By Western News /2022 September 3

(ဓာတ်ပုံ-ရခိုင်က စစ်ဘေးရှောင်စခန်းတစ်ခု/BNA)
အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းက စစ်ဘေးဒုက္ခသည်တွေကိုပုံမှန်ထောက်ပံ့နေလာခဲ့တဲ့ ဆန်ရိ က္ခာဖြတ်တောက်ထားတဲ့အပြင် အကူ အညီပေးနေတဲ့နိုင်ငံတကာကူညီရေးအဖွဲ့တွေကိုပါ ကူညီခွင့်ကန့်သတ်၊ပိတ်ပင်ထားတယ်လို့ စစ်ရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကြောင့် ထပ်တိုးလာတဲ့စစ်ရှောင်တွေမပါဘဲ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ခြောက်သောင်းဝန်းကျင်ရှိနေပါသေးတယ်။
အဲဒီစစ်ဘေးရှောင်တွေကို အရင်အစိုးရလက်ထက်ကတည်းက အစိုးရရဲ့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနကနေ ဆန်ရိ က္ခာထောက်ပံ့နေလာခဲ့တာဖြစ်ပါတယ်။
ခုအာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ ဆန်ထောက်ပံ့မှုပုံမှန်မရှိတော့ဘဲ ဒီနှစ်ပထမရှစ်လအ တွင်းမှာပဲ ရိက္ခာဖြတ်ထားတာဟာ ခြောက်လအထိ ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။
အဲဒီဆန်ရိက္ခာကိုပဲ အမှီပြုနေကြရတဲ့ စစ်ဘေးရှော င်တွေဟာ ခုအခါစာနပ်ရိ က္ခာအခက်အခဲတွေ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီက ရိက္ခာဖြတ်တောက်ထားတဲ့အပြင် အကူအညီပေးနေတဲ့၊အကူအညီပေးလိုတဲ့ နိုင်ငံတ ကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေကိုလည်း ကန့်သတ်၊ပိတ်ပင်ထားတယ်လို့ အဲဒီအဖွဲ့တွေနဲ့ စစ်ရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
“ကယ်ဆယ်ရေးက လုံး၀မလာတော့ဘူး အခုက။အရင်က လူကယ်ပြန်နဲ့ ICRC နှစ်ခုက ပေးနေတာပါ။အခု လူကယ်ပြ န်လည်း မရောက်ဘူး။ICRC ကိုလ ည်း အစိုးရက ဒီဖက်ကို မကျော်ရဘူး။ ရသေ့တောင်အလွန်ကို မကျော် ရဘူး၊ဆိုတော့ ကိုယ့်ဟာကိုယ် ရှားစားနေကြရတယ်။”လို့ ရသေ့တောင်မြို့နယ်၊စေတီ ပြင်စစ်ရှောင်စခန်းမှ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ အဲဒီလိုမျိုးဟင်း ခူး၊ငါးရှာအပါအဝင် နေ့စားအလုပ်တွေကိုလုပ်ပြီး ဝမ်းရေးရုန်းကန်နေကြပေမယ့် မလောက်မငှနဲ့အကြွေးတွေ တင်နေကြတယ်လို့ ဆိုကြပါတယ်။
“မျှစ်ခူးပါတယ်။တစ်ရက်မှာ နှစ်ထောင်ရ၊သုံးထော င်ရနဲ့ အဲဒီလို တစ်ရက်စာတ စ်ရက်ရှာစားနေကြရတာပါပဲ။ဒါမေပယ့် တစ်ရက်လုံးရှာမှ သုံးထောင်ဖိုး မရဘူးလေ။အဲတော့ မိသားစုတစ်စု တစ်ရက်မှာ သုံးထောင်နဲ့ စားလို့ မရဘူးလေ ။အကြွေးတွေ တင်တာပေ့ါ။”လို့ ကျောက်တော်မြို့နယ်၊ညောင်ချောင်းကယ် ဆယ်ရေးစခန်းမှ မဥမ္မာကျော်က ရိက္ခာပြတ်နေတဲ့ သူတို့ရဲ့စခန်း အခြေအနေကို ပြောပါတယ်။
အဲဒီလိုမျိုးဝမ်းရေးအတွက် ရုန်းကန်နေကြရတဲ့အ တွက် နာမကျန်းဖြစ်လာတဲ့အခါမျိုးတွေမှာတောင် ဆေးကုသဖို့ စရိတ်မတတ်နိုင်ဘူးဖြစ်နေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ ဦးကျော်သန်းက ပြောပါတယ်။
“မကျန်းမမာရေးဖြစ်လာရင် ပိုပြီးအခက်အခဲ ကြုံကြရပါတယ်။အခု ရာသီလုဖြစ်တဲ့အတွက် ချောင်း ဆိုးကြတယ်။ ဖျားကြတယ်။သိပ်အခက်အခဲဖြစ်ကြပါတယ်။ဆေးသမားတစ်ယောက်ဆီမှာ တောင်းပန်ခံ၊အသနားခံပြီး အကြွေးဆေးထိုးနေကြရတယ်။” လို့ ၎င်းက ဆိုပါတယ်။
အဲဒီလိုအခက်အခဲတွေကြောင့် လစဉ်ရိက္ခာပုံမှန်ထောက်ပံ့ပေးဖို့၊အကူအညီတွေပေးကြဖို့ ရခိုင်စစ်ဘေးဒုက္ခသည် တွေက တောင်းဆိုကြပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)ကလည်း ရခိုင်နဲ့ပလက်၀မြို့နယ်အတွင်းက စစ်ရှောင်တွေကို ထိရောက်တဲ့ကူညီပံ့ပိုးမှုတွေပေးဖို့အတွက် ခက်ခဲနေဆဲဖြစ်တ ယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီရဲ့လုံခြုံရေးဆိုင်ရာကန့်သတ်ချက်တွေကြောင့် အဲဒီလိုအကူအညီပေးဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
“နယ်မြေအများအပြားမှာ လုံခြုံရေးအ စီအမံတွေ တင်းကြပ်ထားပြီး ရေလမ်း၊ကားလမ်းတွေအပါ အဝင် ဆေးဝါးပစ္စ ည်းထောက်ပံ့မှုတွေ၊စားနပ်ရိက္ခာနဲ့တ ခြားသော လူသားချင်းစာနာမှုဆိုင်ရာ ထောက် ပံ့ရေးပစ္စည်းသယ်ယူပို့ ဆောင်ရေးတွေကိုလည်း ကန့်သတ်ထားပါတယ်။”လို့ ဩဂုတ်လ ၃၁ ရက်က ထုတ်ပြန်တဲ့ UNOCHA ရဲ့အပတ်စဉ် အစီရင် ခံစာမှာ ပြောထားပါတယ်။
ဒါ့အပြင် နီပွန်ဖောင်ဒေးရှင်းကနေ ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းထားတဲ့ ဆန်အိတ်ငါးသောင်းခွဲ ကျော်ကိုလည်း စစ်ကောင်စီရဲ့တားမြစ်ထားမှုကြောင့် ခုအချိန်အထိ လှူဒါန်းခွင့်မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက ခုလိုမျိုးစစ်ရှောင်တွေကို ရိက္ခာဖြတ်ထားတာ၊ကူညီရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုကို တား မြစ် ပိတ်ပင်ထားတာဟာ လူသားမျိုးနွယ်တွေအ ပေါ် ကြီးမားတဲ့ပြစ်မှုတစ်ခု ကျူးလွန်တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရခိုင်သုခက ဩဂုတ်လ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အစိုးရက ဆန်ရိက္ခာ ဖြတ်တောက်ထားတာ၊ကူညီရေးအဖွဲ့တွေကို ကန့်သတ်ထားတာတွေနဲ့ပတ်သက်လို့ မေးမြန်းဖို့ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ကျောက်တော်၊မြောက်ဦး၊ရသေ့တော င်၊မောင်တောစတဲ့မြို့နယ်တွေမှာနေရပ် စွန့်ခွာထွက်ပြေးလာကြရတဲ့ စစ်ရှောင်ပြည်သူတွေ ထောင်နဲ့ချီပြီး တိုးလာနေတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။
#BNA#ရခိုင်#စစ်ပွဲ#ဒေသခံ#ပြည်သူ#စစ်ဘေးရှောင်#AA#စစ်ကောင်စီ#
https://www.facebook.com/permalink.php?story_fbid=174453195102853&id=100076145194525