ရက္ခိုင့်တပ်တော် ULA/AA နဲ့ မြန်မာစစ်ကောင်စီတို့ရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြင်းထန်စခန်းသိမ်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ရခိုင့်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ လွှတ်တော်ကိုယ်လှယ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးဖေသန်းရဲ့လေ့လာသုံးသပ်ချက်တွေနဲ့ နိုင်ငံရေးအမြင်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။
(အင်တာဗျုး/ရုပ်သံ)
By Narinjara /2022 September 13
ဦးဖေသန်း (ရခိုင့်ဝါရင့်နိုင်ငံရေးသမား၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
“တိုက်ပွဲဆိုတာမျိုးကလည်း တစ်နေရာတည်းမှာ တိုက်ရမယ်လို့ နှစ်ဖက်သဘောတူညီချက်ထားတာ မဟုတ်ပါဘူး။
အဲဒါကြောင့် သူတိုတွေ အခြားနေရာတွေမှာလည်း တိုက်ပွဲတွေဖော်ဆောင်လာမှာကတော့ သေချာပါတယ်။
အဲဒီလိုဆိုရင် တိုက်ပွဲတွေက ကျယ်ပြန့်လာမယ်။ ပိုပြီးတော့ ပြင်းထန်လာမယ်။
အဲဒီလို ကျယ်ပြန့်ပြင်းထန်လာတာနဲ့ အတူပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကအစပေါ့နော်။
လုပ်ငန်းဆောင်တာတွေ အားလုံးဖက်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။”
“ဒီစစ်ပွဲရဲ့ ဂယက်ကြောင့် စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးတွေလည်း ပြည်သူတွေအနေနဲ့ ပိုပြီးတော့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။
စစ်ဘေး၊ စစ်ဒဏ်ကိုလည်း ကြုံလာရမှာ ဖြစ်ပါတယ်။ အဲဒါတွေကိုတော့ ကျနော်တို့ မေ့မေ့ပျောက်ပျောက်(ပေါ့ပျက်ပျက်) မဟုတ်ဘဲနဲ့လူတိုင်း သတိဝိရိယနဲ့ မိမိတို့ရဲ့ အခြေအနေ၊ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းဇိမ်၊ မိမိတို့ရဲ့ ကျေးရွာလုံခြုံရေးတွေကအစ
ရှေ့မှာဘယ်လိုအခက်အခဲမျိုးကို ကျော်ဖြတ်သွားကြရမလဲ ဆိုတာမျိုးတွေကို ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကဖြစ်စေ။”
“ကျနော်တို့ ကျေးရွာအလိုက်ဖြစ်စေ ကျနော်တို့ အားလုံးကိုသတိထားပြီးတော့ ကြိုတင်စီမံမှုတွေ ပြုလုပ်ထားဖို့ လိုပါလိမ့်မယ်။
တိုက်ပွဲ ဖြစ်လာပြီးမှ ကျနော်တို့ ခြေမကိုင်မိ၊ လက်မကိုင်မိ အကုန်လုံး ကစဉ့်ကလျားဖြစ်သွားပြီးတော့ကြိုတင်စီမံချက်မရှိရင် ကျနော်တို့ပိုပြီးတော့ ဒုက္ခရောက်သွားနိုင်ပါတယ်။
အဲဒါကြောင့် ပြည်သူတွေကလည်း ဒီစစ်ပွဲကို သတိထားစောင့်ကြည့်ပြီးတော့နိုးနိုးကြားကြားနဲ့ လုပ်သင့်တာတွေကို လုပ်ပြီးတော့ အကုန်လုံးညီညီညွတ်ညွတ်နဲ့ ဒီအခက်အခဲကို ကျော်ဖြတ်သွားနိုင်မှလည်း ကျတော်တို့အတွက် ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆပါတယ်။
အဲဒါကြောင့် ပြည်သူတွေကလည်း ဒီကိစ္စမှာ သတိဝိရိယနဲ့ နေထိုင်ကြဖို့ ၊ အခုကတည်းကနေ ကြိုတင်ပြီးတော့ လုပ်သင့်တာတွေလုပ်ထားကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။”