ဒေါ်စောစံငြိမ်းသူ (ဥက္ကဌ) ရခိုင်အမျိုးသမီးရှေ့ဆောင်အဖွဲ့
By Western News /2022 September 1
တရားခံကိုဖော်ထုတ်ပေးပြီးပြီဆိုတဲ့အချိန်မှာ တရားခံဟာဘယ်သူလဲဆိုတာကို အကုန်လုံးက သိချင်နေကြပါတယ်။ ကျွန်မတို့အပါအဝင်ပြည်သူတစ်ရပ်လုံးက တရားခံဟာဘယ်သူလဲဆိုတာ နံပါတ်တစ် သိချင်တယ်။ ထုတ်ပြန်ချက်မှာ အဲဒီအချက်မပါဝင်တဲ့အပေါ် အားရမှုရှိကြမှာမဟုတ်ဘူး။ ဒါကြောင့် အခုဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်မှာ အများကြီး ဆူပွနေတဲ့အနေအထားတွေမှာတွေ့နေရပါတယ်။ တရားခံကိုပြောပါတရားခံဟာဘယ်သူလဲဆိုပြီးတော့ပေါ့။ တရားခံကိုသိချင်နေမှုက အဓိကသဘောဆန္ဒဖြစ်တယ်ဆိုတာပြောချင်ပါတယ်။ တစ်ဖက်မှာကလည်း ထုတ်ပြန်ချက်ရဲ့ သဘောသဘာဝကို ကြည့်ခြင်းအားဖြင့် တာဝန်ယူလုပ်ဆောင်ရမယ့် အနေအထားတစ်ခုမှာ အချိန်တစ်ခုကို စောင့်ဆိုင်းရမယ့် အနေအထားမျိုးကို ဖော်ညွှန်းထားတာများလာဆိုပြီးယူဆမိပါတယ်။
အရေးယူဆောင်ရွက်ဖို့အချိန်အကန့်အသတ်တစ်ခုမှာ တရားခံအမည်ကိုမဖော်သေးတာလားဆိုပြီးတော့လည်းယူဆမိပါတယ်။ အချိန်တစ်ခုကိုစောင့်ကြည့်ထားတယ်လို့လည်းခံယူမိပါတယ်။ ကျူးလွန်ခံရသူမိသားစုဖက်ကနေ ဝင်ပြီးခံစားရမယ်ဆိုရင်အမှန်တရားနဲ့တရားမျှတမှုမှာ အဓိကတော့ သေဆုံးသွားရတဲ့ ကျူးလွန်ခံခဲ့ရသူ၏မိသားစုဝင်တွေရဲ့စိတ်ကျေနပ်မှုရနိုင်တယ် ဆိုတဲ့ အနေအထားထိကို အရေးယူဆောင်ရွက်နိုင်မှုရှိမှ ဒါဟာအမှန်တရားနဲ့ တရားမျှတမှုကိုဖော်ဆောင်တယ်ဆိုတဲ့ အနေအထားရောက်မယ်လို့ ပြောချင်ပါတယ်။
အမည်မဖော်လို့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသူ တစ်ဦး
မနေ့က ULA/AA ကထုတ်ပြန်တဲ့ မှုခင်းသတင်းနဲ့ပတ်သက်ပြီးတော့ တရားခံကို ဖမ်းမိထားပြီး အရေးယူဖို့ဆောင်ရွက်နေတယ်ဆိုတဲ့ပုံစံမျိုး စတိတ်မန့်ထွက်လာတယ်။ အဲဒီအပေါ်မှာ ညီမရဲ့အမြင်ကကျတော့ အမည်တွေဘာတွေတော့ မပါသေးဘူးပေါ့နော်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နောက်ဆက်တွဲတော့ပါလာဖို့လိုမယ်လို့ထင်တယ်။ စတိတ်မန့်ထုတ်တဲ့အပေါ်ကို မိသားစုဝင်တွေ ကြိုပြီးသိမယ်မထင်ဘူး ဒီတရားခံဆိုတဲ့နေရာမှာလည်း တရားခံကဘယ်သူ့ကိုဖမ်းထားတာလဲ ပြီးတော့ မိသားစုဝင်တွေ တခြားလူတွေ တခြားလူတွေဆိုတာက အဓိက ဒီအရေးအတွက်ဆောင်ရွက်နေတဲ့သူတွေ ဒီလိုမျိုးတွေနဲ့ လူတွေကတော့အမည်မပါတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ပြောကြတယ်။ တရားခံဘယ်သူလဲပေါ့ပြောကြတယ်။ ဒီဟာကကျတော့ စတိတ်မန့်ထုတ်လိုက်တာ ဒီလိုမျိုးတရားခံဖမ်းမိနေပါပြီး ဆိုပြီးတော့ စတိတ်မန့်ထုတ်လိုက်တာ ကောင်းတဲ့ဟာလည်းဖြစ်တယ်။ မကောင်းတဲ့ဟာလည်းဖြစ်တယ်။ ကောင်းတဲ့ ဟာကကျတော့လည်း နိုင်ငံရေးအရဆိုရင်တော့ကောင်းတယ်ပေါ့။ နိုင်ငံရေးအရဆိုလို့ရှိရင်တော့ ULA/ AA က စစ်တွေ အစိုးရရုံးနားမှာဖြစ်တဲ့ မှုခင်းကစ္စကို အဓိကကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတဲ့ နိုင်ငံရေးအရကောင်းတယ်။ မကောင်းတဲ့ဟာတခုကကျတော့ ညီမအမြင်ပေါ့ personal ကျတော့စောသေးသလားပေါ့ ဒီဟာနဲ့ပက်သက်ပြီးတော့ ဆေးစစ်ချက်ကလည်း မထွက်သေးဘူး။ စစ်တွေကိုမရောက်သေးဘူးလို့သိရတယ်။ တခြားပေါ့နော်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ သူကိုတရားရုံးမှာစွဲ ချက်တင်လို့ရမဲ့ သက်သေအထောက်အထား အပြည့်စုံတော့ရပါမလားလို့တော့ စိုးရိမ်စိတ်တွေရှိပါတယ်။
မခင်မြင့်ဇော် (ဒါရိုက်တာ) Women Generation
အမှုနဲ့ပတ်သက်ပြီး တရားခံကိုULA/AAကနေဖော်ထုတ်နိုင်တဲ့အပေါ် ကျွန်မတို့ကြိုဆိုသလိုဝမ်းလည်းသာပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးလက်ရှိမှာလူတွေအားလုံးကလည်း စိတ်ဝင်စားနေကြတာကိုတွေ့ရတယ်။ဒီထုတ်ပြန်ချက်မှာ တရားခံရဲ့ အချက်အလက်တွေ အသေးစိတ်မပါဝင်တာကိုတွေ့ရတယ်။တရားခံရဲ့နာမည်ကို တိတိကျကျ ထုတ်ဖော်မပြနိုင်ရင်တောင် ဒီအမှုနဲ့ပတ်သက်ပြီး ULA/AAဖက်ကနေ ဘယ်လိုတွေ လုပ်ဆောင်ခဲ့ရလဲ အဲဒီလုပ်ဆောင်ချက်တွေနဲ့ ဖြစ်စဥ်တွေကို ရှင်းပြဖို့လိုသလို တရားခံအနေနဲ့ဘယ်လိုတွေ ကျူးလွန်ခဲ့တာလဲစတာတွေကိုလည်း လူထုသိအောင်ရှင်းလင်းစေချင်တယ်။နောက်တစ်ခုက အဲဒီတရားခံကို ဘယ်လိုပုံစံမျိုးပြစ်မှု ပြစ်ဒဏ်တွေပေးပြီးတော့ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်နေတယ်ဆိုတာကို ULA/AA အနေနဲ့ ကျွန်မတို့ လူထုကို အသိပေးစေချင်ပါတယ်။ဒါမှသာလျှင် လူထုအနေနဲ့လည်း ဒီအမှုနဲ့ပတ်သက်ပြီး ကျေနပ်မှုရမယ်လို့ မြင်တယ်။ဒီလိုမျိုးသာ ULA/AA အနေနဲ့ မလုပ်ဘူးဆိုရင်တော့ လူထုရဲ့ယုံကြည်မှုက ULA/AA အပေါ်လျော့ဆင်းနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။
ညီခိုင်သွီး(အမှုမှန်ပေါ်ပေါက်ရေးပါဝင်လှုပ်ရှားသူ)
ULA ကထုတ်ပြန်ချက်က ရေရေရာရာတိတိကျကျတော့မဟုတ်ဘူး။ ဘာဖြစ်လို့တရားခံကို မိထားတာလောက်ပဲပြောထားတာလဲဆိုပြီးတော့တွေးမိတယ်။ ဒါက နောက်ကွယ်မှာ ထပ်စုံစမ်းစရာတွေရှိသေးလို့ဒီလိုမျိုး အတိမကျထုတ်လားပေါ့။ နောက်တစ်ခုက ပြည်သူတွေကလည်း ဒီအမှုရဲ့တရားခံအပေါ် ဟိုလူဖြစ်ပါတယ်၊ ဒီလူဖြစ်ပါတယ်ဆိုပြီး ပြောနေကြတာတွေများနေတယ်။ အဲ့တာတွေကို ငြိမ်သွားစေချင်လို့များ ကနဦးအနေနဲ့ ဒီလိုပြောထားတာ ဖြစ်နိုင်မယ်လို့လည်း ခန့်မှန်းရတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ULA/AA အနေနဲ့ တရားရေးမဏ္ဏိုင်နဲ့ပတ်သက်လို့ လုပ်နေတာတွေရှိတယ်ဆိုတော့ ကျနော်တို့ပြည်သူတွေဖက်က ထပ်စောင့်ကြည့်နေရာမှာပေါ့။ ကိုယ့်အနေနဲ့ပြောရရင်လည်း ဒီထုတ်ပြန်ချက်အပေါ် အားမလိုအားမရဖြစ်နေမိတယ်။ ဒီအမှုကကြာလဲကြာနေပြီ တရားခံကဘယ်သူလဲပေါ့။ ဒါပေမယ့် သူတို့ဖက်ကတိတိကျကျမဖော်ပြတဲ့အပေါ်မှာတော့ နောက်ကွယ်မှာအကြောင်းရင်းတွေအများကြီးရှိနိုင်မယ်လို့ ယူဆပါတယ်။
Western News-WN
https://www.facebook.com/westernnewsagency/posts/595601462246362