(လျှောက်လွှာထုတ်ပေးရက် နောက်ကျတာ၊ဆက်သွယ်ရေးခက်ခဲတာတွေကြောင့်ဟုဆို)
By Border News Agency/2022 September 12
ရခိုင်ပြည်အတွင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေ ထုတ်ပေးရက် နော က်ကျတာ၊ဆက်သွယ်ရေးဖြတ်တောက်ခံထားရတာတွေကြောင့် သတ်မှတ်နောက်ဆုံးရက်အတိုင်း လျှောက်လွှာတွေ အချိန်မီမရောက်နိုင်လို့ အမှတ်မီပေမယ့် အရွေးမခံရဘဲကျန်ခဲ့တဲ့ ကျောင်းသူ၊ကျောင်းသားတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် ရခိုင်ပြည်၊ရမ်းဗြဲ၊ကျောက်ဖြူ၊ရသေ့တောင်စတဲ့မြို့နယ်တွေက ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကျန်နေခဲ့တာဖြစ်တယ် အဲဒီကဆရာ၊ဆရာမတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ယခုနှစ်အတွက် ဆေးတက္ကသိုလ်အပါအဝင် တက္က သိုလ်ဝင်ခွင့်လျှောက်ထားလိုတဲ့ ကျောင်းသူ၊ကျောင်းသားတွေ အနေနဲ့ သက်ဆိုင်ရာစာစစ်ဌာနကြီးကြ ပ်ရေးမှူး(အထက်တန်းကျောင်းအုပ်ကြီး)တွေဆီမှာ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်စာအုပ်နဲ့ လျှောက်လွှာပုံစံစာအိတ်တွေကို ဩဂုတ်လ ၁၈ ရက်ကနေ စက် တင်ဘာလ ၂ ရက်အထိ နှစ်ပတ်တာ ကာလအတွင်း ပိတ်ရက်မရှိ ထုတ်ယူကာ နီးစပ်ရာတက္ကသိုလ်တွေကနေတဆင့် လျှောက်ထားနိုင်တယ်လို့ ကြေ ငြာခဲ့ပါတယ်။
အဲဒီလိုသတ်မှတ်ရက် စက်တင်ဘာ ၂ ရက်ကျော်လွန်ပြီးမှ လျှောက်ထားသူလိုတွေအနေနဲ့လည်း ရန်ကုန်မြို့၊သထုံလမ်းမှာရှိတဲ့ အဆင့်မြင့်ပညာဦးစီးဌာသို့ ပေးပို့လျှောက်ထားနိုင်တယ်လို့ကြေငြာခဲ့ပါတယ်။
ဒါပေမယ့် လက်တွေ့မှာ အဲဒီလျှောက် လွှာတွေဟာ ရမ်းဗြဲမြို့နယ်အပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ်တွေဆီကို တစ်ပတ်၊ဆယ်ရက်ခန့် နောက်ကျပြီးမှ ရောက်လာခဲ့တဲ့အတွက် နောက်ကျကျန်ခဲ့တဲ့ကျောင်းသားတွေ များစွာရှိနေခဲ့တယ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။
“လျှောက်လွှာ မရောက်ဘဲ ကျန်ခဲ့တာတွေ အများကြီး။နှစ်ပတ်(အချိန်)ပေးတာမှာ တစ်ပတ်နောက်ကျရင် ဘာမှ မရတော့ဘူးလေ။”လို့ ပြည်နယ်ပညာရေးမှူး(အငြိမ်းစား)ဖြစ်သူ ရမ်းဗြဲဒေသခံ ဦးအောင်သန်းမြင့်က ပြောပါတယ်။
ရမ်းဗြဲမြို့နယ်မှာဆိုရင် ဝင်ခွင့်လျှော က်လွှာတွေကို သတ်မှတ်ရက်ထက် ၁၀ ရက်နောက်ကျပြီး ဩဂုတ် လ ၂၇ ရက် နေ့ကျမှ ထုတ်ပေးခဲ့တဲ့အတွက်ကျောက်နီမော်က ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားနှစ်ဦး နောက်ကျကျန်နေခဲ့ တယ်လို့ ဆိုကြပါတယ်။
အဲဒီကျောင်းသားနှစ်ဦးဟာ သူတို့ရဲ့လျှောက်လွှာတွေကို အဆင့်မြင့်ပညာဦးစီးဌာနထံ စာတိုက်ကနေတစ်ဆင့် ဩဂုတ်လ ၃၀ ရက်နဲ့ စက်တင်ဘာ ၅ ရက်တို့မှာ ပေးပို့လျှောက်ထားခဲ့ပေမယ့် ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုရမယ့်သူတွေစာရင်း ထုတ်ပြန်တဲ့အခါမှာတော့ သူတိုရဲ့ နာမည်တွေပါမလာခဲ့ဘူး
လို့ ဆိုကြပါတယ်။
ဆေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ထားတဲ့အတွက် အမှတ်အရေအတွက်ထက် ပိုများပြီး အမှတ်ပေါင်း ၅၀၀ ကျော်နဲ့ အောင်ထားကြတဲ့သူတို့ရဲ့ နာမည်တွေ ဘာကြောင့်ပါမလာသဘဲဆိုတာကို လေ့လာတဲ့အခါမှာတော့ လျှောက်လွှာ တွေဟာ ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ထံ မရောက်သေးဘဲ စာတိုက်မှာပဲ ရှိနေသေးတာကို တွေ့ခဲ့ရတယ်လို့ ဝင်ခွင့်ရ ရေးကူညီပေးနေသူတွေက ပြောကြပါတယ်။
“လျှောက်လွှာတွေက ကျောက်ဖြူစာ တိုက်ရုံးမှာ အကုန်လုံးအထပ်လိုက်ကြီး ရှိနေသေးတယ်။ဒီနေ့(စက်တင်ဘာ ၁၂ ရက်)မှ ပို့ပေးမယ်တဲ့။လျှောက်လွှာက မရောက်သေး၊ဝင်ခွင့်ဖြေရမယ့်လူစာ ရင်းက ထွက်လာပြီလေ။”လို့ ကျောက်နီမော် ထက်မြတ်စံကိုယ်ပိုင်အထက်တ န်းကျောင်းမှ ဒေါ်မျိုးမျိုးခိုင်က ပြောပါတယ်။
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရသူတွေရဲ့စာရင်းကို စက်တင်ဘာ လ ၉ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအပြင် ကျောက်ဖြူနဲ့ ရသေ့တောင်မြို့နယ်တွေက ကျောင်းသားအချို့ဟာလည်း အဲဒီလိုပဲ လျှောက် လွှာထုတ်ပေးရက် နောက်ကျတာ၊စာတိုက်က အချိန် မီပို့မပေးတာတွေကြောင့် နောက်ကျကျ န်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရသေ့တောင်မြို့နယ်ဟာဆိုရင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတဲ့အတွက် သွား ရေးလာရေး ပုံမှန်ထက် ခက်ခဲတဲ့ဒေသတစ်ခုဖြစ်နေတယ်လို့ သေခံတွေက ပြောကြပါတယ်။
ယခုအခါမှာတော့ ကျောက်နီမော်က ကျောင်းသားနှစ်ဦးဟာ ကျန်းမာရေးဝန်ကြီးထံ အသနားခံစာတင်ထားပြီး သူ့တို့ရဲ့ဆရာဖြစ်သူ ထက်မြတ်စံကိုယ် ပိုင်အထက်တန်းကျောင်းက ဆရာဦးထွေးစံနဲ့အတူ သထုံလမ်းက အဆင့်မြင့် ပညာဦးစီးဌာနထံ လူကိုယ် တိုင်သွားနေကြတယ်လို့ ဆိုပါတယ်။
“အသနားခံစာတင်ထားတယ်။အဲဒီဟာကို ဆက်သွယ်ပေးတဲ့တစ်ယောက်က တော့ အဆင်ပြေမယ်လို့ ပြောတယ်။ သထုံလမ်းကို သွားနေတယ်။ ဒီနေ့ ရန်ကုန်ကိုရောက်မယ်ပြီးရင် နေပြည်တော် ကျန်းမာ ရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ရမယ်ဆိုရင်လည်း အဲဒီကိုထပ်သွားမယ် ။”လို့ ဒေါ်မျိုးမျိုးခိုင်က စက်တင်ဘာလ ၁၂ ရက်မနက်မှာ ဆိုပါတယ်။
အဲဒီကျောင်းသားတွေနဲ့အတူ လိုက်ပါကူညီပေးနေတဲ့ ဆရာဦးထွေးစံကတော့ ထိုကျောင်းသူနှစ်ဦးအတွက် ဝင်ခွင့် အဆင်ပြေကြောင်း၊သူတို့နည်းတူ လျှောက်လွှာမရောက်ဘဲ ကျန်နေခဲ့တဲ့သူတွေအနေနဲ့ သူရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ 09421726557 ကို ဆက်သွယ်နိုင်ကြောင်း၊သူအနေနဲ့ ကူညီပေးမှာဖြစ် ကြောင်း သူရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။
ဒါဟာ ကလေးရဲ့ဘ၀အတွက် အလွန်အရေးကြီးတဲ့ကိစ္စရပ်ဖြစ်တဲ့အတွက်ကြောင့် အချိန်မီ လျှောက်လွှာမရောက် သွားလို့ ယခုလိုရွေးချယ်ခွင့်မခံရသူတွေကို နောက်ထပ်အသုတ်တစ်ခုအနေနဲ့ ထပ်မံရွေးချယ်ပေးစေလိုကြောင်း ကူညီပေးနေသူတွေနဲ့ ကျောင်းသားတွေက တောင်းဆိုကြပါတယ်။
“ထုတ်ပေးတာနောက်ကျတဲ့အတွက် လ က်ခံရက်ကို နောက်ဆုတ်ပေးမယ့်ဟာကို တရားဝင်မကြေငြာဘူး။ထုတ်ပေးတာ နောက်ကျရင် လက်ခံရက်လည်း နောက်ဆုတ်ပေးရမယ်။ရွေးမယ့်ဟာလည်း နောက်ဆုပ်ပေးရမယ်။အခု က ရွေးတဲ့ဟာတွေကို အမြန်ထုတ်လိုက်တော့ အားလုံးကလိုအပ်ချက်တွေ ရှိသွားတယ်လေ။ရက်တစ်ခုသတ်မှတ် ပြီး ထပ်ရွေးပေးသင့်တယ်။”လို့ ပြည် နယ်ပညာရေးမှူး အငြိမ်းစား ဦးအောင်သန်းမြင့်က ထောက်ပြပါတယ်။
နောက်နောင် ယခုကဲ့သို့ မဖြစ်စေရေးအတွက် လျှောက်လွှာတွေ အချိန်မီရောက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်သလို ကျောင်းသားမိဘတွေအနေနဲ့လည်း မပေ့ါဆသင့်ဘဲ မြန်မြန်ဆန်ဆန် လျှောက် ထားဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်ပေါင်း ၄၅၀ အထက် ရရှိသူတွေဟာ ဆေးတက္ကသိုလ်တွေကို လျှောက်ထားခွင့် ရှိတယ်လို့ ကြေငြာထားပါတယ်။
အဲဒီထဲလို လျှောက်ထားသူတွေအထဲက ကနဦးအနေနဲ့ ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရ မယ့်သူတွေကို ရွေးချယ်ပြီး စာမေးပွဲအောင်မြင်တဲ့သူတွေဟာ ဆေးတက္က သိုလ် တက်ခွင့်ရကြမှာဖြစ်ပါတယ်။
ခုအခါမှာတော့ ဆေးတက္က္ကသိုလ်ဝင်ခွင့် လူတွေ့စားမေးပွဲဖြေဆိုခွင့်ရသူပေါင်း ၁၃၃၅ ဦးရှိပြီး အဲဒီအထဲမှာ ရခိုင် ပြည် က ၁၉၇ ဦး ပါဝင်ပေမယ့် ဝင်ခွင့်လျှော က်လွှာအချိန်မီ ရောက်မသွားသူတွေရှိနေတဲ့ ရမ်းဗြဲနဲ့ ရသေ့တောင်မြို့နယ်တွေက ကျောင်းသား၊ကျောင်းသူ တစ်ဦးမှပါဝင်တာ မတွေ့ရပါဘူး။
#BNA#ရခိုင်#ဆေးကျောင်း#ဝင်ခွင့်#
လျှောက်လွှာ#
https://www.facebook.com/permalink.php?story_fbid=176362741578565&id=100076145194525