စစ်တွေတက္ကသိုလ်အနီးရှိ ရဲတပ်ရင်းရှေ့မှာ မူဆလင်တစ်ဦးကို ရဲကပစ်သတ်

By Border News Agency/2022 September 4

(ဓာတ်ပုံ-ရဲကပစ်ခတ်လိုက်လို့ သေဆုံးသွားသူ/ပေးပို့)

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်အနောက်ဖက် ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ရှေ့မှာ စက်တင်ဘာ လ ၄ ရက်၊ဒီနေ့မနက်က ဆိုင်ကယ်စီး

လာတဲ့ မူဆလင်လူငယ်နှစ်ဦးကို ရဲကသေနတ်နဲ့ ပစ်ခတ်လိုက်တာမို့ တစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီသေဆုံးခဲ့သူမှာ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာက အသက် ၂၀ အရွယ်၊ဇော်မိရ်ဟူးဆောန်း (ဘ ) ဦးဘာဆာမျှာ ဖြစ်ပြီး နောက်တစ်ယောက်ကိုတော့ ရဲတပ် ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့

သိရပါတယ်။

သူတို့ညီအစ်ကိုနှစ်ဦးဟာ ရဲတပ်ရင်း ၃၆ ဂိတ်ရှေ့က ကိုဗစ်-၁၉ စစ်ဆေးရေး ကဒ်ပြားစစ်ဆေးခံပြီးနောက် ဖြတ်သွားတုန်းမှာ ရဲတပ်ဖွဲ့ဝင်ကပစ်ခတ်လိုက်တာလို့ဖြစ်စဉ်အနီးရှိ ဘုမေကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကနေဖြတ်တဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ သူတွေကို လိုအပ်တဲ့စာရွက် စာတမ်းတွေပြပေမယ့် ရဲတပ်ဖွဲ့ဝင်က တစ်စုံတစ်ရာအကြောင်းပြချက်မရှိဘဲ လည်ပင်းကို သေနတ်နဲ့ ထောက်ပြီး ပစ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဥ်အသေးစိတ်ကိုသိရဖို့စစ်တွေမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံအဖြေကြားတာမို့အသေးစိတ်အခြေအနေနှင့် ရဲတပ်ဖွဲ့ရဲ့ အတည်ပြု၊အကြောင်းပြချက်တွေကို မသိရသေးပါဘူး။

နောက်ထပ်ရရှိတဲ့အသေးစိတ်အချက် အလက်တွေကို ဆက်လက်ဖော်ပြပေးပါမယ်။

https://www.facebook.com/permalink.php?story_fbid=174578378423668&id=100076145194525

Leave a Reply

Your email address will not be published.