မောင်တောမြောက်ပိုင်းနေ ကျေးရွာသားတွေကို စစ်ကောင်စီမောင်းထုတ်နေ

By Border News Agency/2022 September 24

(ဓာတ်ပုံ-မောင်တောမြို့နယ်မှ မွတ်ဆလင်တွေကို စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်တွေ မောင်းထုတ်ခဲ့စဥ်က/BNA)

ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွါးတာကိုအကြောင်းပြုပြီးတော့ မောင်တောမြို့ နယ်မြောက်ပိုင်းရှိ ဒေသခံတွေကို ရွာမှာမနေဘဲ နေရာပြောင်းရွေ့ကြဖို့ စစ်ကောင်စီကဖိအားပေးခြိမ်းခြောက်မောင်းထုတ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အရာရှိတချို့ဟာ စက်တင်ဘာလ ၂၄ ရက်၊နေ့က ကျေးရွာတွေကိုလာပြီး ရွာတွေမှာဆက်မနေကြဖို့ အမိန့်ပေးခြိမ်းခြော က်မောင်းထုတ်နေတာဖြစ်တယ်လို့တမန်းသားကျေး ရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီမောင်တောမြို့နယ်မြောက်ဘက်ပိုင်းမှာ ဝက်ကျိန်း၊မင်းကြီး၊တမန်းသား၊မင်္ဂလာညွှန့်၊မင်းခမောင်း၊ခမောင်းဆိပ်၊ဗန္ဒုလ၊မီးတိုက်၊နံသာတောင်၊ တောင်ပြိုစတဲ့ ကျေးရွာတွေ တည်ရှိပြီးတချို့ကျေးရွာတွေကတော့ ဩဂုတ်လကစလို့ မြို့ပေါ်ရှိ အသိမိတ်ဆွေ၊ဆွေ မျိုးအိမ်တွေမှာ လာရောက်ခိုလှုံနေထိုင်ကြတာတွေရှိနေပါတယ်။

“ကျောင်းကို ပြောင်းခိုင်းတယ်။တော်တော် အခက် အခဲကျနေပြီ။”လို့ နံသာတောင်ပရဟိတဘုန်းတော်ကြီးကျောင်း ဆရာတော်က မိန့်ကြားပါတယ်။

အဲဒီ​နံသာတောင်ပရဟိတဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူ ငါးရာကျော်နှင့် ဆ ရာ/မတွေရှိနေပြီးတော့ ကျောင်းပြောင်း/မပြောင်းကိုတော့ စဉ်းစားမရသေးဘူးလို့ ဆရာတော်က ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ မောင်တောမြို့ နယ်အတွင်း သွားလာခွင့်တွေပိတ်ဆို့ထားတဲ့အတွက် မောင်တောမြို့နယ်တစ်ခုလုံးက ကျေးရွာတွေမှာ ရွာသားတွေ ပိတ်မိနေပါတယ်။

အဲဒီလိုပိတ်မိနေတဲ့အတွက် ကျန်းမာ ရေးအရေးပေါ်လိုအပ်ချက်ကြောင့် မြို့ပေါ်သွားရမှာတောင် အခက်ကြုံနေရတယ်လို့ မြို့နယ်တောင်ပိုင်းကျေးရွာတွေ က ဒေသခံရွာသူ/ရွာသားတွေက ဆိုကြပါတယ်။

“ဒါကတော့ အရပ်သားတွေကို သေတွင်းထဲ မရော က်ရောက်အောင် ပို့နေတာပါ။”လို့ ကျောက်ပန္ဒူကျေးရွာနေအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလိုပဲ စစ်ကောင်စီဟာ မောင်တောအပါအဝင် ရခိုင်ကမြို့နယ်ခြောက်ခုမှာရှိတဲ့ ကုလနှင့်နိုင်ငံတ ကာကူညီပေးရေးအဖွဲ့တွေကိုလည်း သွားခွင့်ပိတ်ထားပြီး ရုံးတွေကိုလည်းပိတ်ထားဖို့ ဖိအားပေးညွှန်ကြားထားပါသေးတယ်။

အဲဒီလိုကျေးရွာသားတွေကို နေရာပြောင်းရွေ့ဖို့ မောင်းထုတ်နေချိန်မှာပဲ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ကြဖို့ ဖိအားပေးနေပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အဲဒီမောင်တောမြော က်ပိုင်းအပါအဝင် အောင်သာယာ၊အောင်မင်္ဂလာ၊ဖားဝပ်ချောင်းစတဲ့ ကျေးရွာတွေမှာလည်း တပ်ဘန် ကာတွေ၊ကာပါကျင်းတွေတူးပြီးစခန်းချနေထိုင်နေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် နတ်မြစ်ကမ်းဖက်ရှိ ရေမျှက်တောင်၊ကပ္ပကောင်း၊ငါးခူရစတဲ့ ကျေးရွာတွေအတွင်းမှာလည်း စစ်ကောင်စီရဲ့တပ်မ ၇၇ ကတပ်သားတွေဝင်ရောက် တပ်စွဲနေထိုင်နေကြတယ်လို့ဒေသခံတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း မောင်တောဒေသကမွတ်ဆလင်ကျေးရွာအများအ ပြားကိုမီးရှို့ဖျက်ဆီးပြီးကျေးရွာသားတွေကိုဖမ်း ဆီးသတ်ဖြတ်မှုတွေပြုလုပ်ခဲ့တာမို့လူဦးရေ ခုနှစ်သိန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch – HRW) ကတော့ ရိုဟင်ဂျာကျေးရွာပေါင်း ၃၆၂ ရွာမီးရှို့ခံရပြီး လူပေါင်း ၆၈၀၀၀၀ ကျော် အိုး အိမ်များစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမောင်တောမြောက်ပိုင်းရှိကျေးရွာတွေက ရွာ သူ/ရွာသားအားလုံးကို အာဏာသိမ်းစစ်တပ်ဟာ အတင်းမောင်းထုတ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသူတွေကိုတော့ လာမယ့်

အောက်တိုဘာလဆန်းမှာပြန်လည်လက်ခံရေးပြု လုပ်ဖို့အတွက် ပြီးခဲ့တဲ့စက်တင်ဘာလ ၂၂ ရက်နေ့က ပြည် နယ်စစ်ကောင်စီမှ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

#BNA#ရခိုင်#မောင်တော#မြောက်ပိုင်း#စစ်ကောင် စီ#ဒေသခံ#မောင်းထုတ်#

https://www.facebook.com/permalink.php?story_fbid=179147271300112&id=100076145194525

Leave a Reply

Your email address will not be published.