By Western News/ 2022 August 31
စစ်အသုံးစရိတ်ကိုအထောက်အကူဖြစ်စေသည့် စစ်တပ်ထုတ်ကုန်များကို အာရက္ခပြည်သူများအနေဖြင့် ရောင်းချခြင်း၊ သုံးစွဲခြင်းများ မပြုကြရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများက ဩဂုတ် ၃၀ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်မှာ အများပြည်သူများအား လူ့အခွင့်ရေးချိုးဖောက်မှုတို့များစွာပြုလုပ်ထားပြီး ရခိုင်ဒေသတွင်းပြီးခဲ့သည့် ၂ နှစ်တာစစ်ပွဲအတွင်းကလည်း ပြည်သူများအား လူသားအဖြစ်အသုံးပြုမှု၊ နေအိမ်များအားမီးရှို့မှုတို့ကို ပြုလုပ်မှုရှိခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်ဆွင် ဖော်ပြပါရှိသည်။
လက်ရှိတကျော့ပြန်ဖြစ်လာသည့် စစ်ပွဲတွင်လည်း အာဏာသိမ်းစစ်တပ်မှ အကြမ်းဖက်လုပ်ရပ်များကိုပိုမိုကျူးလွန်လျက်ရှိိပြီး ရပ်ရွာများသို့ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှုဖြစ်နေရကြောင်း ဆိုထားသည်။
ထိုသို့ ရခိုင်ပြည်အတွင်းသာမက နိုင်ငံအနှံ့ လူ့အခွင့်ရေးချိုးဖောက်မှုတို့ကိုကျူးလွန်နေသည့် စစ်တပ်၏ ထုတ်ကုန်များမှာ ရခိုင်ပြည်ဒေသထဲတွင် အရောင်းသွက်နေဆဲဖြစ်သည့်အတွက် ရှောင်ရှားရန်လိုအပ်သည်ဟု ဒေသတွင်းလူငယ်အဖွဲ့အစည်းများက တောင်းဆိုလာကြခြင်းဖြစ်သည်။
ရခိုင်ဒေသတွင် အရောင်းသွက်လှသည့် စစ်တပ်ထုတ်ကုန်များမှာ Myanmar, Andaman တံဆိပ်ပါယမကာများ၊ Premiun Gold, Red Ruby တံဆိပ်ပါ စီးကရက်ဘူးများနှင့် Mytel ဆင်းကဒ်တို့ဖြစ်သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် AA အနေဖြင့်လည်း စစ်ကောင်စီထုတ် ကုန်ပစ္စည်းများကို သုံးစွဲခြင်းမပြုလုပ်ရန် စီစဥ်လျက်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားမှုတို့ရှိခဲ့သည်။
လက်ရှိဒေသတွင်း အခြေနေအရမှု အဆိုပါစစ်တပ်ထုတ်ကုန်အမျိုးအစား အားလုံးနီးပါးမှာ ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး၊ ပုံမှန်အတိုင်း သုံးစွဲမှုရှိနေကြဆဲဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/594597462346762