By Boder News Agency (BNA) / 2022 August 28





စစ်တွေမြို့၊အာရိယာန်ခန်းမမှာ ဩဂုတ်လ ၂၇ ရက်၊မနေ့က ညနေ ၅ နာရီကစပြီး ပြည်နယ်တွင်းရှိ လူမျိုးနွယ်စုဝင်တွေရဲ့ယဥ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေပါတဲ့ ဓာတ်ပုံပြပွဲနဲ့အတူ ဂီတဖျော်ဖြေပွဲကိုပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲကို ရခိုင်လူငယ်မျိုးဆက်သစ်အသင်း (AOANG)က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ပြည်နယ်တွင်း လူမျိုးနွယ်စုတွေရဲ့ ယဥ်ကျေးမှုနဲ့ ဓလေ့ထုံး တမ်းစဥ်လာတွေကို ဖော်ပြလိုတဲ့အတွက် ခုလို ဓာတ်ပုံပြပွဲလုပ်ရတာလို့ ဆိုပါတယ်။
အဲဒီပြပွဲသို့ လူငယ်အများအပြားလာရောက်ကြည့်ရှုခဲ့ကြပြီး ပန်းချီးကားတချို့အပါအဝင် ဓာတ်ပုံပေါင်း ၃၀ နီးပါး ခင်းကျင်းပြသခဲ့တာ ဖြစ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=189490633493251&id=107469705028678