
By Narinjara /2022 September 12

ဓာတ်ပုံ – ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို သြဂုတ်လ ၁၁ ရက်ကပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင်တွေ့ရစဉ်။


ယင်းနေ့နံနက် ၁၀ နာရီအချိန်တွင် အွန်လိုင်းမှပြုလုပ်သွားမည်ဟု ULA/AA က ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုသတင်းစာ ရှင်းလင်းပွဲကိုလည်း ယခင်အကြိမ်များကဲသို့ပင် ရက္ခိုင်ဘာသာစကားဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် ယခုဖော်ပြပါလင့်ဒ် (https://forms.gle/9FkNHENUvZ9R1sMp9 ) မှတဆင့် တက်ရောက်နိုင်ရန်အတွက် ယခင်အကြိမ်များကဲ့သို့ စာရင်းသွင်းရန် လိုအပ်သည်ဟု ဆိုထားသည်။

သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းလိုသောမေးခွန်းများကို စက်တင်ဘာ(၁၅)ရက် နောက်ဆုံးထားပြီး ယခုအီးမေးလ် လိပ်စာ press.ula.aa@protonmail.com မှတဆင့် မေးမြန်းထားနိုင်သည်ဟုလည်း ဆိုသည်။

အချိန်ကျော်လွန်ပြီးမှ ရောက်ရှိလာ သော မေးခွန်းများကို ယခုသတင်းစာရှင်းလင်းပွဲတွင် ဖြေဆိုနိုင်မည်မဟုတ်သည့်အတွက် မေးခွန်းများကို ကြိုတင်ပေးပို့ရန်လိုအပ်ပြီး မေးခွန်းမေးသည့်အခါတွင်လည်း သတင်းထောက်တစ်ဦးကို မေးခွန်း(၂)ခုခန့်သာ လက်ခံသွားမည်ဟု သိရသည်။


ပြုလုပ်ခဲ့ပြီးသည့် သတင်းစာရှင်းလင်းပွဲများတွင် ULA/AA ကိုင်တွယ် ဖြေရှင်းနေရသည့် စစ်ရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများနှင့်ပတ်သက်ပြီး သတင်းထောက်များ မေးမြန်းချက်များကို ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက တာဝန်ယူဖြေကြားပေးခဲ့သည်။

https://www.facebook.com/narinjara.info/posts/5805215869490442

Leave a Reply

Your email address will not be published.