By Development Media Group (DMG)/ 2022 August 31
ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးအနီးရှိ ဆိုင်ခန်းတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်အမှုတွင် တရားခံကိုဖော်ထုတ်နိုင်ပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင်ထုတ်ပြန်သည်။အဆိုပါမိန်းကလေးငယ်မှာ သြဂုတ်လ ၁၅ ရက်နေ့က ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်ခန်းအတွင်း ဓားထိုးသွင်းဒဏ်ရာ နှစ်ချက်၊ မျက်နှာနှင့် မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2378058215679909