ရခိုင်စစ်ဘေးရှောင်တွေ ဘာကြောင့် သေကြောင်း ကြံလာရသလဲ

By Border News Agency/2022 September 6

(ဓာတ်ပုံ-ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း

”ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုဆိုင်ရာအကျပ်အတ ည်း(Development Crisis)ကို ရင်ဆိုင်နေရပါသည်။ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်းအားလုံးအနေ

ဖြင့် ကာလရှည်ကြာစွာဖြစ်တည်နေသော ဆင်းရဲ နွမ်းပါးမှု၏ဒဏ်ကို ခံစားနေကြရပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်နှိုင်းယှဥ်ပါက ပြည်နယ်အတွင်းရှိ

နေရာဒေသအားလုံးနီးပါးသည် ကဏ္ဍအသီးသီး၌ နောက်ကျကျန်နေခဲ့ပါသ ည်။”လို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ဆိုထားပါတယ်။

စစ်တပ်ကအာဏာမသိမ်းခင်ကတည်းက ရခိုင်မှာ တိုက်ပွဲတွေရပ်တန့်နေခဲ့ပေမယ့် စစ်ဘေးရှောင်တွေအပါအဝင် အခြေခံလူတန်းစားအများအပြားမှာ

စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်ခံစားနေကြရတယ်လို့ ဆိုပါတယ်။

အဲဒီအကျိုးဆက်တွေကြောင့် ရခိုင်မှာ နေ့စဉ်နဲ့အမျှ လူသေမှု၊လူသတ်မှုတွေနဲ့မိမိကိုယ်ကိုသတ်သေတဲ့အမှုတွေ တိုးလာနေတယ်ဆိုတာ အရပ်ဖက်လူမှုကူ

ညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့စာရင်းတွေအရ သိရပါတယ်။

အဲဒီလို မိမိကိုယ်ကို သတ်သေတဲ့အမှုတွေထဲမှာ သာ မန်အရပ်သားသေဆုံးသူတွေရှိသလို စစ်ဘေးသင့်ပြီး နေ့ရပ်စွန့် ခွာသူတွေလည်း ပါဝင်နေပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲကာ လ ၂ဝ၁၈ ခုနှစ်၊ဒီဇင်ဘာလဆန်းပိုင်းကနေ ၂ဝ၂ဝပြည့်နှစ်၊နိုဝင်ဘာလအထိ စစ်ဘေးရှောင်ဦးရေသုံးသိန်းနီးပါးရှိခဲ့ပါတယ်။

အဲဒီစစ်ဘေးရှောင်အများစုဟာကျောက်တော်၊မြောက်ဦး၊မင်းပြား၊ရသေ့တောင်၊ဘူးသီးတောင်၊ပုဏ္ဏားကျွန်းနဲ့အမ်းမြို့နယ်တို့မှာ တိုက်ပွဲတွေပြင်း ထန်ခဲ့ကြပြီး ရခိုင်သာမကဘဲ ချင်း၊မြိုနှင့် ခမီမျိုးနွယ်စုတချို့လည်း စစ်ဘေးရှောင် ဖြစ်ခဲ့ကြပြီးတော့ သူတို့တွေဟာ နေရပ်စွန့်ခွာပြီး စစ်တွေမြို့အပါအဝ င်အခြားမြို့နယ်တွေဆီကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

အဲဒီနောက် စစ်အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံစီးပွားရေးဟာလည်း ကမောက်ကမဖြစ်ပြီးတော့ ကုန်ဈေးနှုန်းတွေဟာ တဟုန်ထိုးမြှင့်တက်လာခဲ့ပြီး ကူညီထောက်ပံ့မှုတွေကိုသာ အားထားနေရတဲ့ စစ်ဘေးရှောင်တွေဟာအကြွေး တွေလည်ပင်းနစ်တဲ့အ ထိ ဖြစ်ခဲ့ရပြန်ပါတယ်။

ရခိုင်မှာ တိုက်ပွဲမဖြစ်ခင် ဆန်တစ်အိတ်ကို ပျဉ်းမျှနှစ်သောင်းကျော် သုံးသောင်းကျပ်ကနေ တဖြည်း ဖြည်းတက်လာတာ လက်ရှိမှာတော့ ဆန်စျေးက ကျပ် ‌‌ရှစ်သောင်းကျော်အထိ ပေးဝယ်နေရပြီဖြစ်ပါတယ်။

အဲဒီလိုကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာ နေပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ရခိုင်က စစ်ဘေးရှောင်တွေကို စာနပ်ရိက္ခာထောက်ပံ့ကူညီမှုတွေကို ရပ်တန့်ထားသလို တခြားကူညီပေးနေတဲ့အဖွဲ့အစည်းတွေကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။

နောက်ပြီး ပြည်မကနေ ရခိုင်သို့ဝင်တဲ့ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေအားလုံးကိုလည်း အာဏာ သိမ်းစစ်တပ်ရဲ့ ရခိုင်က နယ်စပ်ရေးရာလုံခြုံရေးဝန်

ကြီးက ချုပ်ကိုင်သန့်သတ်ထားတာမို့အခြေခံ စား သောက်ကုန်နဲ့လူသုံးကုန်အားလုံးမှာ မလိုအပ်ဘဲ စျေးမြင့်တက်မှုတွေဖြစ်လာခဲ့ပါတယ်။

ဒီဆိုးကျိုးတွေရဲ့နောက်ဆက်တွဲပြဿနာကတော့ ရခိုင်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုတွေ တိုးလာခဲ့တာဖြစ်ပါတယ်။ဒီအထဲမှာ သာမန်လူတွေလောက် အသက်ရှုမရှောင်တဲ့ စစ်ဘေးရှောင်တွေဟာလည်း သူတို့ဘဝကိုသူတို့အရှုံးပေးပြီး သေ ကြောင်းကြံစည်မှုရှိလာခဲ့ပါတယ်။

လွန်ခဲ့တဲ့၂ဝ၂၂ ခုနှစ်၊ဇူလိုင်လ ၃ဝ ရက်နေ့က ကျောက်တော်မြို့နယ် နေပူခံ စစ်ဘေးရှောင်စခန်းက အသက် ၅ဝ ကျော်အရွယ်ဦးမောင်ဖြူလှဟာ မိသားစုဝင်တွေမရှိခိုက်မှာ မိမိကိုယ်ကိုဝမ်းဗိုက်ကို ဓါးနဲ့ထိုးပြီး သေကြောင်းကြံစည်ခဲ့ပါတယ်။

ဒါပေမယ့် ဘေးပတ်ဝန်းကျင်က လူတွေ မြင်တွေ့ပြီး အချိန်မှီဆေးရုံပို့နိုင်ခဲ့ကြောင့် အသက်မသေဘဲ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရခိုင်အခြေစို က်သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဗိုက်အောင့်တဲ့ရောဂါအခံရှိတဲ့ ဦးမောင်ဖြူလှဟာ စစ်ဘေးရှောင်စခန်းမှာ အ လုပ်လက်မဲ့ဘဝနှင့်မနေချင်တော့တဲ့အတွက် သေကြောင်းကြံစည်ခဲ့တာလို့ ပြောပါတယ်။

“နေရတာလည်းအကျပ်အတည်း။အရင်တုန်းက ကိုယ့်အလုပ်နဲ့ဆိုတော့ နည်းနည်းပါးပါးအဆင်ပြေတယ်။ အခုက ကလေးတွေကျောင်းစာမေးပွဲစစ်ခါနီးကိုယ်က ဘာမှ မလုပ်နိုင်၊မသွားနိုင်။ ဗိုက်အောင့်လို့ တခါခါဒူးနဲ့ နဖူးထိအောင်အောင့်တယ်။မခံစားနိုင်လို့ ကိုယ့်ကိုယ်ကို လုပ်ပစ်ခဲ့တာ။” သူကရင်ဖွင့်ပါတယ်။

အဲဒီအပြင်၂ဝ၂ဝ ပြည့်နှစ်၊ဒီဇင်ဘာလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် ၊ရန်အောင်မြေစစ်ဘေးရှောင်စခန်းက အသက် ၄၀ အရွယ် ဦးလှသိန်းမှာလ ည်း စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို မခံစားနိုင်တော့လို့ ကြိုးဆွဲချသေ ဆုံးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ ၂ဝ၂၁ခုနှစ်၊ဇူလိုင် လကလည်း ဘူးသီးတောင်မြို့၊လမ်းမကျောင်းစစ်ဘေးရှောင်စခန်းက အမျိုး သမီးတစ်ဦးဟာ စားဝတ်နေရေးအခ က်အခဲကြောင့် မိမိကိုယ်ကို အဆိပ်သောက်ပြီး သေကြောင်းကြံစည်ခဲ့ ပါတယ်။

ခုလို စစ်ဘေးရှောင်တွေ သေကြောင်း ကြံစည်ရတဲ့ အဓိကအကြောင်းကတော့ အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆားအပြင် ဆေးဝါးနှင့်လူသုံးကုန်ပစ္စ ည်းတွေကလည်း တစ်နိုင်ငံလုံးမှာ တစ် နေ့ထက်တစ်နေ့ ထိုးတက်ပြီး ကုန်ဈေး နှုန်းကြီးမားမှုဒဏ်ကို ပိလာတဲ့အတွက်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

နောက်တခုက ကူညီထောက်ပံ့ရေးအဖွဲ့တွေ ဖြန့်ဝေပေးတဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေကို စစ်ကော င်စီက ကန့်သတ်တာ၊လမ်းကြောင်းလုံခြုံရေးအ ကြောင်းပြပြီး သွယ်ဝိုက်တဲ့နည်းနဲ့ စစ်ဘေးရှောင်တွေကို ရိက္ခာဖြတ်တာ တွေက စစ်ဘေးရှောင်တွေ သေကြောင်းကြံစည်မှုဖြစ်စေတဲ့ ဒုတိယအချက်လို့ ဘူးသီးတောင်မြို့၊လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်ဝင်းက သုံးသပ်ပါတယ်။

လက်ရှိမောင်တော-အငူမော်ကားလမ်းကိုလည်း စစ်ကောင်စီတပ်တွေဟာ လမ်းလုံခြုံရေးကို အကြော င်းပြလမ်းပိတ်ထားပြီး လမ်းတလျှောက်မှာရှိတဲ့ ရွာကဒေသခံတွေ စားဝတ်နေရေးအဆင်မပြေအောင် ဖန်တီးထားပါတယ်။

နောက်ပြီး စစ်ရှောင်စခန်းတွေမှာ မိမိတို့ ဝေစုရိက္ခာတွေကို အလုံအလောက်မရရှိတာ၊စခန်းတာဝန်ခံတချို့က ခေါင်းပုံဖြတ်တာတွေ ရှိနေတယ်လို့ စစ်

ဘေးရှောင်တွေက ဆိုပါတယ်။

မိမိကိုယ်ကို သေကြောင်းကြံစည်ရတဲ့ အကြောင်းအရင်းတွေကိုတော့“မူးယစ်ဆေးဝါးနှင့်အရက်အလွန်အကျွံသော က်တာ၊ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့ ရာဇဝင်ရှိတာ၊အလုပ် လက်မဲ့ဖြစ်တာ၊နေထိုင်တဲ့ ပတ်ဝန်းကျ င်ဆိုင်ရာပတ်ဝန်းကျင်ဆိုင် ရာပြဿနာတွေဖြစ်တာ၊ဆင်းရဲတာ၊လူနေမှုအဆင့် အတန်းနှိမ့်ကျတာအပြင် အကြမ်းဖက်မှုတွေ ကြုံတွေ့ရတဲ့အခါ၊မိသားစုပြိုကွဲတာစတဲ့ ပြဿနာတွေကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်ကြတယ်။”လို့ ကျန်းမာရေးဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Health Care ဖော်ပြထားပါတယ်။

အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ဆိုးဝါးတဲ့အုပ် ချုပ်မှုယန္တရားကြောင့် ရခိုင်ကအခြေခံလူတန်းစားဒေသခံပြည်သူအများစုမှာ စားဝတ်နေရေးပိုမိုခက်ခဲ

လာနေပေမယ့် ခရိုနီတွေ၊စစ်ကောင်စီနှင့်နီးစပ်တဲ့လုပ်ငန်းရှင်အများစုကတော့ အရင်တုန်းကထက် ပိုများလာနေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုပါတယ်။

အဲဒီလိုလူတန်းစားမညီမျှနဲ့တွေမြင့်တက်လာပြီး စားဝတ်နေရေးအဆင်မပြေတော့တဲ့သူတွေကတော့ သူတို့ရဲ့ ရွေးချယ်စရာလမ်းအဖြစ် မိမိကိုယ်ကိုယ်ကိုသေကြောင်းကြံစည်မှုကို ပိုမိုလုပ်ဆောင်လာကြတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့မှာ စစ်တွေမြို့ပေါ် စက်ရုံစုရပ်ကွက်က အသ က် ၅ဝ ကျော်အရွယ်၊အမျိုးသားတစ်ဦးဟာ မိမိကိုယ်ကို သေကြောင်းကြံစည်ပြီး ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင် မိမိကိုယ်ကိုယ်ကို သေကြောင်းကြံစဥ်သူတွေထဲမှာ စစ်ဘေးရှောင်တွေသာမကအခြေခံလူတန်းစားတွေအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတချို့လေ့ပါဝင်လာပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ မောင်တောမြို့ပေါ်က ပြန်/ဆက်ဝန်ထမ်းတစ်ဦး မနက်အစောကြီးရုံးပေါ်မှာ ကြိုးဆွဲချသေဆုံးသွားသလို ဒီနှစ်စက်တင်ဘာလ ၅ ရက်နေ့ကလည်း ပညာရေးဝန်ထမ်းတစ်ဦး အဆိပ် သောက်သတ်သေသွားပါတယ်။

ဒီလို သေကြောင်းကြံစည်မှုတွေဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိရှိနား လည်ပြီး သက်ဆိုင်ရာတာ ဝန်ရှိသူတွေက လိုအပ်တဲ့စီမံဆောင်ရွက်မှုတွေ မလုပ်ပေးဘူးဆိုရင် နောက်ထပ်ရခိုင်မှာသေကြောင်း ကြံစည်မှုတွေဟာ များပြားလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မ ရှင်ကတော့ ”အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ပေးခြင်း၊ဝင်ငွေရရှိနိုင်သည့်လုပ်ငန်းစဥ်များ IDP စခန်းများအတွင်းဖန်တီးပေးခြင်းနှင့် IDPစခ န်းပြင်ပတွင် အလုပ်အကိုင်ရရှိအောင်စီစဥ်ဆောင်ရွက်ပေးခြင်းဖြင့် အမျိုး သားနှင့်အမျိုးသမီး IDPများ၏ အလုပ် အကိုင်အခွင့်အလမ်းများတိုးတက်အောင်ဆောင် ရွက်ပေးရမည်။ထိုသို့ဆောင်ရွက်ပေးမှုကြောင့် IDPများအနေဖြင့် နိုင်ငံတကာအကူအညီအပေါ် မှီခိုရမှုများလျော့ကျလာမည်ဖြစ်ပါသည်။”လို့ အကြံပြုထားပါတယ်။

အဲဒီအပြင် ”ရခိုင်ပြည်နယ်အတွင်း၌ တိုးတက်မှုနှင့်စဥ်ဆက်မပြတ်သော ဖွံ့ဖြိုးမှုကိုရရှိရန်အတွက် ကြိုး ပမ်းဆောင်ရွက်ရမှုသည် ကြီးလေးသောလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါသည်။”လို့လည်း ဆိုထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစ စ်တပ်တို့ကြား တကျော့ပြန်တိုက်ပွဲတွေပြင်းထန်းလာနေပြီး စစ်ဘေးရှောင်တွေလည်း နေ့စဥ်တိုးလာနေသလို အာဏာသိမ်းစစ်တပ်ဖက်ကလည်း ရခိုင်စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်မှုတွေအပြုလုပ်တဲ့အပြင် ကန့်သတ်ပိတ်ဆို့မှုတွေပိုလုပ်လာနေတာမို့ ရခိုင်စစ်ဘေးရှောင်တွေ မိမိကိုယ်ကို သေ ကြောင်းကြံစဥ်မှုတွေ ထပ်များမလာအောင် နိုင်ငံတကာက အာဏာသိမ်းစစ်တပ်ကိုဖိအားပေးပြီး ကူညီကယ် ဆယ်မှုတွေ စိတ်ပိုင်းဆိုင်ရာကုစားမှုတွေလည်း ပြု လုပ်ပေးသင့်တယ်လို့ စစ်ဘေးရှောင်အရေးလေ့လာစောင့်ကြည့်ကူညီပေးနေသူတွေက သုံးသပ်ပြောဆိုကြပါတော့တယ်။

#BNA#ရခိုင်#စစ်ဘေးရှောင်#သေကြောင်းကြံမှု #AA#အာဏာသိမ်း#စစ်တပ်#စားဝတ်နေရေး# အခက်အခဲ#

https://www.facebook.com/permalink.php?story_fbid=174988378382668&id=100076145194525

Leave a Reply

Your email address will not be published.