နယ်/လုံကိုသိန်း ၅၀ ပေးရတယ်လို့သတင်းထွက်ပြီးနောက် စစ်တွေ-ဘူးသီးတောင်ဇက်သွားလာမှုကိုရပ်ခိုင်းထား

By Border News Agency/2022 September 6

(ဓာတ်ပုံ-မယူမြစ်အတွင်း ဒေသခံခရီး သွားတွေကို ခေါ်ယူစစ်ဆေးနေတဲ့ စစ်ကောင်စီရေတပ်/BNA)

အာဏာသိမ်းစစ်ကောင်စီရဲ့ရခိုင်ပြည်နယ်၊နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးကို ဇက်တစ်စီးထွက်တိုင်း ကျပ်သိန်း ၅၀ ပေးရတယ်လို့ သတင်းတွေထွက်ပေါ်

လာပြီးနောက် စစ်တွေကနေ ဘူးသီးတောင်သို့ ကုန် ကားတွေတင်ဆောင်သွားနေတဲ့ ဇက်ရေယာဥ်သွား လာမှုကို ယာယီရပ်ဆိုင်းခိုင်းထားတယ်လို့ သိရပါတယ်။

အဲဒီဇက်ရေယာဥ်တွေဟာ မောင်တောနယ်စပ်ကုန် သွယ်ရေးအတွက် စစ်တွေမြို့နယ်၊ရေချမ်းပြင်ကနေ ရသေ့တောင်မြို့နယ်၊အငူမော်ဆိပ်ကမ်းကတဆင့်

သွားလာခဲ့ကြပေမယ့် ပြီးခဲ့တဲ့သြဂုတ်လဒုတိယအပ တ်စတင်ပြီး အာဏာသိမ်းစစ်တပ်က အဲဒီရေးလမ်းကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်စည်ပို့ဆောင်မှုအဆင်ပြေစေဖို့ စစ်တွေ-ဘူးသီးတောင်ရေလမ်းကို ဇက်နဲ့ပို့ဆောင်ခွင့်ပြုခဲ့ပေမယ့် ဇက်တ စ်စီထွက်တိုင်း နယ်/လုံအတွက် သိန်း ၅၀ ပေးရတ ယ်ဆိုတဲ့သတင်းထွက်လာပြီးနောက်ပိုင်း ခုလိုမျိုးပြန်လည် ရပ်ဆိုင်းခိုင်းထားတာလို့ ကုန်သည်တွေနဲ့လုပ်ငန်ရှင်တွေက ဆိုပါတယ်။

“ဒီဟာကိုကိုင်တွယ်ပြီးလုပ်နေတာက နယ်လုံဝန်ကြီး ဌာနကလုပ်နေတာ။နယ်လုံဝန်ကြီးက မနေ့က သူ့ကိုဖေ့ဘုတ်မှာ သိန်း၅၀နဲ့ပါမစ်တွေပေးနေတယ်ဆိုပြီးတော့ မောင်တောသားဆို့တဲ့ အကောင့်ကနေ တင်တယ်ပေါ့နော်။အဲဒီအပေါ်မှာသူ့အနေနဲ့လည်း မဟု တ်မတရားစွပ်စွဲခံရတယ်ဆိုတဲ့ အနေအထားခံစားပုံရတယ်။”လို့ရခိုင်စီးပွားရေးဦးဆောင်အများပိုင်ကုမ္ပဏီမှမန်နေဂျာဦးခင်မောင်ကြီးက ဆိုပါတယ်။

အဲဒီလိုမျိုးယာယီရပ်ခိုင်းထားပေမယ့် ဘယ်နေ့ကနေ ဘယ်နေ့အထိရပ်ခိုင်းထားတာလို့ အတိအကျပြောဆိုထုတ်ပြန်ထားတာမဟုတ်သလို တရားဝင်စာထုတ်ထားတာလည်း မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

“အဲလိုမဟုတ်မတရားစွပ်စွဲခံရတဲ့အတွက်နဲ့သူလည်း စိတ်ထိခိုက်သွားပုံရတယ်။ဒါကြောင့် ဒီဟာကို မပေးတော့ဘူးလို့ပြောတယ်။ကုန်စည်စီးဆင်းလို့မရရင်တော့ ဒီဟာက မကောင်းပေါ့လေနော်။အခုက အမိန့် စာဘာညာ ညွှန်ကြား ချက်ပုံစံမျိုးနဲ့ ထုတ်တာမဟု တ် ပါးစပ်နဲ့ပဲပြောတာ။”လို့ ဦးခင်မောင်ကြီးက ဆက်ပြောပါတယ်။

အဲဒီမောင်တောနယ်စပ်ကုန်သွယ်ရေးဟာ ဒေါ်လာကိုအသုံးပြုပြီးပြည်ပပို့ကုန်တွေက နိုင်ငံခြားဝင်ငွေတွေအများကြီးရနေပေမယ့် ပြီးခဲ့တဲ့ဩဂုတ်လ ၁၃ ရက်နေ့က အငူမော်-မောင်တောကားလမ်းအနီးမှာ အေအေနဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ချိန်ကနေ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီလမ်းအပြင် မယူမြစ်ကြောင်းအတိုင်းရေလမ်းကိုပါထပ်မံပစ်ထားပါကကုန်စည်စီးဆင်းမှုအားလုံးရပ်တန့်သွားနိုင်ပြီး ဒေသတွင်းနေသူအားလုံးစားဝ တ်နေရေးကျပ်တည်းသွားမှာမို့ပြန်ဖွင့်ပေးသင့်တယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

“ခုက ကုန်လမ်း၊ရေလမ်းပိတ်ထားတော့ ကြာလာရင်ကုန်စီးဆင်းမှုရပ်သွားနိုင်တယ်။ကျနော်တို့အနေနဲ့ပြန်ဖွင့်စေချင်တယ်။”လို့ မောင်တောဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီစစ်တွေ-ဘူးသီးတောင်လမ်းကြောင်းတွေအပါ အဝင် ပြည်မကနေ ရခိုင်သို့ဝင်တဲ့လမ်းကြောင်းအားလုံးကိုလည်း လုံ/နယ်ဝန်ကြီးခွင့်ပြချက်လက် မှတ်ပါမှသွားလာခွင့်ပြုတာကြောင့် အချိန်ကုန်၊ငွေကုန် များနေကြသလို ကုန်ပစ္စည်းတွေအချိန်ကြာပျက်စီးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေ၊ကုန်ကားသ မားတွေနဲ့ကုန်ပစ္စည်းပို့ဆောင်သူတွေက ဆိုပါတယ်။

ရခိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲတွေပြင်းထန်နေတာမို့ စစ်ကောင်စီဖက်ကကန့်သတ်ပိတ်ဆို့မှုတွေ နေရာအ များအ ပြားမှာပြုလုပ်နေတာမို့ ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ဆေးဝါးကုသရေးတွေမှာပါ အခက် အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

#BNA#ရခိုင်#နယ်လုံ#ကန့်သတ်#ရေလမ်း#စစ်တွေ#ဘူးသီးတောင်#ဇက်ရေယာဥ်#

https://www.facebook.com/permalink.php?story_fbid=175054948376011&id=100076145194525

Leave a Reply

Your email address will not be published.