ရခိုင်ကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့၊ ရက္ခိုင့်တပ်တော် (ULA/AA)ကို ထောက်ပံ့ကူညီတာတွေ စုံစမ်းစစ်ဆေးလို့တွေ့ရင်

ထိရောက်စွာအရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်ပြောဆိုမှုကို ရခိုင့်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့

ဦးဖေသန်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။

By Narinjara /2022 September 22

ဦးဖေသန်း (ရခိုင့်ဝါရင့်နိုင်ငံရေးသမားတစ်ဦး)

“ရက္ခိုင့်တပ်တော် (ULA/AA)ကို ရခိုင်ပြည်သူတွေထောက်ခံတဲ့အတွက် စစ်ကောင်စီအနေနဲ့ ဖြတ်(၄)ဖြတ်ကို ထိရောက်အောင်မလုပ်နိုင်ဘူးပေါ့။ အဲဒါကြောင့် မြှားဦးကပြည်သူဖက်ကို လှည့်လာတာပေါ့နော်။

စစ်ကောင်စီကပြည်သူတွေကို အကြပ်ကိုင်လာတယ်။ ပြည်သူတွေကို ခြိမ်းခြောက်လာတယ်။ ပြည်သူတွေကိုစိုးရိမ်ကြောင့်ကြမှုဖြစ်အောင် ဖန်တီးလာတယ်။ သူတို့ရဲ့ စည်းရုံးရေးကိုမလုပ်ဘဲနဲ့ ပြတ်ပြတ်သားသား ချေမှုန်းမယ်ဆိုပြီးတော့ ပြည်သူဖက်ကိုမြှားဦးလှည့်လာတယ်လို့ကျနော်မြင်တယ်။”

https://www.facebook.com/narinjara.info/posts/5833433150002047

Leave a Reply

Your email address will not be published.