသလဲ ဆိုတာကို ကျနော့်မိသားစုတွေကို မေးသွားပါတယ်”လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရမ်းဗြဲမြို့က အိမ်တွေကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်နေပြီး၊ရမ်းဗြဲလူငယ်အဖွဲ့အစည်းက လူတွေကိုလည်း ဝင်ရောက်ရှာဖွေနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။
ဘာကြောင့် အခုလို ဝင်ရောက်စစ်ဆေးနေတယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ရေးရာလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့လည်း အဆက်အသွယ်မရရှိခဲ့ပါ။