By Border News Agency/2022 September 21

#BNA#ရခိုင်#ကျောက်တော်#လက်နက်ကြီး#စစ်ကောင်စီ#စစ်တပ်#ပစ်ခတ်# (ဓာတ်ပုံ-၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကျောင်းသူလေးတစ်ဦး
ရခိုင်ပြည်၊ကျောက်တော်မြို့နယ်ရှိစစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်(စကခ) ၉ တပ်မမှပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားလေးဦးဒဏ်ရာရရှိသွားတယ်လို့ ကျေးရွာ သားတွေက ဆိုပါတယ်။
အဲဒီကျေးရွာဟာ ကျောက်တော်မြို့မြောက်ဘက် ကုလားတန်မြစ်အနောက်ဘက်ကမ်းမှာတည်ရှိပြီးစက်တင်ဘာလ ၂၀ရက်၊ဒီနေ့ညနေလေးနာရီကျော်
အချိန်ခန့်က နေအိမ်အတွင်းကျရောက် ပေါက်ကွဲခဲ့တာမို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလို့ သိရပါတယ်။
”အိမ်မှာ ထမင်းဝိုင်းပြီးစားနေတဲ့အချိန်မှာလက်နက် ကြီးက အိမ်တည့်တည့်ကိုတစ်လုံးကျတယ်။အိမ်ရှေ့ကိုတစ်လုံးကျတယ်။အိမ်ခြံထဲမှာတစ်လုံးကျတ ယ်။မိသားစုတစ်စုလုံးဒဏ်ရာရရှိသွားပါတယ်။”လို့ ရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ပြီးအသ က် ၆၅ အရွယ်၊ဒေါ်ဦးမြယဥ်၊အသက် ၄၄ နှစ်အရွယ်၊ဒေါ် ဦးယဥ်သန်း၊အသက် ၁ဂ နှစ်အရွယ်၊မောင်မျိုးနိုင်ဝင်းနဲ့အသက် ၁၄ နှစ်အရွယ် မောင်
မင်းအေးစိုးတို့ ဒဏ်ရာရရှိသွားကြတာလို့ ရွာသားတတွေက ဆိုပါတယ်။
အဲဒီအထဲက ဒေါ်ဦးမြယဥ်မှာ ကျော ကုန်းခါးဆစ်အနီးနဲ့ဝမ်းဗိုက်အနီး၊ဒေါ် ဦးယဥ်သန်းမှာ ဘယ်ဘက်လက်တံတောင်ဆစ်၊မောင်မျိုးနိုင်ဝင်းမှာ ဦးခေါင်းနဲ့ကျောကုန်း၊မောင်မင်းဟိန်းစိုးမှာ ဘယ်ဘက်လက်နဲ့ဝမ်းဗိုက်တို့မှာဒဏ်ရာအသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။
”တပ်မက တမင်တကာရွာထဲသို့ပစ်တာပါ။ရွာထဲသို့ ရည်ရွယ်ချက်ရှိရှိပစ်တာပါ။တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းမရှိပါဘူး။”လို့ ရွာသားတချို့က ဆိုပါတ ယ်။
အဲဒီဒဏ်ရာရရှိသူတွေကိုကျောက်တော်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံးသို့ ဆေးကုသဖို့ယူဆောင်ချင်ပေမယ့် စစ်ကောင်စီတပ်က လမ်းခရီးတွေကို ပိတ်ဆို့ကန့်သတ်ထားတာမို့ ယူဆောင်ရခက်ခဲနေတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲတွေမရှိဘဲကျေးရွာတွေထဲသို့ တမင်တကာရည်ရွယ်ချက်ရှိရှိလက်နက် ကြီးပစ်ခတ်မှုတွေကို မကြာခဏပြုလုပ်နေတယ်လို့
ရခိုင်ပြည်သူတွေနဲ့ရခိုင်အရေးလေ့လာသူတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ ၂၇ ရက်နေ့၊မနက်ကလည်း မောင်တောမြို့နယ်၊မင်းကြီးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၆၀ အရွယ်၊အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင်နောက်တစ်နေ့ သြဂုတ်လ၂၈ ရက်နေ့မှာလည်း မြောက်ဦးမြို့နယ်၊ကင်းဆိပ်ကျေးရွာသို့ မြောက်ဦးအခြေ စိုက် ခမရ ၃၇၇ တပ်ရင်းမှရည် ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်လေးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင်သုံးဦးသေဆုံးခဲ့ပြီးခုနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
နောက်ပြီးပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ရက်နေ့ညကလည်း မောင်တောတောင်ပြိုလက်ဝဲမြို့ရှိအာဏာ သိမ်းစစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်သို့ကျရောက်ပေါက်ကွဲပြီး ရိုဟင်ဂျာလူငယ်တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်အပါအဝင်မြန်မာတ စ်နိုင်ငံလုံးမှာ မြို့တွေ၊လူနေကျေးရွာတွေထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတွေ၊သက်ကြီးရွယ်အိုတွေ၊အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေ မကြာမဏသေဆုံးနေကြရပါတယ်။
https://www.facebook.com/permalink.php?story_fbid=178316001383239&id=100076145194525