By Border News Agency/2022 September 29
(ဓာတ်ပုံ-မင်းပြားမြို့နယ်အတွင်း သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ/CJ)
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မင်းပြားမြို့ပေါ် တပ်ရင်းတွေကနေတဆင့် မြောက်ဦးမြို့နယ်နဲ့မင်းပြားမြို့နယ်၊ဖုံသာချောင်းဘက်သို့ စစ်သည်၊လက်န က်၊ရိက္ခာတွေ ဖြည့်တင်းနေတယ်လို့ BNA ရဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်သည်၊လက်နက်၊ရိက္ခာတွေကို စစ်တွေဘက်ကနေ စစ်ရေယာဉ်(နေဗီ)နှစ်စီးနဲ့စက်တင်ဘာလ ၂၆ ၊၂၇ နှစ်ရက်ဆက်တိုက် မင်းပြားမြို့ပေါ် တပ်ရင်းတွေဆီ ရွေ့ပြောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမှာ စစ်ကောင်စီတပ်အင်အား ၃၀၀ ဝန်းကျင်ပါဝင်ပြီး လက်နက်ကြီး၊လက် နက်ငယ်တွေ၊စာနပ်ရိက္ခာတွေ အများကြီးပါဝင်တာကို တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
အဲဒီစစ်သည်၊လက်နက်၊ရိက္ခာတွေကို မြောက်ဦးမြို့ နယ်ဘက်နဲ့ တိုင်းဗဟိုကိုးရှိရာ ဖုံသာချောင်းဘက်ဆီ ရွေ့ပြောင်းဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ဖုံသာချောင်းဘက်ဒေသဟာ ကုန်ခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ တိုက်ပွဲကာလတွေတုန်းက ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွားခဲ့တဲ့ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။
အဲဒီလို ရွေ့ပြောင်းနိုင်ဖို့အတွက် လမ်းကြောင်းရှင်းတဲ့အနေနဲ့ မင်းပြားမြို့အထွက် နရမ်းခွဆုံသို့သွား ရာလမ်းမှာရှိတဲ့ သဲတက်ရွာအနီးနဲ့ ဖုံသာချောင်းဘက်သို့ အသွားလမ်းမှာရှိတဲ့ ရာမောင်တံတားရင်း အမ်းသားရွာအနီးမှာ အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်သားတွေ စက်တင်ဘာလ ၂၉၊ဒီနေ့
မနက်ပိုင်းကနေ ရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုင်းဗဟိုကိုးတို့၊မြောက်ဦးတို့ဘက်ကို ထွက်မယ်ဆိုပြီး ကြားထားရတာရှိတယ်။ရိက္ခာပြောင်းဖို့ဆိုပြီးတော့လေ။သူတို့ မင်းပြားကနေ ရိက္ခာဖြန့်ဖို့အတွက် ကင်းထိုးထားတဲ့သဘောပေ့ါ။အဲဒါတွေကို ကားနဲ့ ပို့ဖို့အစီအစဉ်ပေ့ါ။”လို့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အရင်တုန်းကလည်း အဲဒီလိုမျိုးစစ်သည် လက်နက်၊ရိက္ခာ၊ရွေ့ပြောင်းမှုတွေရှိခဲ့ပေမယ့် ခုလိုမျိုးအင် အားအလုံးအရင်းနဲ့လမ်းကြောင်းရှင်းတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
“သူတို့ မိုင်းဖောက်ခံရမှာ ကြောက်လို့ပေ့ါ။အရင်တုန်းကဆိုရင် ကင်းထိုးပေမယ့် ဒီလောက်မများဘူး။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစစ်ကြောင်းတွေ ရွာတွေအနီးရှိနေတာမို့ အဲဒီတဝိုက်ရွာတွေဖြစ်တဲ့ ခေါင်းလောင်းရွာသစ်၊ခေါင်း လောင်းရွာဟောင်း၊သဲတက်စတဲ့ရွာတွေက ဒေသခံတွေရှောင်တိမ်းနေကြရတယ်လို့ ပြောကြပါတယ်။
“သူတို့ ကားလမ်းဘေးက အဆောင်တွေမှာ နေနေကြတယ်။ထမင်း၊ဟင်းချက်စားလို့။သူတို့က ပစ်ချင်သလိုပစ်တော့ ထွက်ပြေးနေကြရတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ရိက္ခာတွေ နေဗီနဲ့ ရွေ့ပြောင်းနေခဲ့တဲ့ စက်တင်ဘာလ ၂၆ နဲ့ ၂၇ ရက်တုန်းကလည်း မင်းပြားမြို့ ပေါ် လက်နက်ကြီးစခန်းတွေ၊ရဟတ် ယာဉ်တွေ၊နေဗီတွေပေါ်ကနေ ပစ်ခတ်လိုက်တဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် မင်းပြားမြို့နယ်မှ အရပ်သားကလေးငယ်တွေအပါအဝင် ဒေသခံကိုး
ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီက ခုလိုမျိုးစစ်သည်၊လက်နက်၊ရိက္ခာ တွေ ရွေ့ပြောင်းနေတာဟာ သူတို့ရဲ့စခန်းတွေ ထပ်မကျရအောင် အထိုင်စခန်းတွေက ပစ်ကူပေးဖို့၊လက် နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ဖို့အတွက် ပြင်ဆင်နေတာဖြစ်တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
“မြေပြင်မှာ တပ်စခန်းတွေကိုသွားပြီး တိုက်မယ့်ဟာထက် အထိုင်စခန်းတွေ၊ဗျူဟာကုန်းတွေမှာ အမာခံစခန်းတွေနဲ့ ရိက္ခာသိုလှောင်ဖို့၊လက်နက်ကြီးတွေ တင်ထားဖို့၊အဲဒီလိုခံစစ်နဲ့ သူတို့ရဲ့စခန်းတွေ မကျရအောင်ခုခံဖို့၊နောက်တစ်ခါ တိုက်ပွဲဖြစ်တဲ့နေရာတွေကို အမြင့်စီးကနေကူပြီး ပစ်ပေးဖို့ဖြစ်တယ်။” လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်၊မောင်တောမြို့နယ်နဲ့ချင်းပြည်၊ပလက်၀ မြို့နယ်တို့ကနေစခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ရဲ့တကျော့ပြန်တိုက်ပွဲတွေဟာ ဘူးသီးတောင်၊ရသေ့တောင်၊မင်းပြား၊မြေ ပုံ၊မြောက်ဦးစတဲ့မြို့ နယ်တွေအထိ တစတစကျယ်ပြန့်လာနေပါတယ်။
ရက္ခိုင့်တပ်တော်(AA)ကလည်း ရခိုင်ပြည်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာမို့ ပြည်သူတွေကို သတိထားနေကြဖို့ တိုက်တွန်းထားပါတယ်။
#BNA#ရခိုင်#မင်းပြား#မြောက်ဦး#စစ်ကောင်စီ# အင်အား#ရိက္ခာ#ဖြည့်တင်း#
https://www.facebook.com/permalink.php?story_fbid=180315394516633&id=100076145194525