By Border News Agency/2022 September 21

(ဓာတ်ပုံ -ဘူးသီးတောင်မြို့နယ်မှာ ၂၀၁၉ စကစလက်နက်ကြီးကျရောက်ပြီးသေဆုံးသွားတဲ့အမျိုး သမီးတစ်ဦး/BNA)
ရခိုင်တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန် ဆောင်အမျိုးသမီး၊ကလေးငယ်အပါအဝင် အရပ် သားပြည်သူ ၆ ဦးသေဆုံးပြီးဒဏ်ရာရသူ ၁၉ ဦးရှိပြီဖြစ်ပါတယ်။
ဒီနှစ်ဩဂုတ်လကနေ စတင်ပြီးရပ်သားပြည်သူတွေရဲ့ထိခိုက်ဒဏ်ရမှုအခြေအ နေနဲ့ပတ်သက်လို့ ဒေသ ခံတွေပြောပြချက်တွေကို BNA က စာရင်းပြုစုထားတာဖြစ်ပါတယ်။
အဲဒီလိုသေဆုံး၊ဒဏ်ရာရခဲ့ကြရသူတွေဟာ တိုက်ပွဲတွေနဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေဖြစ်သလို တိုက်ပွဲဧရိယာနဲ့လည်း အလှမ်းဝေးတဲ့လူနေကျေးရွာတွေအတွင်းသို့ လက်နက်ကြီးကျည်တွေကျရောက် လာလို့ သေဆုံး၊ထိခိုက်ခဲ့ကြရတာဖြစ်တယ်လို့ ဒေသခံမျက် မြင်တွေက ဆိုကြပါတယ်။
အဲဒီသေဆုံးသူတွေဟာ ကျောက်တော်မြို့နယ်၊ခေါင်းတုတ်ရွာမှကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊မြောက်ဦးမြို့နယ်၊ကင်းဆိပ်ရွာမှအသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး၊အသက် ၆၃ နှစ်အ ရွယ်အမျိုးသမီးတစ်ဦး၊အသက် ၃၅ နှစ်အရွယ်၊အမျိုး သားတစ်ဦး၊မောင်တောမြို့နယ်၊မင်းကြီးရွာမှ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးနဲ့ ရခိုင်-ဘင်္ဂလားဒေရှ့်နယ်စပ်၊ဘင်္ဂလားဒေရှ့်ဖက်ခြမ်း၊မူဆလင်ဒုက္ခသည်စခန်းမှ အသက် ၁၇ နှစ်အရွယ်တစ်ဦးတို့ ဖြစ်ကြပါတယ်။
အဲဒီစစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် သေဆုံးရသူတွေထဲမှာကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အမျိုးသမီးသုံးဦးပါဝင်သလို အသက်မပြည့်သေးသူကလေးငယ်နှစ်ဦးလည်း ပါဝင်တာတွေ့ရပါတ ယ်။
အဲဒီအပြင် ဒဏ်ရာရတဲ့ ၁၉ ဦးအထဲမှာလည်း ကိုယ် ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသ မီးရှစ်ဦးပါဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေးင ယ်သုံးဦးလည်း ပါဝင်နေပါတယ်။
အဲဒီဖြစ်စဉ်တွေအကုန်လုံးဟာ စစ်ကောင်စီတပ်က လူနေကျေးရွာတွေဆီ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာဖြစ်တယ်လို့ ရခိုင်အရေးလေ့လာသူတွေက ဆိုကြပါတယ်။
“ဘာမှမဆိုင်တဲ့ ပြည်သူတွေကို တမင်သတ်သတ်လုပ်တာ၊တမင်သတ်သတ် အနိုင့်ကျင့်တာ။”လို့ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် မိသားစုဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်တော်မြို့နယ် နဂရာရွာသားတွေ ထိခိုက်ခဲ့ရခြင်းဟာ စစ်ကောင်စီတပ်မက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ရွာအတွင်းရှိ နေအိမ်ပေါ် ကျရောက်လာတဲ့အတွက်ဖြစ်ပြီး အဲဒီအနီးအနားမှာ တိုက်ပွဲဖြစ်ပွားမှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ရွာသားတွေက ဆိုပါတယ်။
အဲဒီလိုပဲရွာထဲသို့ လက်နက်ကြီးကျည်ကျလို့ အရပ် သားသုံးဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရခဲ့တဲ့မြောက် ဦးမြို့နယ်၊ကင်းဆိပ်ရွာအနီးမှာလည်း တိုက်ပွဲတစ်စုံ တစ်ရာမရှိခဲ့ဘဲရှစ်မိုင်လောက်ဝေးတဲ့ လက္ကာရွာအနီးမှာပဲ ပစ်ခတ်မှုအနည်းငယ်ရှိခဲ့တာလို့ ဆိုကြပါတယ် ။
မောင်တောမြို့နယ်၊မင်းကြီးရွာက အမျိုးသမီးဆိုရင်လည်း လူနေကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျလာလို့ သေဆုံးခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
မူဆလင်ဒုက္ခသည်စခန်းက ဒုက္ခသည် သေဆုံး၊ဒဏ် ရာရကြတာဟာလည်း စစ်ကောင်စီတပ်ရဲ့တိုက်လေ ယာဉ်ပေါ်ကနေလက်နက်ကြီးကျည်ကျရောက်လာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ အဲဒီစခန်းက ဒုက္ခ သည်တွေက BNA ကို ပြောပါတယ်။
နောက်ထပ်ကျောက်တော်မြို့နယ်၊ခေါ င်းတုတ်ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ စစ်ကောင်စီတပ်မဆီကနေ အဆက်မပြတ်ပစ်ခတ်နေတဲ့ လက် နက်ကြီးပစ်ခတ်သံကြောင့် ကြောက်လန့်သေဆုံးခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီလိုမျိုးလက်နက်ကြီး၊လက်နက်ငယ်တွေကို စည်းမဲ့၊ ကမ်းမဲ့ပစ်ချင်တဲ့နေရာကိုပစ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေမှာလည်း ထိချင်တဲ့နေရာကိုထိဆိုတဲ့သဘောမျိုးနဲ့ပစ်နေတာဖြစ်တယ်လို့ အေအေပြော ရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
“မြန်မာစစ်တပ်ဖက်ကတော့ သူတို့ဟာ ပစ်ချင်တဲ့နေရာကို ပစ်ချင်တဲ့အချိန်မှာ ပစ်နေတာဖြစ်ပါတယ်။အထူးသဖြင့် တော်လှန်ရေးကိုထောက်ခံတဲ့အရပ် သားပြည်သူတွေကို ဦးတည်ပြီးတော့ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ဒါတွေဟာ စစ်ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။
ရခိုင်စစ်ရေးလေ့လောသူတွေကလည်း စစ်ကောင်စီတပ်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်းမှာ ဒေသ ခံတွေကိုပိုပြီးတော့ ဦးတည်တိုက်ခိုက်မှုတွေ လုပ်လာနေတာတွေ့ရတယ်လို့ ပြောကြပါတယ်။
အဲဒီလိုဖြစ်စဉ်တွေ မဖြစ်ဖို၊စစ်ကောင်စီတပ်က လ က်နက်ကြီးတွေနဲ့စည်းမဲ့က မ်းမဲ့မပစ်နိုင်ဖို့အတွက်ဆိုရင် လက်နက်ရောင်းနေတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ လက်နက်မရောင်းဖို့လိုသလို အိမ်နီးချင်းနိုင်ငံတွေကလည်း ခုလိုမျိုးလူ့အခွင့်အရေးချိုးဖောက်မှု၊စစ်ရာဇဝတ်မှုကျူး လွန်မှုတွေနဲ့ ပက်သက်လို့ ဝိုင်းဝန်းထိန်းကျောင်းကြဖို့လိုတယ်လို့ ခိုင်သုခက ဆိုပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း အာဏာသိ မ်းစစ်တပ်ကို လက်နက်ရောင်းချတာတွေ မလုပ်ကြဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ လ ၂၁ ရက်၊ဒီနေ့လည်း ရသေ့တောင်မြို့နယ်ထဲမှာ လက်နက် ကြီးပစ်ခတ်မှုတွေပြုလုပ်နေသလို မောင်တောမြို့ နယ်၊ကပ္ပကောင်းကျေးရွာသားအားလုံးကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
#BNA#ရခိုင်#အာဏာသိမ်း#စစ်တပ်#လက်နက်ကြီး #ပစ်ခတ်မှု#သေဆုံး#ဒဏ်ရာရ#အမျိုးသမီး# ကလေးသူငယ်#
https://www.facebook.com/permalink.php?story_fbid=178466971368142&id=100076145194525