ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ မြန်မာစစ်ရဟတ်ယာဉ်ကျူးကျော်ဝင်ရောက်

By Narinjara / 2022 August 31

မြန်မာဘက်က စစ်ရဟတ်ယာဉ်တစ်စီးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ပြီး ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဘင်္ဂလာမီဒီယာများတွင် သတင်းဖော်ပြသည်။

ယင်းကျူးကျော်ဝင်ရောက်မှုမှာ ယမန်နေ့ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံးဧရိယာထဲကို ဝင်ရောက်လာပြီး ဥယျာဉ်စိုက်ပျိုးနေသူကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု အိုကီးယားသတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ခေါင်းတုံးအုပ်စု ဥက္ကဋ္ဌ ဥယာဉ်ထဲတွင် အလုပ်လုပ်နေကြသည့် အလုပ်သမားများက ရဟတ်ယာဉ်တစ်စီးကို ဝင်လာသည်ကို တွေ့မြင်ရ၍ ကြည့်နေစဉ် လူတွေကို မြင်ပြီးနောက် ရဟတ်ယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ ယင်းပြင်ရဲဇူးကျေးရွာ အနီးနှင့်  ဂေါ်ဇင်နီယာအနီးတို့ အပါအဝင် တစ်ခြားနေရာများကိုလည်း ပစ်ခတ်ခဲ့သည်ဟု အိုကီးယားနယူးတွင် သတင်းဖော်ပြထားသည်။

လွန်ခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မြန်မာဘက်က မော်တာကျည် ၂ လုံး ကျရောက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5772249522787077

Leave a Reply

Your email address will not be published.