By Narinjara /2022 September 9
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံစုကျေးရွာက ဒေသခံတစ်ဦး ဝါးခုတ်ဖို့သွားစဉ် မိုင်းထိပြီး ညာဘက်ခြေထောက်တစ်ဘက် ပြတ်သွားခဲ့တယ်လို့သိရပါတယ်။ မိုင်းထိဒဏ်ရာရရှိသူမှာ အသက် (၄၇) နှစ်အရွယ် ဦးဘရွှေ ဖြစ်ပြီး မနေ့က စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်က ရွာအနောက်ဘက်တောင်က ဝါးသွားခုတ်စဉ် မိုင်းထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။