”စစ်မီးဒဏ်ကြောင့် ပြိုပျက်ခဲ့သောတင်းမကြီးရွာသူတစ်ဦးရဲ့ လူမှုဒုက္ခများ”

By Border News Agency/2022 September 21

(ဓာတ်ပုံ-မြန်မာစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတဲ့အသက် ၄၇ နှစ်အရွယ်၊မောင်ဝင်းချေ၊ဇနီးဒေါ်သိန်းတင်/BNA)

”အဖမ်းခံရသူက ကျမအိမ်ရှင်ပါ။သူ့နာမည်က မောင်ဝင်းချေလို့ခေါ်ပါတယ်။အသက်က ၄၇ နှစ်ပါ။သူတို့က အပြစ်မရှိဘဲနဲ့ အိမ်ကလာခေါ်ပြီးတော့ ဖမ်းသွားတာပါ။”

”အိမ်ကလာခေါ်ပြီးတော့ ရွာထဲကအိမ်တစ်အိမ်မှာစုပါတယ်။အိမ်ရှေ့က အိမ်မှာစုပြီးတော့ လူခုနှစ်ယောက်ရှစ်ယောက်ကိုဖမ်းပြီးတော့ နောက်ပြန်ကြိုးတု တ်ပြီးရွာကိုပတ်တယ်။ရွာကလူတစ်ရာကျော်လောက်ကို ဖမ်းတယ်။ဖမ်းပြီးတော့ တောင်ကိုတင်တယ်။ဝက်တွေကိုတောင်ဖမ်းပါသေးတယ်။ကျမတို့ဘက်က ဖမ်းသွားတဲ့ ဆယ်ယောက်ကိုနောက် ပြန်ကြိုးတုတ်လို့။”

”နောက်ထပ် လူတစ်ရာလောက်မှာတော့ ကြိုးမတုတ်ဘဲ။ သူတို့ကိုတောင်ပေါ်ကိုတင်သွားပြီး လူတစ်ရာလောက်ကိုပြန်လွှတ်လိုက်ပါတယ်။ဆယ်ယောက်ကို ဖမ်းထားလိုက်တယ်။နောက်တစ်ရက်မှာ လူကြီးတွေနဲ့စုပြီးတော့ သွားမယ်ဆိုတော့ လူကြီးတွေကို အား လုံးနောက် ပြန်ကြိုးတုတ်ပြီး သေနတ်တွေပစ်ဖော က်တယ်။”

”အဲလိုဖမ်းသွားကတည်းက သားသမီးရှစ်ယောက်နဲ့ အခုဘယ်မှာရှိနေတယ်ဆိုတာကိုလည်းမသိဘူး။ဒုက္ခသည်စခန်းမှာ အကျပ်အတည်းတွေနဲ့ ဆင်းရဲဒုက္ခခံနေရတယ်။ကိုယ့်အိမ်ကိုယ့်ယာနဲ့ လုပ်စားနေရတာနဲ့ ဘယ်တူတော့မလဲ။ ကျမတို့ရှေ့မှာတော့ သတ်တာကိုမတွေ့ရဘူး။ရွာကိုပတ်ပြီးတော့ တောင်ကိုတင်သွားတာကိုတော့မြင်လိုက်ရတယ်။ ကျမတို့ကိုလည်းအရမ်းခြိမ်းခြောက်ခဲ့တယ်။”

”ဒီအိမ်မှာဗုံးထောင်မယ်။ဘယ်သူရှိလဲ အေအေရှိလားမေးတယ်။ကျမတို အေအေကိုမသိဘူး။အေအေဆိုတာကိုလည်းမမြင်ဖူးပါလို့ ကျမက ပြောတယ်။ကျမကို သူတို့က ပြန်ပြောတယ်။မှန်မှန်ဖြေ မဖြေရင် ပစ်သတ်မယ်လို့ပြောတ ယ်။”

”ကျမက ပြန်ပြောတယ်။ဘာကြောင့်ပစ်သတ်မှာလဲကျမတို့မသိဘဲနဲ့ ကျမတို့မသိတာကို ပြောလို့ရမလားလို့ ကျမက ပြန်ပြောတယ်။အဲဒီမှာ ကျမအိမ် ရှင်ကိုခေါ်တယ်။လာခဲ့အကိုချေကို ခဏစစ်ဆေးမယ်လို့ပြောတယ်။ကျမအိမ်ရှင် ကျမမှာ သားသမီး ရှစ်ယောက်နဲ့ နေတာ။”

”ဘာဖြစ်လို့ခေါ်တာလဲလို့မေးတော့ ဘာမှမဖြစ်ဘူး ခဏစစ်ဆေးကြည့်မယ်ဆိုပြီးခေါ်လို့နောက်ပြန်ကြိုးတုတ်တာ။ အဲဒီမှာရွာကိုပတ်တာ လူအများကိုဖမ်းပြီးတော့။ရွာကလူတွေကို ပြန်လွှတ်လို က်တုန်းကလည်း သေနတ်တွေနဲ့ပစ်လို့ ပခုံးမှာကျသူကကျ။လက်မှာပေါက်သူပေါက်လို့ပြေးလာကြတယ်။”

”အဲဒါကြောင့် ညတွင်းချင်းလူတွေက ပြေးကြတယ်။ကျမက ကိုယ့်လင်သားပြန်လွှတ်လာမှာလားလို့ စော င့်နေခဲ့သေးတယ်။ပြေးလို့လည်းမရဘူး။ဒါပေမယ့် ကိုယ့်လင်ဘယ်မှာရှိတယ်ဆိုတာ အစအနကိုမကြားရဘူး။ တောင်မှာရှိလားဆိုတာကိုလည်းမသိဘူး။ ကျမတို့ပြေးလာတဲ့နေ့က ရွာမီးလောင်သွားပြီလို့ပဲ ကြားရတယ်။”

”ကျမတို့က ကျောက်တော်ကိုပြေးလားတာ ကယ်ဆ ယ်ရေးကိုဝင်ဖို့လို့။လူတွေက လာခေါ်ကြတယ်။မလိုက်ရဲ ကျမလင်မှာ မှတ်ပုံတင်မရှိလို့ အေအေလို့ ထင်မှာကို စိုးရိမ်လို့ သားသမီးတွေကိုလည်း ပြမယ်လို့ နေတာ။အဲဒီအချိန်မှာ ရွာမှာ တစ်ယောက်မှမရှိတော့ဘူး သွားတော့ သွားတော့ဆိုပြီး အဖိုးအိုတစ်ယောက်က ခေါ်လို့ လာကြတာ။ (——-ထက်ဆိုးတော့မယ်—–ဆိုရင် လူတွေကိုမီးထဲမှာထည့်တယ်။ နင်ဘာလုပ်နေတာဆိုပြီးတော့ လာခေါ်လို့ ကျမလိုက်လာတာ။

”သားသမီးထဲမှာ အကြီးဆုံးက အသက် ၂၀ ပါ။အငယ်ဆုံးက တစ်နှစ်ခွဲလေးပါ။အခုဆိုနှစ်နှစ်ကျော်ပါပြီ။ဘယ်လိုဖြစ်ချင်မလဲ ကျမလင်ကို ရှိတဲ့နေရာက အမြန်ဆုံးပို့ပေးပါ။အမြန်ရောက်စေချင်တယ်။ ဘယ်နေရာမှာဘဲရှိရှိ အမြန်ပြန်ပို့ပေးပါလို့တောင်းပ န်ချင်တယ်။မေတ္တာရပ်ခံချင်ပါတယ်။အစိုးရတာဝ န်ရှိတဲ့သူတွေကိုလည်း ကျမတို့ကို ကူညီပါ။ထောက်မပါ။ကျမလင်မရှိလို့ ဒုက္ခခံနေရတယ်။ကိုယ့်လင်ရှိတာနဲ့ မရှိတာမတူဘူးလေ။”

”အခုအချိန်မှာ ပေးမှစားရတာ မပေးရင်မစားရဘူးငတ်နေရတာ သားသမီးတွေနဲ့။ခိုကိုးရာမဲ့ပြီးတော့ လုပ်စားလို့မရ စစ်သားကိုဘဲကြောက်ရမလား။ အေအေကိုရာကြောက်ရမှာလား။လုပ်ဖို့မရ လားဖို့မရ။အရင်လတွေကဆိုရင် ဆန်သုံးလမရောက် ပိုက်ဆံသုံးလမရောက် ဘယ်လောက်ဒုက္ခခံကြရမလဲ အင တ်ငတ်၊အမွတ်မွတ်ကို။” လို့ အသက် ၄၅ နှစ်အရွယ် ဒေါ်မသိန်းတင်က မျက်ရည်တွေဝဲပြီးပြောပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(အေအေ)နှင့်မြန်မာစစ် တပ်တို့ကြား တိုက်ပွဲတွပြင်းထန်နေချိန် ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာနှင့်တင်မ(သစ်) ကျေးရွာက ရွာသား ၁၈ ဦးကို ၂၀၂၀ ပြည့်နှစ် မတ် လ ၁၃ ရက်နေ့နှင့်၁၆ ရက်နေ့တွေမှာ မြန်မာစစ်တပ် တပ်မ ၅၅ ကစစ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုဝင်တွေက အခိုင်အမာပြောကြပါတယ်။

စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့ကျရောတဲ့အပြည်ပြည်ဆိုင်ရာငြိမ်းချ မ်းရေးနေ့အတွက် စစ်ဘေးရှော င်တွေရဲ့ ခံစားချက်၊မျှော်လင့်ချက်တွေကို ဖော်ပြ လိုက်ပါတယ်။

#BNA#တင်းမကြီး#ဖမ်းဆီးခံ#ငြိမ်းချမ်းရေးနေ့#

https://www.facebook.com/permalink.php?story_fbid=178473458034160&id=100076145194525

Leave a Reply

Your email address will not be published.